စစ်ကောင်စီရဲ့ လေကြာင့်တိုက်ခိုက်မှုကြောင့် ဇိုင်ချောင်းရွာ ဆရာတော်ကြီး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ရွာကို ဒီနေ့မနက် ၁၂ နာရီ ၁၀ မိနစ်ခန့်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင်နေတဲ့ ဇိုင်ချောင်းရွာ ဆရာတော်ကြီး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဆရာတော်ဟာ ဇိုင်ချောင်းရွာကျောင်းထိုင် ဆရာတော်ကြီး အသျှင် အာစိဏ္ဏ သက်တော် ၉၃ နှစ် ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၂ ရက် မနက်အစောတွင် စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ကျောက်ပြောက်ရွာက ဘုန်းတော်ကြီးကျောင်းကို ဗုံး ၂ လုံး ကျဲချခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ ကျဲချလိုက်တဲ့ ဗုံးဒဏ်ကြောင့် ကျောက်ပြောက်ရွာ ဘုန်းတော်ကြီးကျောင်းရှိ ဘုရားကျောင်းခန်း နဲ့ ဓမ္မာရုံတို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

Related posts

DLEPS ကို ဝင်လုပ်ဖို့ ရောက်လာတဲ့ ကလေး ၄ ယောက်ကို မိဘထံ ပြန်ပေး

နန်းကျားရွာ ဗုံးကြဲခံရလို့ သေဆုံးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ သမီးငယ် ၂ ဦး ကျန်ရစ်ခဲ့

‎ရက္ခိုင်စာသင်ရိုးထဲက နရာဓိပတိဘွဲ့ခံ ဘုရင်မင်းရာမင်းကြီး ဘဝကောက်ကြောင်း တစေ့တကြောင်း