ပဒိုမန်းရှာလားဖန်း အောက်မေ့ဖွယ် အခမ်းအနား KNU ကျင်းပ

အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆)

ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးမှု ၁၈နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ရက်တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အောက်မေ့ဖွယ်အခမ်းအနားကို KNU တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ့၊ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း အပါအဝင် တာ

ဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ပဒိုမန်းရှာလားဖန်း ကို စစ်ကော်မရှင်က လာရောက် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ KNU ရဲ့ ပဒိုမန်းရှလားဖန်း ကျဆုံးမှု အောက်မေ့ဖွယ် ဖော်ပြချက်မှာ အသိပေးထားပါတယ်။ 

ခေါင်းဆောင်ကြီး ပဒိုမန်းရှာလားဖန်း ကို အောက်မေ့တမ်းတသောအားဖြင့် ပဒိုမန်းရှာလားဖန်း ရှိစဉ်က မိန့်ကြားခဲ့ဖူးတဲ့ အဆိုအမိန့်များကို KNU အနေနဲ့ ပြန်လည် မျှဝေခဲ့ပါတယ်။

အဆိုပါ အဆိုအမိန့်များမှာ “ဘယ်နေရာမှာပဲရှိနေပါစေ တော်လှန်ရေးလုပ်ချင်တဲ့ စိတ်ရှိရင် လုပ်လို့ရတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ လုပ်လို့ရတယ်။ ဒါကြောင့် ကျနော်တို့အားလုံးတော်လှန်ရေး လုပ်ကြရမယ်။”

ပဒိုမန်းရှာလားဖန်း

နဲ့

“ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်။”

ပဒိုမန်းရှာလားဖန်း

စတာတွေပဲ ဖြစ်ပါတယ်။

ဓါတ်ပုံ-KNU

Related posts

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေဆုံ

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာအချို့

မြိုကျောင်းသားလူငယ်တွေ AA နဲ့ လက်တွဲပြီး အစွန်းရောက်ဝါဒကို ပြတ်ပြတ်သားသား တွန်းလှန်းတိုက်ထုတ်ဖို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂတိုက်တွန်း