အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၆)
ရက္ခိုင်ပြည် မင်းပြားမြို့နယ်တွင် မတ်လ ၁ ရက် မနက်ပိုင်းက ကားတိုက်ခံရလို့ အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ ထင်းရှာဖို့ဆိုပြီး ထွက်သွားတာ၊ လမ်းမှာ ကားတိုက်ခံလိုက်ရတယ်။ ပွဲချင်းပြီး ဆုံးသွားတယ်” လို့ မင်းပြားမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ကားတိုက်ခံရလို့ သေဆုံးသွားသူမှာ ရက္ခိုင်ပြည် မင်းပြားမြို့နယ် တောင်ရှည်ပြင်ရွာနေ အသက် ၆၀ အရွယ် ဦးမောင်စိန် ဖြစ်တယ်လို့လည်း သိရပါတယ်။
“ မြေပုံဖက်ကနေ သဲတွေတင်လာတဲ့ တေဘာကားနဲ့ တိုက်မိတာ။ တိုက်တဲ့နေရာကတော့ ဂေါက်ကွေ့လို့ခေါ်တဲ့ တောင်တက်လမ်းမှာ ဖြစ်တာ” လို့ သူက ဆက်ပြောပါတယ်။
တေဘာကား မောင်နှင်သူကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီးထားပြီး တရားဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ယာဉ်အန္တရာယ် ကင်းစင်ရေးအတွက် ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ယာဉ်စည်းကမ်း ၁၀ ချက်နဲ့ ယာဉ်မောင်းများအတွက် စည်းကမ်း ၁၉ ချက်တို့ကို လိုက်နာရန် အသိပေး ထုတ်ပြန်ထားပါတယ်။
3 Comment
В каталоге представлены проверенные провайдеры и актуальные игровые новинки.
Casino Pinco
Выбирая 7v4.casino, вы получаете надежный доступ к миру онлайн-казино.
https://lexxfingermarche.com/member/login.html?noMemberOrder=&returnUrl=https%3A%2F%2Fwww.asantesanaforeducation.com%2Fprofile%2Fshelbycruz2499191%2Fprofile
https://zookompleks.ru