သွားရောဂါသည် ၁၂၀ ကို AA စမ်းသပ်စစ်ဆေး၊ ၈၅ ယောက်ကို ကုသပေးခဲ့

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက စစ်ဘေးရှောင်ပြည်သူ သွားရောဂါဝေဒနာရှင် ၁၂၀ ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သွားရောက်စမ်းသပ် စစ်ဆေးပေးခဲ့ပြီး ၈၅ ယောက်ကိုတော့ ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။

“စစ်ရှောင်သွားရောဂါဝေဒနာရှင် စုစုပေါင်း ၁၂၀ ကို အခမဲ့ စမ်းသပ်ကုသပေးခဲ့ပြီး သူတို့အထဲက ၈၅ ယောက်ကို သွားနှုတ်၊ သွားဖာ ကုသခြင်းများ ပြုလုပ်ပေးခဲ့တယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။

အဆိုပါ စစ်ဘေး‌ရှောင် သွားရောဂါဝေဒနာရှင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သွားနဲ့ ခံတွင်း ဆရာဝန်များက သွားရောက် ကုသပေးခဲ့တာလို့လည်း သိရပါတယ်။

အာရက္ခပြည်သူကျန်းမာရေးဌာနအနေနဲ့ မိုးရာသီတွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်တားဆီးရေးအတွက် ခြင်လောက်လန်းသတ်ဆေး (Abate) များ၊ ခြင်သတ်ဆေး (Malathion) များ၊ ကုသရေးအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ ဆေးဝါးတွေကို ကြိုတင်စုဆောင်းထားရှိပြီး ကုသပေးနေတယ်လို့လည်း သိရပါတယ်။

အလားတူ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက စစ်ဘေးရှောင်ပြည်သူတွေကို မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

“စိမ်းလန်းစီ” အဖွဲ့ မြောက်ဦးတွင် နှစ်ရှည်ပင် ထပ်မံစိုက်ပျိုး

မြောက်ဦးက ရေမြုပ်ခဲ့တဲ့ သောက်ရေကန်တွေကို ပြန်လည်တူးဖော်ပေးနေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ငါးကြိမ်မြောက်အလှူကို HDCO က ရေဘေး‌အတွက် ပြန်လည်လှူဒါန်းပေး