AA သည် မြန်မာ့စစ်အုပ်ချုပ်ရေးအား ချိုးဖျက်မည့် အဓိကသော့ချက်

က္ခိုင်ပြည်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် နီးစပ်နေပြီး ဧရာဝတီအလယ်ပိုင်းအထိ ခြိမ်းခြောက်လာသည့် တော်လှန်ရေးတပ်ဖွဲ့

အန်သိုနီ ဒေးဗစ် Anthony Davis

ပွင့်လင်းရာသီစစ်ဆင်ရေး အရှိန်မြင့်တက်လာသည်နှင့်အမျှ၊ မြန်မာ့ပြည်တွင်းစစ်အပေါ် အရေးပါဆုံးမေးခွန်းမှာ AA ၏ ဗျူဟာမြောက်ရည်မှန်းချက်များဖြစ်သည်။ နိုင်ငံတွင်း “ အင်အားကြီးအဖွဲ့” အဖြစ် ရပ်တည်နေသည့် AA ၏ နောက်ဆုံးရည်ရွယ်ချက်ကား အဘယ်နည်း။

တစ်နှစ်ကျော်ကြာမြန်မာ့အကြမ်းဖက်စစ်တပ်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် အနောက်ဖက်ကမ်းရိုးတန်းရှိ မိခင်ဒေသ ရက္ခိုင်ပြည်ကို အထူးထိန်းချုပ်နိုင်လာနိုင်သည့် ရက္ခိုင်တိုင်းရင်းသားများ၏ အာရက္ခတပ်တော် (AA) သည် (SAC) အာဏာရှင်ကို တိုက်ခိုက်လျက်ရှိသည့် အခြားတိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကြား မှန်ကန်ပြီး ထူးခြားသော နေရာတစ်ခုတွင် ရပ်တည်နေသည်။

AA သည် စစ်အင်အား၊ ပထဝီအားသာချက်နှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများအပေါ် ဗျူဟာမြောက်လွတ်လပ်မှုတို့ကို ပေါင်းစပ်ထားသည့် တစ်ခုတည်းသော တပ်ဖွဲ့ဖြစ်ကာ မြန်မာ့စစ်မြေပြင်ကို အဆုံးအဖြတ်ပေးနိုင်သည်။

ထက်မြက်သော ရက္ခိုင်အမျိုးသားရေးခေါင်းဆောင် ဦးထွန်းမြတ်နိုင် (၄၆ နှစ်) ဦးဆောင်သည့် အတွေ့အကြုံရင့် စစ်သည်အင်အား ၃၀,၀၀၀ ကျော်ပါဝင်သည့် AA ၏ လာမည့်ရက်ပိုင်းအတွင်း လှုပ်ရှားမှုများသည် ၂၀၂၁ ဖေဖော်ဝါရီစစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ်ကြောင့် နိုင်ငံပြိုကွဲပြီး လူ၃သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် အခြေအနေကို အဆုံးအဖြတ်ပေးနိုင်လိမ့်မည်ဖြစ်သည်။

နောက်ဆုံးခံတပ်မှတိုက်ပွဲနှစ်ခု

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်တွင် စတင်ခဲ့သော တိုက်ပွဲများသည် မြောက်ပိုင်းတွင်တိုက်ပွဲ ဝင်နေသည့်  ကိုးကန့်နှင့် တအောင်း(ဝ်) မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးချဲ့ထွင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။ AA သည် SAC တပ်များအား ရခိုင်ပြည်နယ်မှ အပြီးအပိုင် မောင်းထုတ်ရန် နီးစပ်နေပြီဖြစ်သည်။

သို့သော်၊ AA သည် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေနှင့် တောင်ဘက် ၁၁၀ ကီလိုမီတာအကွာ ကပ္ပလီပင်လယ်ကမ်းခြေရှိ ကျောက်ဖြူမြို့၊ ဓညဝတီရေတပ်စခန်းနှင့် တရုတ်တည်ဆောက်ထားသည့် ရေနက်ဆိပ်ကမ်းနှင့် သဘာဝဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းများ တည်ရှိနေသည့်အထူးစီးပွားရေးဇုန် (SEZ) တို့တွင် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။ (SAC ထိန်းချုပ်ထားသည့် မြန်အောင်ကျွန်းမှာ စစ်ရေးအရ အရေးပါမှုမရှိသလောက်ဖြစ်သည်။)

ထို့အပြင်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ AA နှင့် PDF မဟာမိတ်များသည် ရခိုင်ရိုးမတောင်တန်းကို ဖြတ်ကာ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မြန်မာ့အလယ်ပိုင်းသို့ စစ်ရေးချဲ့ထွင် လာခဲ့သည်။

ဤအခြေအနေတွင်၊ AA ခေါင်းဆောင်များအနေဖြင့် လူအင်အား၊ ထောက်ပံ့ရေးနှင့် ဗျူဟာမြောက်ရည်မှန်းချက်များအရ နှစ်ဖက်စလုံးတွင် အပြည့်အဝအောင်နိုင်ရန် ခက်ခဲမည်ဖြစ်ပြီး တစ်ဖက်ကို ဦးစားပေးရမည်ဖြစ်သည်။

မည်သည့်တိုက်ပွဲမျက်နှာကို ဦးစားပေးမည်ဆိုသည့် ဆုံးဖြတ်ချက်သည် ယခုနှစ်နှောင်းပိုင်းနှင့် နောင်လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံ၏ စစ်ရေးအခြေအနေကို အဓိကသက်ရောက်မှု ရှိစေနိုင်သည်။

ကမ်းရိုးတန်းတိုက်ပွဲများ

ရခိုင်ပြည်နယ်လွတ်မြောက်ရေးဆိုသည့် သမိုင်းဝင်တာဝန်ကို အပြီးသတ်ရန် အာရုံစိုက်ပါက၊ မေလမိုးကာလမကျရောက်မီ စစ်တွေနှင့် ကျောက်ဖြူမြို့များကို အမြန်ဆုံးသိမ်းပိုက်ရန် အကြီးစားတိုက်ပွဲများ ဆင်နွှဲရမည်ဖြစ်သည်။

အရှေ့ဘက်စစ်မျက်နှာတွင် အမျိုးသားနယ်မြေအတွင်းသို့ အနည်းငယ်စီ ချဉ်းနင်းဝင်ရောက်မှုများက တဖြည်းဖြည်း ပါးလျလာနေသည့် စစ်တပ်အား မညီမညွတ်ဖြစ်စေပြီး အာရုံထွေပြားစေရန် အထောက်အကူဖြစ်လာစေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ရက္ခိုင်ပြည်အလယ်ပိုင်း အမ်းမြို့ရှိ စစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျဆုံးပြီးနောက်၊ ရက္ခိုင်ပြည်၏ မြို့တော်ကို သိမ်းပိုက်နိုင်ပါက ၂၀၀၉ ခုနှစ်မှ စတင်၍ တည်ထောင်ခဲ့သော တိုင်းရင်းသားလှုပ်ရှားမှုအတွက် ပကတိအရေးပါသော သင်္ကေတနှင့် နိုင်ငံရေးအဓိပ္ပာယ်ရှိလာမည်ဖြစ်သည်။

ကျောက်ဖြူမြို့ကို သိမ်းပိုက်နိုင်ပါက SAC ၏ စစ်ရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့ ပေးနေသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့ သိုလှောင်ရာများနှင့် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် အနောက်တောင်ဒေသအတွက် အရေးပါဆုံးသော ပိုက်လိုင်းများ၏ တောင်ဘက်အဆုံးစွန်းကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

သို့သော်၊ ဤဆိပ်ကမ်းမြို့နှစ်ခုအနက် တစ်ခုကိုမဆို (သို့မဟုတ် နှစ်ခုလုံးကို) တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းမှုမှာ အန္တရာယ်များစွာ ပါဝင်သည်။ ထိုဆိပ်ကမ်းမြို့နှစ်ခုလုံးကို အင်အားတိုးချဲ့ထားသည့် စစ်စခန်းများက ကာကွယ်ထားပြီး တစ်ခုစီတွင် ရေတပ်၊ လေတပ်မှ အကူအညီရယူနိုင်သည့် ထောင်နှင့်ချီသော စစ်သည်များ တပ်စွဲထားသည်။ ထို့အပြင် စစ်ဆင်ရာ၌ သမုဒ္ဒရာဘက်ကို နောက်ကျောထားပြီး တိုက်ပွဲဝင်နိုင်ကြသည်။ ထို့အပြင် သမုဒ္ဒရာအတွင်းရှိ တပ်ရင်းများမှ အထောက်အပံ့ပေးသော ပြင်းထန်သော ပစ်ခတ်မှုများနှင့် မတားဆီးနိုင်သည့် လေကြောင်း စွမ်းအားတို့ကို အခွင့်ကောင်းယူ တိုက်ခိုက်နိုင်သည်။

၂၀၂၄ ခုနှစ် ဒုတိယပိုင်းတွင် အခြားရခိုင်ကမ်းရိုးတန်းမြို့များ (အထူးသဖြင့် ငပလီ၊ မောင်တော နှင့် မောင်ရွှေလေးရှိ ရေတပ်စခန်း) ၏ အခြေအနေများက AA တပ်ဖွဲ့များ နောက်ဆုံးတွင် အနိုင်ရနိုင်သည်ဟု ညွှန်းဆိုနေသည်။

သို့သော် မြန်မာနိုင်ငံမြောက်ပိုင်းမှ လမ်းကြောင်းမသေချာသည့် မျှော်လင့်ချက်နည်းသော ထောက်ပို့လမ်းကြောင်းများအတွင်း အကန့်အသတ်ရှိသည့် လက်နက်ခဲယမ်းပစ္စည်းများ စီးဆင်းမှု အားလျော့လာနိုင်သည်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်။ လူသားအရင်းအမြစ် ဆုံးရှုံးမှုမှာလည်း ပြင်းထန်လိမ့်မည်။ အသေအပျောက်မှာ ထောင်ဂဏန်းအထိ ရှိနိုင်ပြီး ဒဏ်ရာရသူ ၁၀,၀၀၀ အထိ ရှိနိုင်သည်။

၂၀၂၃ ခုနှစ်လောက်မှစတင်ပြီး ၁၅ လကြာ တင်းမာသော တိုက်ပွဲများအတွင်း ပါဝင်ခဲ့ပြီး ထောင်ကျော်သော တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့သော တော်လှန်ရေးတပ်ဖွဲ့တစ်ရပ်အတွက်၊ ထပ်မံကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည့် အလားအလာမှာ စဉ်းစားရခက်စေပြီး တားဆီးနိုင်သည်အထိ ဖြစ်နိုင်သည်။

ထို့အပြင် အနိုင်ရပြီးနောက်ပိုင်းတွင်ပင် လများစွာကြာမြင့်သော မြို့ပြတိုက်ပွဲများအပြီးတွင် AA တပ်ဖွဲ့သည် စီးပွားရေးအနာဂတ် ပြန်လည်တည်ဆောက်မှုအတွက် အရေးကြီးသော အဆောက်အအုံများ ပျက်စီးသွားပြီးသား မြို့များ၊ အိမ်ယာများ၊ စက်မှုဖွံ့ဖြိုးရေးဇုန်များကို ထိန်းချုပ်ရမည့်အခြေအနေတွင် ရောက်ရှိလာနိုင်သည်။

မျက်စိကျနေသောဗဟိုချက်

ထွန်းမြတ်နိုင်နှင့် သူ၏ စစ်ရေးအကြံပေးများ မုချသုံးသပ်ထားမည့် အခြားမဟာဗျူဟာတစ်ခုမှာ AA ၏ စစ်ရေးရေချိန်ကို ကမ်းရိုးတန်းဒေသဆုတ်ခွာခဲ့ပြီး ရက္ခိုင်ရိုးမ တလျှောက် အရှေ့ဘက်စစ်မျက်နှာအထိ တိုးချဲ့ခဲ့ကာ အဲဒီမှတစ်ဆင့် အထက်မြန်မာပြည်၏ စက်မှုနှင့် စိုက်ပျိုးရေး အချက်အချာဒေသများဖြစ်သည့် ဧရာဝတီမြစ်ဝှမ်းဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသများ ဆီသို့ တိုးချဲ့တိုက်ခိုက်ရန် ဖြစ်နိုင်ခြေကို အလေးအနက်ထား စဉ်းစားမိမည်မှာသေချာပေါက် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ စစ်တွေနှင့် ကျောက်ဖြူမြို့များကို အပြည့်အဝ မတိုက်ခိုက်ဘဲ အနည်းငယ်သော စစ်ဆင်မှုများကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် စစ်တပ်ရဲ့ ခံစစ်တပ်များကို ချည်နှောင်ထားနိုင်ပြီး လွတ်မြောက်ပြီးသား နယ်မြေများဆီသို့ ပြန်လည်တိုက်ခိုက်မှုများ မပြုလုပ်ရန် တားဆီးနိုင်မည် ဖြစ်သည်။

စစ်ရေးအမြင်ဖြင့်သာ တွေးဆ၍မည်ဆိုပါက၊ အရှေ့ဘက်စစ်ဆင်ရေးသည် အားသာချက်များစွာ ရှိသည်။ အထင်ရှားဆုံးမှာ ရက္ခိုင်ရိုးမ၏ ရေမှော်ဒေသမှ ဧရာဝတီမြစ်ဝှမ်းသို့ အတော်အတန် အနီးစပ်ဆုံး အကွာအဝေးရှိခြင်းကြောင့် အရေးကြီးသော ပစ်မှတ်များနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို အမြန်ဆုံး ရောက်ရှိနိုင်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ အရှေ့ဘက်စစ်မျက်နှာ၏ ရှည်လျားလှသော အကွာအဝေး မြောက်ဘက်ရှိ မကွေးမှ တောင်ဘက်ရှိ မြစ်ဝကျွန်းပေါ်ဒေသအထိ ကီလိုမီတာ ၃၅၀ ကျော် – သည် အဓိကတိုက်စစ်ဆင်နိုင်သည့် လမ်းကြောင်းများစွာကို ဖန်တီးပေးနိုင်သဖြင့် စစ်အစိုးရ၏ တုံ့ပြန်မှုများကို ပိုမိုရှုပ်ထွေးစေနိုင်သည်။

အကယ်၍ AA တပ်ဖွဲ့များသည် ကြီးမားသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြင့် တောတွင်းလမ်းကြောင်းများမှတဆင့် တိုက်ခိုက်ဝင်ရောက်ကာ စစ်အစိုးရ၏ ကာကွယ်ရေးစုစည်းမှုများကြားနှင့် နောက်ဘက်တွင် ကစဉ့်ကလျားဖြစ်အောင် လုပ်ဆောင်နိုင်ပါက၊ စစ်တပ်အနေဖြင့် အဆိုပါ ရှုပ်ထွေးပြီး စိန်ခေါ်မှုများပြည့်နှက်နေသော တိုက်ခိုက်ရေးလှုပ်ရှားမှုများအတွင်း တုံ့ပြန်ဆောင်ရွက်ရန် အတော်လေး အခက်အခဲများ ရင်ဆိုင်ရနိုင်ပါသည်။

ပထဝီအနေအထားအပြင် အရှေ့ဘက်စစ်မျက်နှာတွင် AA ၏ ကွပ်ကဲမှုအောက်တွင် လှုပ်ရှားနေသည့် မဟာမိတ် ချင်း နှင့် ဗမာ PDF တပ်ဖွဲ့များ (တိုးချဲ့လျက်ရှိသော) နှင့် စစ်ရေးဝန်ထုပ်များကို မျှဝေရနိုင်သည်ဆိုသည့် အရေးကြီးသောအထူးအားသာချက်တစ်ရပ် ကိုလည်း ပေးစွမ်းနေသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ စမ်းသပ်တိုးချဲ့မှုများက SAC ၏ အရှေ့ဘက်စစ်မျက်နှာရှိ အားနည်းချက်များကို ထင်ရှားစေခဲ့ပြီးဖြစ်သည်။ AA ဦးဆောင်သော တပ်ဖွဲ့များသည် မကွေးတိုင်း၊ အမ်းနှင့် မင်းဘူးအကြားရှိ မဟာမိတ်လမ်းပေါ်ရှိ ငဖဲမြို့နယ်အတွင်းတွင် တဖြည်းဖြည်း အောင်မြင်မှုရရှိခဲ့သလို၊ တောင်ဘက်တွင်လည်း ရက္ခိုင်ကမ်းရိုးတန်းရှိ တောင်ကုတ်မြို့မှ ဧရာဝတီမြစ်ကမ်းရှိ ပဒေါင်းမြို့သို့ ဆက်သွယ်ထားသော လမ်းတလျှောက်တွင် တိုးတက်မှုများ ရရှိခဲ့သည်။

တိုက်စစ်လမ်းကြောင်းနှစ်ခုစလုံးတွင် တော်လှန်ရေးတပ်ဖွဲ့များသည် စစ်တပ်၏ ကာကွယ်ပစ္စည်းစက်ရုံများ (ကပစ) လက်အောက်ရှိ ထောက်ပံ့ရေးအရ အရေးပါသည့် စစ်စက်မှုစခန်းများကို ခြိမ်းခြောက်လာနိုင်သည်။

လာမည့်ရက်အနည်းငယ်အတွင်း အရေးပေါ် အန္တရာယ်ကျရောက်နိုင်သည့် ဥသျှစ်ပင်မြို့ သည် အရှေ့-အနောက် တောင်ကုတ်-ပန်းတောင်းလမ်းနှင့် တောင်-မြောက် ဧရာဝတီမြစ်အနောက်ကမ်း ပေါ်မှ လမ်းမကြီးကြားဖြတ်ပေါင်းဆုံရာတွင်တည်ရှိပြီး၊ ကပစ စက်ရုံအချို့စုဝေးနေသည့်ဒေသ၏ အလယ်ဗဟိုဖြစ်သည့်အပြင် မြစ်ကမ်းမှ သုံးဆယ်မိနစ်အတွင်း ကားမောင်းနှင်၍ရရှိနိုင်သော အကွာအဝေးသာရှိသည်။

တောင်တန်းဒေသများမှ ချီတက်လာနေသည့် AA တပ်များက ဥသျှစ်ပင်မြို့ကို သိမ်းပိုက်ပါက နေပြည်တော်အစိုးရအတွက် ကြီးမားသော စစ်ရေးအရှုံးတစ်ရပ် ဖြစ်လာမည်မှာ သေချာသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ် ဆန်စပါးအချက်အချာဒေသသို့ ခြေကုပ်ယူလာသည့် စမ်းသပ်တိုက်ခိုက်မှု များသည် AA အတွက် အားနည်းချက်ဖြစ်သော စစ်ကောင်စီ ရေတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများခံရသည့် ကမ်းရိုးတန်းဒေသမှဝေးရာဖြစ်သော ကုန်းတွင်းပိုင်း မြို့နယ်များဖြစ်သည့် လေးမျက်နှာ၊ ရေကြည်နှင့် သာပေါင်းမြို့များဆီ ထိုးစစ်ဆင်လာခဲ့ပြီဖြစ်သည်။ ထိုမြို့နယ်များသည် တောင်-မြောက် တစ်ကြောတည်း လခြမ်းကွေးပုံစံတည်ရှိနေကြသည်။

ထိုတိုက်ပွဲများအားလုံးတွင် တပ်မတော်၏ ကာကွယ်ရေးများသည် လေတပ်ကို အားထားရသော်လည်း အများအားဖြင့် ထိရောက်မှုမရှိဟု မြင်ရသည်။

မြေပုံပြန်ဆွဲခြင်း

အရှေ့ဘက်စစ်မျက်နှာတွင် စမ်းသပ်တိုက်ခိုက်မှုများ၏ စစ်ရေးအကျိုးကျေးဇူးများသည် ပို၍ရှင်းလင်းလာနေသော်လည်း ၎င်းတို့၏ နိုင်ငံရေးအရ ရေရှည်အကျိုးဆက်များမှာ ပို၍ရှုပ်ထွေးနေဆဲဖြစ်သည်။

AA အနေဖြင့် ရက္ခိုင်ပြည်ကို လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးထက် ကျော်လွန်၍ ဗဟိုနယ်မြေအတွင်းသို့ စစ်ဆင်နိုင်သည့် မဟာဗျူဟာတစ်ရပ်ကို အားကိုးလာခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ရာတွင် AA ကို အဓိကအခန်းကဏ္ဍမှ ပါဝင်စေမည်ဖြစ်သည်။ တနည်းဆိုသော်၊ AA သည် “ ဘုရင်ဖြစ်စေသူ” (Kingmaker) အဖြစ် ရပ်တည်လာနိုင်သည်။

AA ခေါင်းဆောင်ပိုင်းကလည်း ဤအခင်းအကျိုးမျိုးကို အရိပ်အမြွတ်ပြောခဲ့ဖူးပါသည်။ AA ခေါင်းဆောင် ထွန်းမြတ်နိုင်က ၂၀၂၄ ခုနှစ်တွင် The Irrawaddy ကို ပြောကြားခဲ့သည်မှာ—

“ ကျွန်ုပ်တို့၏ ရည်မှန်းချက်များကို ဒေသအဆင့်တွင်သာ ကန့်သတ်ထားပါက အောင်မြင်မှုကို ထိခိုက်စေနိုင်သည်။ ပြည်ထောင်စုတစ်ခုလုံးနှင့် ပတ်ဝန်းကျင်အခြေအနေများကို ထည့်သွင်းစဉ်းစားသည့် ကျယ်ပြန့်သောရှုထောင့်မှ ချဉ်းကပ်ရမည်။” ဟူ၍ဖြစ်သည်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း “ ဖက်ဆစ်အာဏာရှင်စနစ် မြန်မာ့မြေပုံပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားမှသာ ပြည်သူများ လုံခြုံမည်။” ဟုပြောခဲ့ဖူးသည်။

၂၀၂၄ ခုနှစ်အတွင်းက ပြည်တွင်းမီဒီယာ တစ်ခုကို ဖြေကြားရာ၌လည်း “စစ်ကောင်စီကို အပြီးတိုင် ရှင်းလင်းနိုင်မှသာ လွတ်လပ်ရေးနဲ့ လုံခြုံရေး အာမခံချက်ရှိမယ်လို့ ကျွန်တော် အလေးအနက် ပြောကြားလိုပါတယ်” ဟု ဖြေကြားခဲ့ပါသည်။

ယနေ့အချိန်မှာတော့ စစ်ရေးတိုးတက်မှုများသည် အလျဉ်မီလာပြီဖြစ်ပြီး တချိန်က ပြောခဲ့သည့် နိုင်ငံရေးစကားလုံးများသည် နားထောင်ကောင်းရုံသပ်သပ်ထက်ပင် ပိုမို သာလွန်ကောင်း သာလွန်လာနိုင်သည်။ လာမည့် သီတင်းပတ်များအတွက် AA ၏ အရှေ့ဘက်ထိုးစစ်သာ အရှိန်ရလာပါက မဟာဗျူဟာနှင့် နိုင်ငံရေးအရ ပိုမိုကြီးမားသည့် သက်ရောက်မှုများက ရှမ်းမြောက်နှင့် မန္တလေးရှိ ၁၀၂၇ စစ်ဆင်ရေးကဲ့သို့ပင် ပြည်တွင်းစစ်ကို အံ့သြဖွယ်ပုံစံပြောင်းသွား နိုင်ခြေ ရှိနေသည်။

၂၀၂၃ ခုနှစ် နောက်ပိုင်းမှစ၍ ‘စစ်ကောင်စီသည် နယ်စပ်များကို ဆုံးရှုံးသွားပြီးနောက် မြန်မာပြည်အလယ်ပိုင်းသို့ ဆုတ်ခွာသွားပြီး အခိုင်အမာ ခံတပ်ချထားနိုင်သည်’ ဆိုသည့် ထင်မြင်ချက်မှာလည်း မှုန်ဝါးသွားပြီဖြစ်သည်။ ရက္ခိုင်ဦးဆောင်သည့် တပ်များသည် နိုင်ငံအနောက်ပိုင်းရှိ အဓိက မျက်နှာစာများကို ထိုးဖောက်လာပြီးနောက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများသို့ စိမ့်ဝင်လာပြီဖြစ်သည်။

AA တပ်များနှင့် ပဲခူးရိုးမ အလယ်ကြောတလျှောက်ရှိ KNLA ၏ထိုးစစ်တပ်များသာ အပြိုင် ထိုးစစ်ဆင်လာလျှင် စစ်ကောင်စီ၏ ခံတပ်ဟု ထင်ရသောဧရိယာသည် အလယ်တည့်တည့်မှ နှစ်ခြမ်းကွဲသွားမည် ဖြစ်သည်။

ပဲခူးရိုးမ အရှေ့ပိုင်း၌ ရန်ကုန်နှင့် နေပြည်တော်ကို ချိတ်ဆက်ထားသည့် စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိ KNLA ဦးဆောင်သည့် တိုက်ပွဲများသာ အရှိန်မြင့်လာမည်ဆိုလျှင် ရန်ကုန်မြောက်ပိုင်းကို ချိတ်ဆက်ထားသည့် အဆိုပါ လမ်းကြောင်းမှာလည်း လအနည်းငယ်သာကြာနိုင်တော့မည်ဟု ဆိုရမည်။

တချိန်တည်းတွင် AA ၏ ဧရာဝတီမြစ်ဝှမ်းဒေသထိုးစစ်မှာလည်း မြန်မာပြည် မြောက်အလယ်ပိုင်း တလျှောက် အရှိန်ပိုမြင့်လာပြီး မကွေးမှသည် အရှေ့ဘက်ရှိ နေပြည်တော်နှင့် မန္တလေးအကြားရှိ အညာဒေသအထိ ကျယ်ပြန့်လာနိုင်သည်။

တရုတ်ကိုချွေးပြန်စေခြင်း

၂၀၂၄ ခုနှစ် ဩဂုတ်လကတည်းက SAC ကို ထောက်ခံလာသော တရုတ်အစိုးရအတွက် ထိုတိုးတက်လာသောစစ်ရေးအခြေအနေများသည် သတင်းကောင်းအဖြစ် လက်ခံနိုင်မည် မဟုတ်ပါ။

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေများကို မှားယွင်း၍ ခန့်မှန်းမိသည့်အတွက်ကြောင့် အလွန်အရေးကြီးသော မအောင်မြင်မှုတစ်ခုအဖြစ် မှတ်တမ်းဝင်သွားနိုင်ပြီး တရုတ်သံအမတ်များအနေဖြင့် မြန်မာပြည်မြောက်ပိုင်း၌ အပစ်အခတ် ရပ်စဲရေးတစ်ရပ်ရယူရန် ကြိုးပမ်းလျက်ရှိသည်။ အကောင်အထည်ဖော်ရန်မဖြစ်နိုင်သာ ဤကြိုးပမ်းချက်သည် တရုတ်နယ်စပ် လုံခြုံရေး၊ မြန်မာပြည်ထဲရှိ တရုတ်အကျိုးစီးပွားများ၊ ရပ်ဝန်းနှင့်လမ်း စီမံကိန်းနှင့် ဆက်စပ်နေသည့် ဗျူဟာမြောက် ပထဝီရည်မှန်းချက်များအတွက် SAC သက်ဆိုးရှည်ရန် အားထုတ်နေခြင်းလည်း ဖြစ်သည်။

တရုတ်ဩဇာလွှမ်းမိုးမှု အပြင်းထန်ဆုံးဖြစ်သော မြောက်ပိုင်းဒေသတွင်ပင် ထိုကြိုးပမ်းမှုများသည် ဆန့်ကျင်သောရလဒ်ကိုသာ ရင်ဆိုင်နေရသည်။ ကိုးကန့်အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ဇန်နဝါရီလတွင် စစ်ရပ်စဲရန် သဘောတူခဲ့သော်လည်း၊ ၂၀၂၄ ခုနှစ် ဩဂုတ်လက တစ်လကြာ သွေးချောင်းစီးတိုက်ပွဲအပြီး သိမ်းပိုက်ခဲ့သည့် တရုတ်နိုင်ငံ၏ အဓိကကုန်သွယ်ရေးလမ်းကြောင်း​ပေါ်ရှိ လားရှိုးမြို့ကို SAC သို့ အလွယ်တကူ ပြန်လည်အပ်နှင်းရမည်ဆိုသည့် တောင်းဆိုမှုများကို ဆက်လက်ငြင်းဆန်နေဆဲ ဖြစ်သည်။

AA ၏ အခြား မဟာမိတ် တစ်ဖွဲ့ဖြစ်သော TNLA နှင့် မြန်မာစစ်ကောင်စီအကြား ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဘေဂျင်း၏ ကြားဝင်ဆောင်ရွက်မှုများမှာလည်း အရာထင်ခြင်း မရှိသေးပေ။

TNLA တပ်ဖွဲ့သည် ၂၀၂၄ ခုနှစ် ဇူလိုင်လက သိမ်းပိုက်ခဲ့သည့် မန္တလေးမြောက်ဘက်ရှိ ပတ္တမြားမြေဖြစ်သော မိုးကုတ်မြို့မှ ဆုတ်ခွာရန် လုံးဝဆန္ဒမရှိကြောင်း ပြသနေသည်။ တစ်ဖက်တွင်လည်း SAC သည် TNLA နှင့် မဟာမိတ် PDF တပ်ဖွဲ့များ ထိန်းချုပ်ထားသော မြို့များရှိ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ အကြမ်းဖက် ခြေကုတ်ယူမှုကို ပိုမိုအရှိန်မြှင့်လျက်ရှိသည်။

တရုတ်နယ်စပ်မှ ကီလိုမီတာ ၆၀၀ ခန့်အကွာတွင် လှုပ်ရှားတိုက်ခိုက်နေပြီး SAC တပ်ဖွဲ့များနှင့် နေ့စဉ်တိုက်ပွဲများ ရင်ဆိုင်နေရသည့် AA တပ်ဖွဲ့သည် မြောက်ပိုင်းရှိ မိတ်ဖက်များထက် တရုတ်၏ အင်အားသုံး ဖိအားပေးမှုများကို ပိုမို၍ခံနိုင်ရည်ရှိသည်။

အမှန်စင်စစ်၊ မကြာသေးမီကာလများအတွင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံရှိ ထိပ်တန်းစီးပွားရေးဇုံ တစ်ခုဖြစ်သည့် ကျောက်ဖြူမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများ စတင်လာခြင်းက တရုတ်နိုင်ငံ၏ AA အပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်း အကန့်အသတ်ရှိကြောင်းကို ပိုမိုထင်ရှားစေခဲ့သည်။ ထိုနေရာတွင် တရုတ်နိုင်ငံပိုင် CITIC အုပ်စုက ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်လျက်ရှိသည်။

Asia Times က ရေးသားထားတဲ့ Arakan Army holds the key to breaking Myanmar’s junta အမည်နဲ့ ဆောင်းပါးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။

Related posts

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

14 Comment

Danielcex ဖေ‌ဖော်ဝါရီ 18, 2026 - 10:27 ညနေ

Где лучше покупать цветы в москве

[b]Сухоцветы в стильных композициях у нас[/b]

Danielcex ဖေ‌ဖော်ဝါရီ 19, 2026 - 1:05 မနက်

Сайт доставки цветов

[b]Цветы ко Дню учителя с доставкой[/b]

OLaneHat ဖေ‌ဖော်ဝါရီ 19, 2026 - 3:49 မနက်

Pretty! This was an incredibly wonderful post. Thanks for supplying this info.
garipovbulat

JamesFeeta ဖေ‌ဖော်ဝါရီ 19, 2026 - 11:43 ညနေ

Купить цветы с доставкой в москве – Взаимовыгодные условия покупки букетов регулярно

JamesFeeta ဖေ‌ဖော်ဝါရီ 20, 2026 - 2:26 မနက်

Купить недорогой букет цветов – Создаем незабываемые моменты с помощью композиций

Richarddiomy ဖေ‌ဖော်ဝါရီ 20, 2026 - 8:43 ညနေ

Заказать красивый букет Готовность к диалогу по качеству цветов

LewisPayog ဖေ‌ဖော်ဝါရီ 20, 2026 - 11:23 ညနေ

Heya outstanding website! Does running a blog like this take a great deal of work? I have very little understanding of computer programming however I was hoping to start my own blog in the near future. Anyways, if you have any recommendations or techniques for new blog owners please share. I know this is off subject however I simply had to ask. Kudos!
ибет казино

Richarddiomy ဖေ‌ဖော်ဝါရီ 20, 2026 - 11:43 ညနေ

Букетов цветов Сочетание классики и современности в букетах

ShaneHat မတ် 7, 2026 - 11:18 ညနေ

I got this web site from my buddy who told me about this web site and at the moment this time I am browsing this site and reading very informative content at this time.
https://unison.kh.ua/pid-yakym-kutom-trymaty-lezo-5-profesiinykh.html

ShaneHat မတ် 9, 2026 - 2:08 မနက်

What’s up, its good article regarding media print, we all be aware of media is a great source of facts.
https://tm-marmelad.com.ua/yak-pravylno-pidhotuvaty-shov-pid.html

Add Comment