■ ထိုင်းမှာ အသေအပျောက်များတဲ့ ဆောက်လုပ်ရေး မတော်တဆမှုတွေကို လူထု ဒေါသထွက်

ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လူသေဆုံးတဲ့အထိ ဖြစ်ရတဲ့ ဆိုးရွားတဲ့ မတော်တဆမှုတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် အပြင်းအထန် စောင့်ကြည့် စစ်ဆေးတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဇန်နဝါရီလ ၁၄ ရက်က ခုတ်မောင်းနေတဲ့ ခရီးသည်တင် ရထားပေါ်ကို ကရိန်းပြိုကျခဲ့တာ၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က အလုပ်သမား ၁၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ရုံးတာဝါတိုင် ပြိုကျမှုတွေဟာလည်း အဲဒီထဲမှာ ပါဝင်ပါတယ်။

အထူးသဖြင့် ဘန်ကောက်မြို့က လမ်းမကြီးစီမံကိန်းတွေမှာ ဆောက်လုပ်ရေး မတော်တဆမှုတွေ ခဏခဏဖြစ်ပြီး လူသေဆုံးတဲ့အထိ ဖြစ်နေတာကြောင့် အများပြည်သူတွေ ကြောက်လန့်စိုးရိမ် နေကြပါတယ်။ နောက်ဆုံးဖြစ်ရပ်အနေနဲ့ လူ ၃၂ ဦး သေဆုံးခဲ့ရတဲ့ ရထားမတော်တဆမှု ဖြစ်ပွားပြီး နောက်တရက် ဇန်နဝါရီလ ၁၅ ရက်မှာပဲ ဆောက်လုပ်ရေးကရိန်းတခု ထပ်ပြိုကျလို့ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

■ ကန်ထရိုက်တာတွေမှာ လုပ်ငန်းခွင်လုံခြုံရေး ပျက်ကွက်မှု မှတ်တမ်းတွေရှိနေ

ပြီးခဲ့တဲ့အပတ်က မတော်တဆမှုဖြစ်ခဲ့တဲ့ နေရာနှစ်ခုစလုံးအတွက် တာဝန်ရှိတဲ့ ကန်ထရိုက်တာ Italian-Thai Development (Italthai လို့လည်း လူသိများပါတယ်) အပေါ် လူထုက အတော်လေး ဒေါသထွက်နေကြပါတယ်။ ဒီကုမ္ပဏီဟာ ၂၀၂၅ ခုနှစ် မတ်လတုန်းက လူ ၁၀၀ ခန့် သေဆုံးခဲ့တဲ့ ၃၃ ထပ်ရှိတဲ့ နိုင်ငံတော်စာရင်းစစ်ရုံးချုပ် (State Audit Office) အဆောက်အအုံ ပြိုကျမှုမှာလည်း အဓိက ကန်ထရိုက်တာအဖြစ် ပါဝင်ခဲ့ပါတယ်။

အဲဒီအဆောက်အအုံဟာ မိုင် ၈၀၀ ကျော်ဝေးတဲ့ မြန်မာနိုင်ငံမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိုင်းနိုင်ငံမှာ ပြိုကျခဲ့ရတဲ့ တခုတည်းသော အဆောက်အအုံကြီးလည်း ဖြစ်ပါတယ်။

အဲဒီအမှုမှာ Italthai ရဲ့ ဥက္ကဋ္ဌ Premchai Karnasuta အပါအဝင် လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီပေါင်း ၂၃ ခုဟာ ပေါ့ဆမှုကြောင့် လူသေစေမှု၊ စာရွက်စာတမ်း အတုလုပ်မှုတွေနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။ အစိုးရစီမံကိန်း အများအပြားကို ရရှိထားတဲ့ ထိုင်းနိုင်ငံရဲ့ အဓိက ဆောက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Italthai ကတော့ အဲဒီအမှုမှာရော၊ အခုနောက်ဆုံးဖြစ်တဲ့ ကရိန်းပြိုကျမှုတွေမှာပါ သူတို့မှာ အမှားအယွင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူ ကတော့ အခုနောက်ဆုံးဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေကို စာချုပ်ဖျက်သိမ်းဖို့၊ နာမည်ပျက်စာရင်းသွင်းဖို့နဲ့ တရားစွဲဆိုဖို့ ပို့ဆောင်ရေးဝန်ကြီးဌာနကို အမိန့်ပေးထားပါတယ်။ မပြီးသေးတဲ့ စီမံကိန်းတွေအတွက် ဘဏ္ဍာငွေကို ဒီလုပ်ငန်းအာမခံကြေးတွေနဲ့ ဘဏ်အာမခံတွေကို သိမ်းယူပြီး ရန်ပုံငွေရှာမှာဖြစ်သလို၊ အစိုးရဘက်က အပိုကုန်ကျစရိတ်တွေအတွက်လည်း တရားစွဲပိုင်ခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကန်ထရိုက်တာတွေရဲ့ လုပ်ဆောင်ချက်မှတ်တမ်းတွေကို စောင့်ကြည့်မယ့် “Scorecard” စနစ်ကိုလည်း လာမယ့် ဖေဖော်ဝါရီလဆန်းမှာ ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။

■ စနစ်ထဲက ပြဿနာများ

စုံစမ်းစစ်ဆေးသူတွေဟာ လူအမှား ဒါမှမဟုတ် စက်ကိရိယာချို့ယွင်းမှု စတဲ့ နည်းပညာပိုင်းဆိုင်ရာ အကြောင်းရင်းတွေကို ရှာတွေ့လေ့ ရှိပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ ဆောက်လုပ်ရေး ဘေးကင်းလုံခြုံရေးပိုင်းမှာ ရင်ဆိုင်နေရတာက ပိုမိုကျယ်ပြန့်တဲ့ ပြဿနာတွေ ဖြစ်နေတယ်လို့ ထောက်ပြကြပါတယ်။ အားနည်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဖိဖိစီးစီး အကောင်အထည်မဖော်နိုင်မှုတွေနဲ့ အဂတိလိုက်စားမှုတွေလိုမျိုး စနစ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတယ်လို့ သူတို့က ဆိုကြပါတယ်။

ယမန်နှစ် မတ်လတုန်းက အဆောက်အအုံပြိုကျမှုဟာ ငလျင်ကြောင့် စတင်ခဲ့တာဆိုပေမယ့် တကယ်တမ်း စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ အဆောက်အအုံ ဒီဇိုင်း အမှားအယွင်းတွေ၊ စည်းမျဉ်းတွေကို ရှောင်လွှဲဖို့ ကြိုးစားခဲ့တာတွေကြောင့် ဖြစ်ရတာလို့ စစ်ဆေးချက်တွေအရ သိရပါတယ်။

“ထိုင်းနိုင်ငံဟာ အင်ဂျင်နီယာပညာရပ် ဒါမှမဟုတ် နည်းပညာပိုင်းမှာ ညံ့ဖျင်းနေတယ်လို့ ကျနော် မထင်ပါဘူး” လို့ ဘန်ကောက်မြို့ သမ်မာဆက် တက္ကသိုလ်က အရပ်ဘက်အင်ဂျင်နီယာ နည်းပြ Panudech Chumyen က ပြောပါတယ်။

“ကျနော်တို့ရဲ့ စနစ်ကြီးမှာ ယိုပေါက်တခု ရှိနေတယ် ထင်ပါတယ်။ ဟာကွက်တွေက အရမ်းများလွန်းလို့ ဘယ်ကနေစပြီး ပိတ်ရမှန်းတောင် မသိတော့ပါဘူး” လို့ သူက ဆိုပါတယ်။

သူ့အဆိုအရ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေဟာ ဥပဒေစိုးမိုးမှု အားနည်းတာကနေ ရုံးလုပ်ငန်းအဆင့်ဆင့် ကြန့်ကြာတာတွေ၊ စီမံကိန်းမှာ ပါဝင်သူတွေကြား ဘေးကင်းလုံခြုံရေး မူဝါဒတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေအထိ ကျယ်ပြန့်နေပါတယ်။ ဒါ့အပြင် အကျိုးစီးပွား ပတ်သက်မှုမရှိတဲ့ လွတ်လပ်တဲ့ စစ်ဆေးသူတွေ ရှားပါးနေတာကြောင့် လုပ်ငန်းခွင်အစီရင်ခံစာတွေဟာ လက်တွေ့မြေပြင်က အခြေအနေမှန်တွေကို ထင်ဟပ်မှု မရှိတာမျိုးတွေ ဖြစ်နေတတ်တယ်လို့လည်း သူက ထောက်ပြပါတယ်။

■ တရုတ်ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ

အဆောက်အအုံ ပြိုကျမှုတွေနဲ့ ပြဿနာဖြစ်နေတဲ့ ရထားလမ်း၊ လမ်းမကြီး စီမံကိန်းတွေမှာ တရုတ်ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေတာကလည်း လူအများရဲ့ အာရုံစိုက်မှုကို ရနေပြန်ပါတယ်။

၁၄ ရက်နေ့ကဖြစ်ခဲ့တဲ့ ရထားမတော်တဆမှုဟာ ဘန်ကောက်နဲ့ ထိုင်းအရှေ့မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ထိုင်း-တရုတ် အမြန်ရထားစီမံကိန်းရဲ့ လမ်းပိုင်းတခုမှာ ဖြစ်ခဲ့တာပါ။ ဒါဟာ ဘေဂျင်းရဲ့ ရပ်ဝန်းနဲ့ လမ်းစီမံကိန်းအောက်မှာ တရုတ်နဲ့ အရှေ့တောင်အာရှကို ချိတ်ဆက်မယ့် ရည်မှန်းချက်ကြီးတဲ့ အစိတ်အပိုင်း တရပ်ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ကမ္ဘာတဝန်းမှာလည်း အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေအပါအဝင် အငြင်းပွားစရာတွေနဲ့ ရင်ဆိုင်နေရတာပါ။

တရုတ်ကုမ္ပဏီ China Railway No. 10 နဲ့ Italthai တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ နိုင်ငံတော်စာရင်းစစ်ရုံး စီမံကိန်း ပြီးခဲ့တဲ့နှစ်က ပြိုကျခဲ့ပြီးနောက်ပိုင်းမှာ တရုတ်ရဲ့ ဆောက်လုပ်ရေး လုပ်ထုံးလုပ်နည်းတွေအပေါ် စိုးရိမ်မှုတွေ ပိုတိုးလာပါတယ်။ အဲဒီကုမ္ပဏီရဲ့ ဘန်ကောက်ကိုယ်စားလှယ် ကျန်းချွန်လင်းဟာလည်း နိုင်ငံတွင်းကုမ္ပဏီကို တရုတ်က ထိန်းချုပ်ထားတာကို ဖုံးကွယ်ဖို့အတွက် ထိုင်းနိုင်ငံသားတွေကို အမည်ခံ ရှယ်ယာရှင်တွေအဖြစ် အသုံးပြုခဲ့တယ်ဆိုပြီး တရားစွဲဆို ခံထားရပါတယ်။

ထိုင်းလူမျိုးတွေကတော့ အဆောက်အအုံ ပြိုကျမှုကြောင့် အတော်လေး ဒေါသထွက်ခဲ့ကြပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာလည်း “တို့ဖူးအနှစ် စီမံကိန်းတွေ”၊ “တို့ဖူး အဆောက်အအုံတွေ” (Tofu Buildings) ဆိုပြီး ဝေဖန်စာတွေနဲ့ ဓာတ်ပုံတွေ တင်ခဲ့ကြပါတယ်။ ဒီစကားလုံးဟာ စံချိန်စံညွှန်းတွေကို ရှောင်လွှဲဖို့ လာဘ်ထိုးပြီး အလျင်စလို ဆောက်ထားတဲ့ ခနော်ခနဲ့ အဆောက်အအုံ ဒါမှမဟုတ် စီမံကိန်းတွေကို လှောင်ပြောင်ခေါ်ဝေါ်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ ဒီစကားလုံးဟာ ၂၀၀၈ ခုနှစ်က တရုတ်နိုင်ငံမှာ စီချွန်ငလျင် လှုပ်ခတ်လို့ ပျက်စီးမှုတွေဖြစ်ပြီးနောက်ပိုင်း လူသိများလာခဲ့တာပါ။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျင်ဝေကတော့ တရုတ်အစိုးရဟာ သူတို့ရဲ့ ကုမ္ပဏီတွေကို ပြည်ပစီမံကိန်းတွေမှာ စည်းမျဉ်းအတိုင်း လိုက်နာဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ တရုတ်ကုမ္ပဏီတွေ လိုလိုလားလား ပူးပေါင်းပါဝင်လာအောင် ဘေကျင်းဘက်က လမ်းညွှန်ပေးဖို့ ဆန္ဒရှိတယ်လို့လည်း သူက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

အမရာ

AP သတင်းဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ Why Thailand’s deadly construction accidents are sparking outrage and scrutiny ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။

မူရင်းဓာတ်ပုံ – ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ဥဘွန်ရတ်ချာသနီဒေသကို ဦးတည်မောင်းနှင်လာတဲ့ ရထားတစီးပေါ်ကို သံလမ်းနဲ့အပြိုင် ဆောက်လုပ်နေတဲ့ လုပ်ငန်းခွင်က ကရိန်း ပြိုကျခဲ့တဲ့ပုံပါ။ အဆိုပါ မတော်တဆမှုကြောင့် သေဆုံးသူ ၃၂ ယောက်အထိ ရှိခဲ့ပါတယ်။ ဓာတ်ပုံ – AP

Related posts

ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ ၇ ဦး သေဆုံး

ပြည်သူတွေအပေါ်ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြည်ပ‌ရောက်ညီနောင်ပရဟိတအသင်းများ ရှုံ့ချ

ချစ်ခြင်းမေတ္တာဖြင့် ဖန်တီးထားသော ချစ်သူစုံတွဲများ၏ နှလုံးသားပေါင်းကူးတံတား ခမီရိုးရာဝါးစောင်းတူရိယာ

5 Comment

RichardPet စက်တင်ဘာ 2, 2026 - 10:23 ညနေ

В статье по вопросам здоровья мы рассматриваем актуальные проблемы, с которыми сталкивается общество. Обсуждаются заболевания, факторы риска и важные аспекты профилактики. Читатели получат полезные советы о том, как сохранить здоровье и улучшить качество жизни.
Проверенные методы — узнай сейчас – гармония в ростове на дону

RichardacuLa စက်တင်ဘာ 2, 2026 - 10:24 ညနေ

Реабилитация проходит в комфортных условиях, с постоянным наблюдением специалистов. Важным элементом является формирование новых привычек и социальных навыков, что способствует возвращению пациента к полноценной жизни.
Получить дополнительные сведения – https://narkologicheskaya-clinika-v-nizhnem-novgorode16.ru/

Vernonzer စက်တင်ဘာ 7, 2026 - 3:55 မနက်

Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Дополнительная информация – вывод из запоя недорого в Красноярске

Ernestdeern စက်တင်ဘာ 10, 2026 - 8:22 မနက်

Помощь можно получить анонимно, с аккуратным оформлением и внимательным отношением к личным данным.
Подробнее – https://kodirovanie-ot-alkogolizma-shchelkovo3.ru/

WilburWed စက်တင်ဘာ 30, 2026 - 8:23 ညနေ

При ухудшении сознания, судорогах, выраженной боли, нарушении дыхания или психозе не следует ограничиваться заявкой на обычную капельницу на дому. В таких ситуациях необходимо сообщить диспетчеру обо всех симптомах: специалист оценит срочность, а при наличии угрожающих жизни признаков следует вызвать скорую помощь. Безопасность человека имеет приоритет перед скоростью проведения детокса.
Изучить вопрос подробнее – капельница от запоя на дому недорого

Add Comment