Articels

စစ်တွေထောင်ထဲက အစာငတ်ခံ တိုက်ပွဲ (ဒုတိယပိုင်း)

အာရက္ခအားမာ် ရဲဘော်ကျော်ဟန် (အပိုင်း ၂၇) ဌေးဝင်း “ထောင်တထောင်လုံးမှာက ကျနော်တို့ ခြေမကျတဲ့နေရာမှ မရှိတာ ကိုကျော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဝန်းကျင်တိုင်းကို ဝင်တယ်လေ။ အဲလိုဝင်ဝင်ပြီး ထိုးဖောက်တဲ့အခါ အကျဉ်းသားထုထဲမှာ ကာလာတွေ လုပ်ငန်းစဉ်တွေ တူသွားရင် ညီညွတ်သွားတာဘဲ ကိုကျော်။ ကျနော်တို့ စည်းရုံးတာက အစားအသောက်တွေနဲ့
Read more

■ အာရှမှာ တရုတ်ကို ပါဝါညှိမယ့် အမေရိကန်အစီအစဉ် အီရန်စစ်ပွဲကြောင့် မြောင်းထဲရောက်ရပြီ

အာရှဘက်ကို အာရုံစိုက်မယ်ဆိုတဲ့ ထရမ့်အစိုးရရဲ့ အစီအစဉ်ကတော့ ကြာကြာမနေလိုက်ရပါဘူး။ ၂၀၂၅ ခုနှစ် မေလမှာ ကာကွယ်ရေးဝန်ကြီး ပစ်ထ်ဟက်ဆက်က အင်ဒို-ပစိဖိတ်ဟာ ဦးစားပေးမျက်နှာစာ ဖြစ်ပြီး အမေရိကန်ဟာ ဒီနေရာမှာ ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ကုန်ပိုင်းမှာတော့ ထရမ့်အစိုးရရဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာက ဇာတ်ကြောင်းပြောင်းသွားပါတယ်။ အင်ဒို-ပစိဖိတ်ထက် အနောက်ကမ္ဘာခြမ်းကို
Read more

မြစ်ဝကျွန်း‌ပေါ်အရပ်မှာ ရေရှားနေပြီလား

တာပလု မြစ်ဝကျွန်းပေါ်အရပ်ဟာ ရေတွေဘောင်းလံ၊ ဘောင်းလျှံရှိတဲ့အရပ်၊ ရေလမ်းခရီးကိုပဲ အားထားရတဲ့အရပ်၊ ရေဆိုတာ အိမ်အောက်ဆင်းလိုက်တာနဲ့ ရေချိုရနိုင်တဲ့ အရပ်ဒေသတခု ဖြစ်ပါတယ်။ လှေမရှိရင် တအိမ်နဲ့ တအိမ် ကူးလူးသွားလာဖို့ အဆင်မပြေပါဘူး။ ရွာ သာရေး၊ နာရေး ကိစ္စရပ်တွေနဲ့ ကလေးတွေ ကျောင်းသွားဖို့အတွက်ပါ လှေ၊ စက်လှေတွေကို အဓိကအားထား
Read more

ULA/AA နှင့် ထောက်လှမ်းရေးအခန်းကဏ္ဍ

(တစ်)  သိပ်မကြာသေးမီ သီတင်းပတ်က ဖြစ်သည်။ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) မှ တရုတ်ဘာသာစကားဖြင့် ပြောဆိုထားသော ဗွီဒီယိုဖိုင်တဖိုင်ကို လူသိရှင်ကြား ထုတ်ပြန်လာခဲ့သည်။ ထိုဗွီဒီယိုထဲတွင် တရုတ်အစိုးရအဖွဲ့ဝင်များကို CIA ထံတွင် သူလျှိုအဖြစ် ဝင်ရောက်လုပ်ကိုင်ကြရန် မက်လုံးပေး ဖိတ်ခေါ် ထားပြီး ဆက်သွယ်ရမည့် နည်းလမ်းများကိုပါ ဖော်ပြပေးထားသည်။ ရုတ်တရက် ကြည့်လိုက်မည်ဆိုပါက ထိုဗွီဒီယိုနှင့် ပတ်သက်၍ CIA ၏ ထုတ်ပြန်ချက်မှာ အလွန်တရာ အူကြောင်ကြောင် နိုင်လွန်းသည်ဟု ထင်မှတ်စရာ ရှိနေ၏။ သို့သော် တကယ့်လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။ CIA မှ ထိုဗွီဒီယိုကို ထုတ်ပြန်လိုက်ချိန်သည် တရုတ်သမ္မတရှီကျင့်ဖျင်က တရုတ်စစ်တပ်အကြီးအကဲကို ရာထူးဖြုတ်ပစ်လိုက်ချိန်နှင့် မရှေးမနှောင်း အချိန်ကာလတခုတွင် ဖြစ်၏။ CIA သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တရုတ်စစ်တပ်တို့အကြား စည်းလုံးမှု ပျက်ပြားနေချိန်တွင် ထိုအခြေအနေထဲမှ အမြတ်ထုတ်ရန် ရည်ရွယ် လုပ်ဆောင်လာခြင်းပင် ဖြစ်၏။ ယခုပြုလုပ်သည့်နည်းလမ်းအတိုင်းပင် ယူကရိန်း-ရုရှား စစ်ပွဲမတိုင်မီ ကာလကလည်း CIA သည် ရုရှားထံမှ သူလျှိုများကို ဖိတ်ခေါ်သော ဗွီဒီယိုဖိုင်တခုကို ရုရှားဘာသာဖြင့် ထုတ်ပြန်ခဲ့သေးသည်။ ထိုဗွီဒီယိုကြောင့်ပင် ယူကရိန်း ကျူးကျော်စစ်နှင့်ပတ်သက်၍ ရုရှားသမ္မတဗလာဒီမာပူတင်၏ ဆုံးဖြတ်ချက်များကို မနှစ်သက်သော ရုရှားသူလျှိုများစွာကို CIA မှ ရရှိသွားခဲ့ပေသည်။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခတ်မှစတင်ကာ ကမ္ဘာအင်အားကြီး နိုင်ငံများဖြစ်ကြသော အမေရိကန်၊ ရုရှားနှင့် အင်္ဂလန်စသော နိုင်ငံများသည် ၎င်းတို့နိုင်ငံ၏ ပါဝါကို မြှင့်တင်နိုင်ရန်အတွက် ထောက်လှမ်းရေးကဏ္ဍအား အစွမ်းကုန် ကြိုးစားတည်ဆောက် လာခဲ့ကြသည်။ ၎င်းတို့၏ ထောက်လှမ်းရေး လုပ်ငန်းစဉ်များထဲတွင် ဒေသတွင်း လုံခြုံရေးကိစ္စရပ်များကိုသာမကဘဲ ပြိုင်ဘက်နိုင်ငံအစိုးရအဖွဲ့အစည်းများ၏ ထိပ်တန်းလျှို့ဝှက်ကိစ္စများကိုပါ သတင်းနှိုက်ခြင်းများ ပါဝင်သည်။ ရန်သူ၏ ခြေလှမ်းကို ကြိုသိနိုင်မှသာလျှင် ရန်သူထက် ခြေတလှမ်း အသာစီး ရရှိလိမ့်မည်ဆိုသော သဘောတရားသည် ထောက်လှမ်းရေး၏ ရပ်တည်ချက်သဘောမျိုး ဖြစ်နေ၏။ မည်သို့ပင်ဖြစ်စေ အမေရိကန်၏ CIA၊ ရုရှား၏ ကေဂျီဘီ၊ အစ္စရေး၏ မော့ဆက် စသော နာမည်ကြီး ထောက်လှမ်းရေးဌာနများသည် လက်ရှိကမ္ဘာ့ပါဝါ ချိန်ခွင်လျှာကို တနည်းတဖုံဖြင့် ညှိနေကြသည်မှာ အမှန်ပင်ဖြစ်၏။ ကမ္ဘာစစ်အတွင်းကို ပြန်ကြည့်မည်ဆိုပါကလည်း ထောက်လှမ်းရေးစွမ်းရည် မြင့်မားသောနိုင်ငံက စစ်ကို အနိုင်နွှဲ နိုင်ခဲ့ကြသည်သာ ဖြစ်ပေ၏။ ဤသည်မှာ ထောက်လှမ်းရေးကဏ္ဍ၏ အရေးပါမှုများကို ညွှန်ပြနေပေသည်။ (နှစ်) ယနေ့ အာရက္ခပြည်၏ အခြေအနေ အခင်းအကျင်းမှန်သမျှသည် လွန်ခဲ့သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မတိုင်မီ အခြေအနေတို့နှင့် မိုးနှင့်မြေပမာ ကွာခြားနေခဲ့ပြီး ဖြစ်ပေသည်။ အာရက္ခတပ်တော် (AA) သည် သမိုင်းထဲမှ ရက္ခိုင်ဘုရင့်နိုင်ငံတော်၏ သီးခြားလွတ်လပ်၍ ဂုဏ်သိက္ခာရှိသော အခြေအနေ အရပ်ရပ်တို့အား ရက္ခိုင်ပြည်သူများ လက်ထဲသို့ တဖန်ပြန်လည် အပ်နှင်းနိုင်ရန်အတွက် အဆင်သင့် ဖြစ်နေသည့် အနေအထားဟုပင် ဆိုနိုင်၏။ Arakan Dream – 2020 (အာရက္ခအိပ်မက် – ၂၀၂၀) အလွန် ငါးနှစ်ကျော်ကာလတွင် အာရက္ခတပ်တော် (AA) သည် အာရက္ခပြည်၏ ၉၀ ရာခိုင်နှုန်းမျှကို သိမ်းပိုက် ထိန်းချုပ်ထားပြီးလည်း ဖြစ်သည်။ အနည်းဆုံး “ ဝ“  ပြည်ထက်မနိမ့်သော ကွန်ဖက်ဒရိတ်အဆင့်ကို ရယူလိုကြောင်း ပြောဆိုထားသည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ နှုတ်ထွက်စကားမှာလည်း တကယ့်လက်တွေ့ ဖြစ်လာရန်အတွက် လက်တကမ်းအလိုပင် ဖြစ်ပေသည်။ လက်ရှိအချိန်တွင် အာရက္ခတပ်တော်၏ နိုင်ငံရေးအဖွဲ့အစည်းတခုဖြစ်သော ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ကိုဖွဲ့စည်းကာ သိမ်းပိုက်ရရှိထားပြီးသော မြို့နယ်(၁၅) ခုအတွင်း အုပ်ချုပ်ရေးယန္တယားကို လည်ပတ်လျှက် ရှိနေ၏။ စစ်ရေးစစ်ရာများ အလုံးစုံ မပြီးပြတ်သေးသည့် ကာလဖြစ်သဖြင့် လိုအပ်ချက်အချို့ ရှိနိုင်သေးသော်လည်း တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် အာရက္ခပြည်သည် ထိုက်သင့်သော တည်ငြိမ်မှုကို ရရှိနေပြီးလည်း ဖြစ်၏။ သို့သော် အာဏာသိမ်းစစ်တပ်သည် အာရက္ခပြည်တွင်းမှ စစ်ရှုံးကာ ထွက်ခွာသွားခဲ့ရသည့်အခြေအနေတို့ကို ဂုဏ်သိက္ခာရှိရှိ လက်သင့်ခံနိုင်ရန် မကြိုးစားဘဲ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အုပ်ချုပ်မှုအောက်မှ မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်လျှက်ပင် ရှိနေသေး၏။ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ထားသည့် အာဏာသိမ်းစစ်တပ်သည် အာရက္ခပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ရန် အချိန်မရွေး တာစူနေ သည့်အတွက် အာရက္ခပြည်၏ လုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရဆဲဟု ဆိုရမည်ပင် ဖြစ်သည်။ (သုံး) အာဏာသိမ်းစစ်တပ်သည် နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူထားပြီးချိန်မှစတင်ကာ နိုင်ငံတဝှမ်းလုံးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း (၄၄၀၀) ကျော် ပြုလုပ်ခဲ့ပြီး အရပ်သား (၄၆၀၀) ကျော်၏ အသက်ဇီဝိန်ကို ရက်ရက်စက်စက် ခြွေချပစ်ခဲ့ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ (BWU) ၏ ထုတ်ပြန်ချက်ထဲတွင်လည်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း၊ လက်နက်ကြီးနှင့် တခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမျိုးသမီးပေါင်း (၇၉၂) ဦး သေဆုံးပြီး (၈၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယခုနှစ် အစောပိုင်းက ထုတ်ပြန်ထား၏။ အာရက္ခပြည်သည် ပင်လယ်ကမ်းခြေဒေသဖြစ်သည့်အတွက် အာဏာသိမ်းစစ်တပ်အနေဖြင့် စစ်ရေးဖော်ဆောင်ရာတွင် ကြည်း၊ ရေနှင့် လေသုံးမျိုးလုံးကို တပြိုင်တည်း တိုက်စစ်ဖွင့်နိုင်ရန် အခွင့်အရေးများ ရှိနေ၏။ သို့သော် အာဏာသိမ်းစစ်တပ်၏ မြေပြင်တပ်များသည် အာရက္ခတပ်တော် (AA) ကို မြေပြင်ပါ်တွင် မည်သည့်နည်းနှင့်မျှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိသည်မှာ သေချာ၏။ ထို့အပြင် တိုက်ခိုက်ရေးတွင် အကန့်အသတ်များ ရှိနေသော အာဏာသိမ်းစစ်တပ်၏ ရေတပ်ဆိုသည်မှာလည်း အာရက္ခပြည်ကို အချိန်တိုင်း၊ နေရာတိုင်းတွင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်မျိုးတော့ မဟုတ်ပေ။ ထို့ကြောင့်ပင် အာဏာသိမ်းစစ်တပ်သည် အာရက္ခပြည်ကို ထင်တိုင်းကြဲနိုင်ရန်အတွက် လေကြောင်းအားကိုသာ အဓိက အားကိုးနေရပုံ ပေါ်လွင်သည်။ မျက်မှောက်ကြုံတွေ့နေရသော အခြေအနေများကို ပြန်ကြည့်ပါက အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူနှင့် စစ်တွေကဲ့သို့ မြို့များကိုသာမကဘဲ အာရက္ခတပ်တော်၏ ထိန်းချုပ်မှုအောက်မှ တိုက်ပွဲလုံးဝမရှိတော့သည့် မြို့နယ်များကိုပါ လေကြောင်းတိုက်ခိုက်မှု မကြာခဏ ပြုလုပ်လျက် ရှိနေသည်။ အာရက္ခပြည်၏ လေကြောင်းတိုက်ခိုက်မှု အခံရဆုံးမြို့နယ်များဖြစ်ကြသော ကျောက်တော်၊ မြောက်ဦးနှင့် သံတွဲမြို့များသည် အာဏာသိမ်းစစ်တပ်၏ အထူးအာရုံစိုက်ရာ မြို့များဖြစ်ပုံရ၏။ အထူးသဖြင့်  အာရက္ခတပ်တော်စစ်ဦးစီးချုပ်၏ ပြည်တော်ဝင်သတင်းများထွက်ပေါ်လာခဲ့ပြီးသည့်နောက်ပိုင်းတွင် ကျောက်တော်နှင့် မြောက်ဦးသည် အာဏာသိမ်းစစ်တပ်၏ အဓိကလေကြောင်းပစ်မှတ်သဖွယ် ဖြစ်လာခဲ့သည်ကို တွေ့ရ၏။ ကုန်လွန်ခဲ့သည့် ခြောက်လတာကာလအတွင်း ကျောက်တော်နှင့် မြောက်ဦးမြို့များအတွင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဟိုတယ်၊ ဆေးရုံနှင့် စစ်သုံ့ပန်းအကျဉ်းထောင် စသောနေရာများကို လေကြောင်းမှတိုက်ခိုက်မှုအကြိမ်ကြိမ် ပြုလုပ်ခဲ့ပေသည်။ (လေး) စစ်အတွင်းတွင် ရန်သူသည် ရန်သူကဲ့သို့ ပြုမူသည်ဟု ဆိုနိုင်သော်လည်း အာရက္ခပြည်တွင်းမှ အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် ထိုမျှလောက် သမရိုးကျ မဆန်နိုင်ချေ။ လေကြောင်းတိုက်ခိုက်ခံရသော နေရာများသည် အာဏာသိမ်းစစ်တပ်ဘက်တော်သား သူလျှိုများ၏ သတင်းပေးပို့ချက်များကြောင့်လားဆိုသော မေးခွန်းကို ထည့်သွင်းစဉ်းစားစရာ ဖြစ်လာနေသည်။ လက်ရှိ အာရက္ခပြည်တွင်းတွင် အများပြည်သူ အသုံးပြုခွင့်ရှိ‌ေသာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ရှိနေသည်ဖြစ်ရာ ရန်သူ့သတင်းပေးများသည် ထိုနေရာများမှတဆင့် အလွယ်တကူပင် သူလျှိုလုပ်နိုင်မည် ဖြစ်၏။ သာမန်ပြည်သူ အရေခွံကို ခြုံထားသည့် သူလျှိုများ အာရက္ခပြည်အတွင်း မရှိနိုင်ဟု လျှော့မတွက်မိစေရန် အရေးကြီးလှပေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးချိန် ၁၉၄၈ ခုနှစ်မှစတင်ကာ အာရက္ခတပ်တော် (AA) ထူထောင်ချိန် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်အထိ နှစ်ပေါင်း (၇၀) ကျော်ကြာအောင် ရက္ခိုင်လူမျိုးတို့သည် ဗမာအာဏာရှင်စစ်တပ်နှင့် ဗမာလူမျိုးကြီးဝါဒီ အစိုးရအဆက်ဆက်တို့၏ နိုင်ငံရေး နယ်ရုပ်ကလေးများအဖြစ် နေထိုင်လာခဲ့ကြရ၏။ တိုင်းရင်းသားလူမျိုးအများစုတွင် ၎င်းတို့လူမျိုးများ၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးမည့် တော်လှန်ရေးတပ်ဖွဲ့များ ကိုယ်စီရှိနှင့်နေခဲ့ကြသော်လည်း ရက္ခိုင်တို့တွင်မူ ထိုသို့ မရှိခဲ့ပေ။ ရွေးချယ်စရာ မရှိသာအခြေအနေအောက်တွင် ရက္ခိုင်လူမျိုးများသည် ဗမာစစ်တပ်နှင့် ဗမာအစိုးရအဆက်ဆက်တို့၏ ဦးနှောက်ဆေးခြင်းကို ဆယ်စုနှစ်များစွာ ခံလာခဲ့ကြရသည်။ ထိုအချက်ကြောင့်ပင် ရက္ခိုင်အချင်းချင်းတူသော်လည်း ရက္ခိုင်မျိုးချစ်စိတ် ဗလာဖြစ်နေသည့် ရန်သူ့ဘက်တော်သား ရက္ခိုင်တချို့ ရှိလာခဲ့ပေသည်။ ထိုသူများသည် အခွင့်သာသည်နှင့် ၎င်းတို့ သစ္စာခံရာ အာဏာသိမ်းစစ်တပ်အတွက် သူလျှို ပြုလုပ်ပေးကြလိမ့်မည်မှာ ယုံမှားသံသယဖြစ်စရာ မရှိပေ။ အာဏာသိမ်းစစ်တပ်သည် သပ်သျှိုသွေးခွဲခြင်းအတတ်ပညာနှင့် သူလျှိုဒလန်မွေးမြူခြင်းအတတ်ပညာ တို့တွင် တဖက်ကမ်းခတ် လိမ္မာပါးနပ်၏။ နမူနာအဖြစ် ၁၉၈၈ အလွန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်သော အထူးစုံစမ်းစစ်ဆေးရေးဌာန(စသုံးလုံး) အဖွဲ့တစ်ခုပေါ်ပေါက်ခဲ့ပြီး ထိုအဖွဲ့သည် မြန်မာတနိုင်ငံလုံးကို လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်အောင်အထိ သူလျှိုဝင်ကာ မွှေနှောက်ပစ်သည့် သာဓက ရှိခဲ့လေသည်။ ထို့အပြင် ထို (စသုံးလုံး) အဖွဲ့ကြောင့်ပင် တိုင်းရင်းသားဒေသများတွင်လည်း အစိပ်စိပ်အမွှာမွှာ ကွဲပြားသွားခဲ့ရသော နမူနာများ ရှိနေသည်။ လက်ရှိအချိန်တွင်လည်း အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ အာဏာသက်ရောက်မှုမရှိတော့သည့် အာရက္ခမြို့နယ်များတွင် သစ္စာခံသူလျှိုများ မွေးမြူထားနိုင်သည်ကို သတိချပ်ရမည်ပင် ဖြစ်ပေသည်။   (ငါး) အမေရိကန်သမ္မတတဦးသည် မနက်မိုးလင်းသည်နှင့် ထောက်လှမ်းရေးအဖွဲ့ပေါင်းစုံမှ အစီရင်ခံချက် A-4 တမျက်နှာခန့်ကို နေ့စဉ် ဖတ်ရှုသုံးသပ်ရလေ့ရှိသည်။ ဤသည်မှာ အမေရိကန်ကဲ့သို့ အင်အားကြီး နိုင်ငံတခု၏ ထောက်လှမ်းရေးကဏ္ဍကို မည်မျှအလေးအနက်ထားကြောင်း ပြယုဂ်ပင် ဖြစ်သည်။ ထောက်လှမ်းရေးကဏ္ဍတွင် စွမ်းဆောင်ရည်နိမ့်ကျပြီး နှေးကွေးသွံားမည်ဆိုပါက အမေရိကန်၏ ကမ္ဘာ့အဆင့် (၁) နေရာကို ပြိုင်ဖက်နိုင်ငံများမှ ချက်ချင်းလက်ငင်း ရယူသွားကြမည်ပင် ဖြစ်ပေသည်။  လက်ရှိ အာရက္ခပြည်တွင်လည်း ပြည်သူလူထု၏ လုံခြုံရေးအတွက် စွမ်းဆောင်ရည်မြင့်မားသည့် ထောက်လှမ်းရေးကဏ္ဍတခု အရေးတကြီး လိုအပ်နေသည်ဟု ဆိုရပေမည်။ CIA၊ ကေဂျီဘီနှင့် မော့ဆက် တို့ကဲ့သို့ နိုင်ငံတကာကို ဖြန်ကျက်ရန်မဖြစ်နိုင်သော်လည်း အာရက္ခပြည်သူလူထု၏ ယုံကြည်ကိုးစားခြင်းကို အလုပ်နှင့် သက်သေပြမည့် ပြည်သူ့ထောက်လှမ်းရေးဌာနမျိုး ရှိနေသင့်သည်ဟု ယူဆမိပါသည်။ သို့မှသာ အာရက္ခပြည်၏ လုံခြုံရေးကို ခြကောင်များပမာ တစတစ ကိုက်ဖြတ်စားသောက်နေသည့် သူလျှိုဒလန်များကို စုံစမ်းဖော်ထုတ်ပြီး သာယာအေးချမ်းသည့် အာရက္ခပြည်ကို ထူထောင်နိုင်လိမ့်မည်ပင် ဖြစ်ပေသည်။ နီရီရီ
Read more

စစ်တွေထောင်ထဲက အစာငတ်ခံ တိုက်ပွဲ (ပထမပိုင်း)

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၂၇) *** ဌေးဝင်း *** စစ်တွေထောင်ဆိုတာ မြန်မာနိုင်ငံရဲ့ သတ်မှတ်ချက်အရ (က) အဆင့် ထောင်ဖြစ်တယ်။ အကျဉ်းသား ထောင်နဲ့ချီကို ချုပ်နှောင် အကျဉ်းချထားနိုင်တဲ့ နေရာပေါ့။ ဒီထောင်ဟာ အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ ထောင်။ ဒီထောင်တွင်းမှာ အချုပ်ဆောင် ၂
Read more

မရဏနာရီ (ဒုတိယပိုင်း)

  အာရက္ခအားမာန်ရဲဘော်ကျော်ဟန် (အပိုင်း ၂၆)   ဌေးဝင်း အသားက ခပ်ညိုညို။ အရပ်က နည်းနည်း မြင့်မြင့် ဆံပင်ကတော့ ထောင်ပုံစံ တိုနံ့နံ့နဲ့။ အမိန့်ချ မခံရသေးတော့ အရပ်ဝတ်အင်္ကျီ ရှပ်လက်ရှည် ကွက်ကြားကြီးကို လက်ခေါက်ပြီးဝတ်ကာ လုံချည်ကို လယ်သမားတွေ ဝတ်သလို ခပ်တိုတိုဘဲ ဝတ်ထားတယ်။ လက်မှာလည်း ခြင်္သေ့သုံးကောင် ဖက်ကြမ်းဆေးပေါ့လိပ်ကို ညှပ်ထားပြီး တချက်ချက် အားရပါးရ ရှိုက်ဖွါလိုက်သေးတယ်။ သူက ဆက်ပြောတာက “ဒီလို အတော်လေး ခေါင်းပေါ်ထဲကဆိုတော့ နေရာတကာတိုင်းမှာ ပါတယ်။ မရောက်တဲ့ နေရာမရှိ။ ကုလားပြဿနာ ဖြစ်တော့လည်း ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးဖြစ်တော့ ဖိုးတက်ကြွ ကျနော် ပါသွားပြန်ရော။ ရှစ်လေးလုံးက ရန်ကုန်မှာ ရှစ်ရက်နေ့ (၈. ၈. ၈၈) မှာ ဖြစ်ပေမဲ့ စစ်တွေမှာတော့ ၉ ရက် ဩဂုတ်လမှာဘဲ စဖြစ်တာ။ ချိန်းထားတဲ့နေရာမှာ ကျောင်းသားတွေဟာ ခွပ်ဒေါင်းအလံကို မထူဝံ့ဘဲ ဖြစ်နေကြတယ်။ ကျနော်က ငါ ထူတယ်ကွာဆိုပြီး အလံကို ဝါးလုံးမှာချိတ်ဆွဲပြီး မြို့နယ်ကောင်စီရုံးရှေ့က အလံတိုင်မှာ သွားတင်ပေးခဲ့တာ”   “အေး ငါ ယုံတယ်။ သိန်းအောင်ကျော်က ရဲတယ်။ သတ္တိရှိတယ်ဆိုတာ ကရာတေး ကစားတဲ့အခါမှာလည်း ငါတို့ မြင်တွေ့နေကျဘဲလေ” “အမှန်ကတော့ ရဲတာ သတ္တိရှိတယ်ဆိုတာက အမျိုးသားရေးဆိုတဲ့ စိတ်သန္ဓေက ကျနော့်ရင်ဘတ်ထဲမှာ အမြဲတမ်း ကိန်းအောင်းနေတယ်။ မခံချင်စိတ် ရှိတယ်ပေါ့။ အမြဲတမ်း တွန်းလှန်ချင်စိတ်။ တော်လှန်လိုစိတ် ရှိနေတာ။ လူငယ်အများစုကလည်း တခုခုဖြစ်ရင် ကိုသိန်းအောင်ကျော် ကျနော်တို့ ဘာလုပ်ရမလဲ လာလာပြီး မေးကြတယ်။ တိုင်ပင်ကြတယ်။ ကျနော့်ညီ သူငယ်ချင်း ညီမရဲ့ သူငယ်ချင်းတွေကအစ။ ဒါ့ပြင် ကျနော့်အကိုလတ်ရဲ့ သူငယ်ချင်းတွေကပါ အားလုံးက ကျနော့်သူငယ်ချင်း ဖြစ်နေတယ်။ ကုန်ကုန်ပြောရရင် ဈေးက ပွဲစားလောကထိ။ ငါးဈေးတန်းထိ။ ကျနော့်ကို သိကြတယ်။ ကျနော့်အဖေကလည်း ဟိုတုန်းက ပြောက်ကျားတွေကိုး။ မိဘက ပြောက်ကျားတွေဆိုတော့ ဒီအသွေးအသား ခံယူချက်တွေက ကျနော့်ရဲ့ သွေးထဲမှာ ဖျောက်ဖျက်မရဘူး။ ဆက်လက်စီးဆင်းနေတာပေါ့။ အာဏာပိုင်အစိုးရကို မကျေနပ်တာကို သိတယ်။ နေရင်းထိုင်ရင်း အလိုလိုကို မကျေမနပ်ကို ဖြစ်နေတာ။ ကိစ္စတခုခု ပေါ်လာပြီဆိုရင် ဥပမာ မင်းပြားကိစ္စ ဖြစ်တုန်းကဆို ကျနော်ဟာ ဆိုက္ကားသမားကိုလည်း ကျနော်ဟောတာဘဲ။ မြေအောက်သမားတွေနဲ့ ကျနော် အဆက်အသွယ်ရှိလားဆိုတော့ မရှိဘူး။ မရှိ‌ေပေမဲ့ ယူဂျီထဲမှာ သူငယ်ချင်းတွေ ရှိနေကြပြန်တယ်။ ဥပမာ ကိုကျော် ယူဂျီလုပ်နေတာကို ကျနော်မသိတာမျိုးပေါ့။ ရှစ်ဆယ့်ရှစ်မှာ လျှို့ဝှက်လုပ်က်တဲ့ အစည်းအဝေးဆိုလည်း ကျနော်ပါတာဘဲ။ အဲဒီလို။ အဲဒီလို ဖြစ်နေတာ” “ငါတို့ မြေအောက်ယူဂျီအလုပ်ဆိုတာကလည်း လူမသိအောင် ခြေသံလုံအောင်နေနိုင်မှ ရှင်သန်နိုင်တာကိုး။ ခု ငါ့ဘဲကြည့်လေ. ကိုယ့်လုပ်ဖော်ကိုင်ဖက်က အင်ဖော်မာဖြစ်နေတော့ ဂျေးအောင်းရတာဘဲ မဟုတ်လား သိန်းအောင်ကျော်။ ငါတို့မှာက ရန်သူဆိုတာ ကိုယ့်နဲ့ အနီးကပ်ဆုံးမှာ ရှိနေတတ်လို့ ကိုယ့်အရိပ်ကိုယ်တောင် သံသယနဲ့ကြည့်ပြီး လှုပ်ရှားရတဲ့ အလုပ်မျိုးလေ။ ဒါနဲ့ ငါ့ညီတို့က ရှစ်လေးလုံးကာလမှာ ဘယ်လိုဘယ်လို ဒီအမှုက ဖြစ်ရတာလဲ”   “ပြောရရင် ကိုကျော်ရေ။ အဲဒီနေ့ ဝင်္ကဘာကွင်းမှာ တရားပွဲဖြစ်တယ်။ အဲဒီနေ့အခြေအနေက စစ်တွေတမြို့လုံးက ဆန္ဒပြနေကြတာကိုး။ ကျနော်တို့လည်း ဦးဆောင်အဖွဲ့မှာ ပါတာ‌ပေါ့လေ။ ဒီတော့ ဘယ်နေ့ ဘာလုပ်မယ်။ ဘာအစီအစဉ် လုပ်မယ်ဆိုတာတွေကို စီစဉ်ရတဲ့ ကော်မတီဝင်ပေါ့။ ဘာမှမဆိုင်တဲ့ အပြင်လူတော့ မဟုတ်ဘူးပေါ့။ သပိတ်ကော်မတီမှာက ထောင့်စုံက ပါကြတယ်ပေါ့။ ဘုန်းကြီးတွေ ကျောင်းသားတွေ အရပ်ထဲက တက်ကြွလူငယ်တွေ နိုင်ငံရေးသမားတွေ အစုံပါကြတယ်။ သူ့စစ်ကြောင်းနဲ့သူ ဝင်္ကဘာကွင်းကို ဦးတည် ချီတက်ကြတယ်။ လူကြီး လူငယ် လူလတ် အလွှာစုံ ချီတက်ကြတာ။ အရမ်းစည်တယ်။ စည်ရတာက အဲဒီနေ့က အထွေထွေသပိတ် ပြုလုပ်တဲ့နေ့။ (၂၅. ၈. ၈၈) ရက်နေ့ပေါ့။ မြို့နယ်ပေါင်းစုံက လာစုကြတာ။ ရသေ့တောင်က မြအေးသိန်းတို့ ဘာတို့ လာတဲ့နေ့ပေါ့။ ရက္ခိုင်ပြည်မြောက်ပိုင်းက သပိတ်စုံ လာဆုံကြ စုကြတဲ့နေ့ပေါ့။ အဲဒီမှာ ကျနော်က အခမ်းအနား ပြင်ဆင်ရေးမှာပါတယ်။ မိုက်တွေ ဆင်ရတယ်။ ပြီးတော့ လုံခြုံရေးဘက်လည်း ဝင်ပါရတယ်။ ကြိုတင်လာပြီးတော့ လုပ်စရာရှိတာ လုပ်ကြရသူတွေပေါ့။ ကျောက်တိုင်အောက်ကနေ လုံခြုံရေးယူထားတယ်” “အင်း.. ကရာတေးသမား လက်ဝှေ့လည်းထိုးတတ်သူ လုံခြုံရေးတာဝန်ယူတာ ကောင်းတာပေါ့ သိန်းအောင်ကျော်။ ဒါနဲ့ ဘာတွေများ ထူးထူးခြားခြား ကြုံခဲ့ရလဲ ကွ”   “ထူးပြီလား ကိုကျော်ရေ… ထူးသမှ ထူးလွန်းလို့ ခုလို ထောင်ထဲ ရောက်သွားတာပေါ့ဗျာ”   “အေး.. စိတ်ဝင်စားစရာဘဲ။ ငါ့ကို ပြောပြပါလား” “အေးလေ. ကိုကျော် စိတ်ဝင်စားရင် ပြန်ပြောရတာပေါ့”   လို့ ဆိုရင်း သိန်းအောင်ကျော်သည် သူ့လက်ထဲက ဆေးပေါ့လိပ်ကို ပါးစပ်ထဲထည့်ကာ အားပါးတရ ဖွါရှိုက်လိုက်တယ်။ ဆေးလိပ်သမားဆိုတာကလည်း သူတို့အတွက် ဒီဆေးလိပ်အငွေ့လေး တရှိုက်ဟာ သူတို့ရဲ့ ခွန်အားကို ဖျတ်ကနဲ လန်းဆန်း လတ်ဆတ်သွားကြသလား မသိ။ ငါလည်း သူ စတင်ပြောလာမဲ့ စစ်တွေမြို့မှာ ဖြစ်ပွါးခဲ့တဲ့ ရှစ်လေးလုံးသမိုင်းထဲက ရုပ်ပုံလွှာ အပိုင်းအစတခုကို ကြားချင်စိတ်နဲ့ ငံ့လင့်နေခိုက်။ သိန်းအောင်ကျော်ကိုယ်တိုင်ကလည်း သူ့မီးခိုးငွေ့‌နောက်မှာ သူ့အတွေးများ လိုက်ပါသွားသလား ထင်ရလောက်အောင် ငြိမ်သက်သွားတယ်။ ဘုရားဝင်းတခုလုံးလည်း လေတိုးသံ သဲ့သဲ့။ ပတ်ဝန်းကျင်က ငှက်တို့ရဲ့ အသံတချို့ကို ကြားနေရ။ ခပ်လှမ်းလှမ်းက အကျဉ်းသားတွေရဲ့ စကားပြောသံတွေကို ကြားနေရသော်ငြား ငါနဲ့သူ နှစ်ယောက်ကြားမှာ သမိုင်းတခုကို မကြားရခင် ကြီးမားသော တိတ်ဆိတ်မှုကြီးက ဖုံးလွှမ်းထားတယ်။ ငါးမိနစ်ခန့် ငြိမ်သက်နေပြီးမှ   “အဲဒီအချိန်မှာ လူကြီးတယောက်က လာပြောတယ် ကိုကျော်။ ဟေ့ကောင်တွေ မင်းတို့ သတိဝိရိယနဲ့ လုပ်ကြ။ ငါတို့ကို ထောက်လှမ်းရေးက ဓာတ်ပုံရိုက်နေတာ ငါတွေ့ခဲ့တယ်။ သူတို့ အထိုင်ချတဲ့ နေရာက ဝင်္ကဘာကွင်းနဲ့ မျက်နှာချင်းဆိုင် လမ်းထောင့်က အိမ်မှာဘဲလို့ လာပြောတယ်။ ဒါကြောင့် သပိတ်အဖွဲ့က အဲဒီထောက် လှမ်းရေးတွေနဲ့ သွားပြီးဆွေးနွေးတယ်။ သူတို့ စတည်းချတဲ့အိမ်ကို တက်သွားပြီး ဆွေးနွေးတာပေါ့။ ခင်ဗျားတို့ အဲသလိုမလုပ်နဲ့။ ပြည်သူတွေ ကြောက်သွားအောင် မလုပ်ကြနဲ့။ ဘာညာပေါ့” ဒါကို ပြည်သူတွေက သိသွားတယ်။ သိသွားတော့ အဲဒီအိမ်ကို လူတွေက သွားဝိုင်းကြတယ်။ အိမ်ကလည်း လမ်းထောင့်မှာ ရှိတယ်။ ထောင့်ဆိုတော့ သူတို့လည်း ချက်ချင်း ပြေးလို့မလွတ်နိုင်ဘူး။ သပိတ်ကော်မတီက သူတို့ကို ပြောတာက “မင်းတို့ လူထုကို ဝန်ချတောင်းပန်လိုက်ပါ” လို့ ဆွေးနွေးညှိနှိုင်းတာကို သူတို့က ဖောလျှောလုပ်ပြီး ခေါင်းညိတ်တယ်။”   “ကျနော်ကိုယ်တိုင်လည်း အဲဒီအိမ်ရဲ့ ဝရံတာက ထွက်ပြီး ဒေါသထွက် ဆူညံပွက်နေတဲ့ လူအုပ်ကြီးကို စိတ်ထိန်းကြဖို့နဲ့ ကျနော်တို့ သပိတ်တိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆက်လုပ်နိုင်ဖို့ ဟစ်အော်ပြီး လူထုကို ပြောခဲ့တယ်။ အဲလိုပြောပြီး အိမ်ထဲကို လှည့်အဝင် ကျနော့်ခေါင်းကို တည့်တည့်မတ်မတ်ကြီး အုတ်ခဲကျိုးပိုင်းတလုံး လူအုပ်ထဲက ပစ်တာကို ခံလိုက်ရတယ်။ လေသံကို ဝှစ်ကနဲ ကြားပြီး ရှောင်လိုက်နိုင်လို့သာပေါ့။ နို့မဟုတ်ရင် ထောက်လှမ်းရေးထက်အလျင် ကျနော် မာလကီးယားမလားဘဲ ကိုကျော်ရေ”  “
Read more

“အမေရိကန်က ပုန်ကန်မှုနှိမ်နင်းရေးနဲ့ တည်ငြိမ်ရေးလုပ်ငန်းတွေကို အာရုံကျနေချိန်မှာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေဟာ အခြေခံအဆောက်အဦ၊ နည်းပညာနဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်”

■ အီရန်နဲ့ စစ်ခင်းမယ့်အကြံဟာ အမေရိကန်အတွက် ခြေလှမ်းအမှားလား ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန် ရေတပ်အင်အား တိုးလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဝါရှင်တန်ဟာ အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲတခု ဆင်နွှဲတော့မလားဆိုပြီး ခန့်မှန်းချက်တွေ ထွက်လာပါတယ်။ ဒီတခါတော့ အီရန်နဲ့ပေါ့။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုတွေကို အပြီးတိုင်ရပ်ဖို့၊ ဒုံးကျည်အစီအစဉ်တွေကို ထိန်းချုပ်ဖို့နဲ့
Read more

မရဏ နာရီ (ပထမပိုင်း) 

အာရက္ခအားမာန်ရဲဘော်ကျော်ဟန် (အပိုင်း ၂၆)  ဌေးဝင်း ၁၉၉၀ ပြည့်နှစ် မတ်လကုန်ခါနီးလောက်မှာ ဆရာကြီး ဦးဦးသာထွန်း ထောင်ထဲ ရောက်လာတယ်။ ဆရာကြီး ဦးဦးသာထွန်းဟာ မင်းပြားမြို့နယ်ထဲက ရွာတရွာမှာ ရွေးကောက်ပွဲ စည်းရုံးရေးတရားဟောရင်း အဖမ်းခံရတယ်။ ရွေးကောက်ပွဲက မေလမှဆိုတော့ ရွေးကောက်ပွဲမဝင်ခင် တလကျော်ကျော် နှစ်လနီးနီးအချိန်ပေါ့။  ဒီကြားထဲမှာ တိုက်ကနေ အချုပ်ဆောင်ကို ငါ ရွှေ့ပြောင်းခံလိုက်ရတယ်။ ဖြစ်ပုံကတော့ ထောင်ထဲမှာ သတင်းစာသွင်းခွင့် ဖတ်ခွင့် မပေးထားဘူး။ ဒီတော့ သတင်းစာတွေကို အပြင်က ခိုးသွင်းပြီး ဖတ်ရတာပေါ့။ တနေ့မှာ ဦးသာကျော် ရုံးတက်ရက်မှာ ရုံးကအပြန်မှာ သတင်းစာတစောင်ကို ဝှက်ပြီးသွင်းယူတယ်။ သူယူလာတဲ့ အဲဒီသတင်းစာကို ငါတို့အချင်းချင်း လက်ဆင့်ကမ်း လဲလှယ် ဖတ်ကြတယ်လေ။  ညဘက်တခုမှာ ထောင်ကို အာဏာပိုင်တွေက ရှောင်တခင် ဝင်စစ်တယ်။ ဒါကို ထောင်စကားနဲ့ ပြောရရင် တလာစီတယ်ပေါ့။ ထောင်အာဏာပိုင်တွေ တလာစီချိန်မှာ အကျဉ်းသားအားလုံးဟာ အခန်းပြင်ထွက်ပေးရပြီး ပုံစံထိုင်ပေးနေရတယ်။ ဒီအချိန်မှာ ထိုင်တဲ့ပုံစံက တင်ပလ္လင်ခွေပြီး လက်သီးဆုပ်ကို ဒူးပေါ်တင် ခေါင်းငုံ့ ပုံစံ မဟုတ်ဘူး။ ဆောင်းခြောင့်ထိုင်ပြီး လက်ကို ရှေ့ချထားကာ ခေါင်းငုံ့ထိုင်နေရတဲ့ ပုံစံ။ အဲဒီအချိန်မှာ ထောင်ဝါဒါတွေဟာ အခန်းထဲဝင်ပြီး ရှိရှိသမျှဖွ မွှေနှောက်ပြီး ရှာတော့တာဘဲ။ ငါနေတဲ့အခန်းထဲမှာတော့ ငါရယ် ကိုဘနှောင်းရယ် ထွန်းဝင်းဆိုတဲ့ (၁၀) တန်းကျောင်းသားနဲ့ သုံးယောက်နေကြတယ်။ ရှာတော့ ငါ့အိပ်ရာအောက်က သတင်းစာတစောင်ရတယ်။ ရတော့ ငါ့ကိုစစ်တော့တာပေါ့။ ဒီသတင်းစာ ဘယ်သူ သွင်းလာလဲပေါ့လေ။ ဂွကျတာက ငါ သွင်းလာတယ်လို့ ပြောရအောင်ကလည်း သတင်းစာက ငါရုံးထွက်ပြီးမှ ထွက်တဲ့သတင်းစာ ဖြစ်နေတယ်။ သတင်းစာဆိုတာက ကြိုထုတ်ထားတာမှ မဟုတ်တာ။ အမှန်အတိုင်းဖွင့်ပြောလိုက်ရင်လည်း သွင်းလာတဲ့လူက အသက်ကြီးနေတဲ့လူဖြစ်သလို NLD ပါတီက ရက္ခိုင်ပြည်ဥက္ကဌလည်း ဖြစ်တယ်။ သူ ဒေါက်ခတ်ခံရမှာ သေချာတယ်။ ဒီတော့ ငါက မသိဘူးလို့ဘဲ ဘူးခံရတော့တာပေါ့။ သူတို့က ငါ့ကို မင်းအိပ်ရာအောက် ရောက်နေတာ မင်းမသိရဘူးလားလို့ မေးတာပေါ့။ ငါကလည်း ရှေးနည်းအတိုင်း ဘူးကွယ်ငြင်းတော့ တလာစီရာမှာ လိုက်ပါလာတဲ့ ဒု-ထောင်ပိုင်က ဒေါကန်တာပေါ့။ “မင်းအိပ်ရာအောက်ကို မြွေဝင်ရင်ရော မင်း မသိဘဲ နေမလား” ဆိုတော့ ငါလည်း တိတ်နေတာပေါ့။ မင်းဝန်ခံ။ ဝန်မခံရင် မင်းကို ထောင်းတွင်းပြစ်ဒဏ်ပေးမယ်။ မင်းကို နေရာပြောင်းပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ဘာဘဲပြောပြော တိုက်ထဲမှာ နေရတာက အဆောင်နေရတာထက် ပိုပြီးကောင်းတာကို ငါသိတယ်။ သို့သော်လည်း ငါ အမှန်အတိုင်း ပြောလိုက်ရင် ဦးသာကျော် အသက်ကြီးသူ လူကြီးတယောက် အပြစ်ပေး အရေးယူတာ ခံရမယ်။ သူ့ကို အပြစ်ပေးခံရစေမဲ့အစား ငါဘဲခံလိုက်မယ်ဆိုပြီး ငါက ဝန်မခံတဲ့အတွက် ငါ့ကို နောက်တနေ့မှာပဲ အချုပ်သား အများကြီးထားတဲ့ အချုပ်ဆောင် အဆောင် ၂ အခန်း ၅ ကို ပို့လိုက်တယ်။ ဒေါက်တော့မခတ်ဘူး။ အခန်းမှာ လူ (၃၀) လောက်ရှိတယ်။ ပြစ်မှုမျိုးစုံနဲ့ဘဲ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီမှာ အရေးခင်းကာလတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတောခိုလာသူ မင်းပြားက ကိုကိုဦးဆိုတဲ့ ကျောင်းသားကို အခန်းထဲမှာ လာတွေ့ တယ်။  ငါနေရတဲ့အခန်းလူကြီးက ခင်မောင်အေး။ သူက ကျေးပင်ကြီးရပ်ကွက်က ဦးမောင်စောဖြူထမင်းဆိုင်က အကြီးဆုံးသား။ MI 10 က စစ်ထောက်လှမ်းရေး လေးယောက်ကို သတ်မှုနဲ့ အဖမ်းခံထားရတဲ့သူ။ သူက ငါ့ကို အခန်း ရဲ့ဘုရားစင်အောက်မှာ နေရာကောင်းကောင်းချပေးတယ်။ ပြီးတော့ ငါနဲ့အပြင်မှာကတည်းက ရင်းနှီးတဲ့ ခင်မောင်အေးရဲ့ အမှုတွဲဖြစ်တဲ့ ကိုမောင်လှဖြူ။ ကိုမောင်လှဖြူဆိုတာက စစ်တွေမှာ သိပ်ကို နာမည်ကြီးတဲ့ လူငယ်သိုင်းသမား။ သိုင်းမှာ သိပ်ထူးချွန်တဲ့သူ။ သူက အချုပ်ထောင်ရုံးတာဝန်ခံ။ ကိုနိုင်နိုင်က အခန်း (၄) က အခန်းလူကြီးဖြစ်တယ်။ နောက်တယောက်က သိန်းအောင်ကျော်။ သူကလည်း အဆောင် ၂ အခန်း ၂ က အခန်းလူကြီးဘဲ။  ပြီးတော့ သိန်းအောင်ကျော်က ဆေးရုံကိုလည်းကိုင်ထားတဲ့ ဆေးရုံတာဝန်ခံ။ ဒီအဖြစ်အပျက်နဲ့တွဲပြီး ငါ ပိုမှတ်မိနေစေတာ နောက်တခုက ငါ့ကို အချုပ်ဆောင်ထဲပို့ပြီး နှစ်ရက်အကြာမှာ ဆရာကြီး ဦးဦးသာထွန်း ထောင်ထဲကိုရောက်လာတာပါဘဲ။  ဆရာကြီးဆိုတာက ရက္ခိုင်လူမျိုးတွေ အလွန် ချစ်ခင်လေးစား ကြည်ညိုခြင်းခံရတဲ့ ပညာရှင်တဦးပါ။ ပြီးတော့ ဉာဏ်ပညာပိုင်းမှာလည်း အံ့ခမန်း ထူးချွန်တဲ့ ပါရမီရှင်ပေါ့။ တိုင်းပြည်နဲ့ လူမျိုးအတွက် အရေးအကြီးဆုံး အချိန်ရောက်လာတဲ့အခါ လူကြည်ညိုခံ လေးစားခံ ပညာရှိ ပညာရှင်ဆိုတဲ့ နေရာမှာ အခန့်သား မနေနိုင်ဘဲ ‌ဘေးအန္တရာယ် ရောပြွမ်းနေတဲ့ နိုင်ငံရေးလောကထဲသို့ ဇရာအရွယ်ရောက်နေသော်လည်း သူ့ခေတ် သူ့ကာလ က ပေးလာတဲ့ သမိုင်းပေးတာဝန်တရပ်ကို ရဲရဲဝံ့ဝံ့ ပြတ်သားစွာ ယူခဲ့သူပါ။ ဆရာကြီးဟာ ဒီမိုကရေစီအရေး။ တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိရန် တိုက်ပွဲဝင်ဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ နာယကကြီးအဖြစ် ရှေ့တန်းက တာဝန်ယူခဲ့တယ်။ ပြီးတော့ ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) ရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးလည်း ဖြစ်တယ်။ ဆရာဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးခရီးစဉ်အဖြစ် အနယ်နယ် အရပ်ရပ်ကို မဲဆွယ် တရားဟော ထွက်ခဲ့တယ်။ မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာ မဲဆွယ် တရားဟောပွဲမှာ တရားဟောနေစဉ် ဖမ်းဆီးခံခဲ့ရတယ်။ ရင်နာစရာ အလွန်ကောင်းတဲ့ သမိုင်းအမည်းကွက်တခုက ဆရာကြီးကို အမှုဆင် တရားစွဲသူဟာ မဆလတဦးဖြစ်တဲ့ ရက္ခိုင်လူမျိုး ဗိုလ်ချုပ်တဦးလည်းဖြစ်တဲ့ သူရဦးစောဖြူ ဖြစ်နေတယ်။ သူရစောဖြူဟာ လေယာဉ်မောင်းတာ အရမ်းတော်တယ်လို့ နာမည်ကြီးတဲ့ ပိုင်းလောဖြစ်သလို စစ်တွေ ဆန်ပြဿနာမှာလည်း ရက္ခိုင်တွေကို သတ်ခဲ့တဲ့ တရားခံအဖြစ် ရက္ခိုင်တွေက မှတ်ယူထားကြတယ်။ ဒါက ဘာကိုပြသလဲဆိုရင် ကိုယ့်လူမျိုးပေမဲ့ ရန်သူ့ဘက်တော်သား အာဏာရှင်တွေရဲ့ အလိုတော်ရိ အစေအပါးဖြစ်သွားတဲ့အခါ အလွန်ကြောက်စရာကောင်းတဲ့ ပုဆိန်ရိုးတချောင်း ဖြစ်သွားတယ် ဆိုတာပါဘဲ။ သူက ဆရာကြီးကို အမျိုးသားရေး တရားဟောတယ်လို့ စွဲချက်တင်ပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်။ ငါနဲ့ သိန်းအောင်ကျော်က အသက် နည်းနည်းကွာတယ်။ သူ့အမနဲ့မှ ကျောင်းနေဘက်။ ဒါပေမဲ့ သိန်းအောင်ကျော်ဆိုတာက စစ်တွေမြို့မှာ လူသိများသူ။ လူချစ်လူခင်များသူ။ စစ်တွေမှာပြောကြတဲ့ စကားနဲ့ဆိုရင် “ခေါင်းပေါ်” တွေထဲက တယောက်ပေါ့။  အဲဒီခေတ် အဲဒီအခါ ငါတို့ကျင်လည်ရတဲ့ စစ်တွေမြို့က လူငယ်စရိုက်ဆိုတာက တပါတီ အာဏာရှင် မဆလ ဖန်တီးထားတဲ့ လူငယ်ထုကို မူးယစ်ဆေးဝါးနဲ့ နစ်မျောခိုင်းနေတဲ့အချိန်။ ဖန်စီဒိုင်းတို့ မော်ဖိန်းတို့ လူငယ်တွေကြား ခေတ်စားတဲ့ ကာလပေါ့။ လူငယ်ထုက အဲဒီလောက အဲဒီအဝန်းအဝိုင်းထဲကမှာ တဝဲဝဲ လည်နေကြတယ်။ တချို့တချို့ကတော့ ဒီအဝိုင်းအဝန်းက လွတ်ကင်းကြတာလည်း ရှိကြပါတယ်။ မိဘဩဇာ မိဘလောင်းရိပ်မှာ ပိပိရိရိနေတဲ့သူတွေကတော့ လွတ်တာပေါ့လေ။ မိဘလောင်းရိပ်အောက်မှာ နေတဲ့ထဲကတောင်မှ လွတ်လပ်မှုကို တိတ်တခိုးရှာဖွေသူတွေက ဒီအဝန်းအဝိုင်းထဲ ရောက်လာတဲ့ အချို့တွေလည်း ရှိတာပေါ့။ သိန်းအောင်ကျော်နဲ့ ပတ်သက်လို့ ငါ မမေ့နိုင်တာတခုက ငါ အချုပ်ကနေ တရားရုံးထွက်စဉ်က စစ်တွေမြို့ထဲက စီဘီ အချုပ်ခန်းထဲမှာ ခဏဆုံကြတုန်းပေါ့။ ငါက စစ်ကြောရေးမှာ ခံထားရလို့ ဂိနေချိန် သူက “ကိုကျော် ဘာမှ အားမငယ်နဲ့။ ကျနော်တို့ ရှိတယ်”။ “ထောင်ထဲကို လာခဲ့” “ထောင်ထဲရောက်ရင် ကိုကျော် ဘာမှ ပူစရာမလိုဘူး။ ထောင်ထဲမှာ အကို့သူငယ်ချင်းတွေ အားလုံးကို စီးထားတယ်” လို့ ပြောဖူးတာ ရှိတယ်။  ပြီးတော့ အဲဒီ ထောက်လှမ်းရေးသတ်မှုထဲက ငါ့သူငယ်ချင်းတယောက်ဖြစ်တဲ့ ကိုမောင်လှဖြူဟာ အဲဒီတုန်း က အချုပ်ရုံးမှာ တာဝန်ကျနေလို့။ သူက ငါ့ကို အဆောင်ကို ခေါ်ထားဖို့ ထောင်မှူးကို ပြောပေးပါသေးတယ်။ ဒါပေမဲ့ ထောင်မှူးက ငါ့ကို အဆောင်မှာထားလို့ မဖြစ်ကြောင်း ပြန်ပြောတယ်။ ဒါကြောင့် ငါဟာ ကြိုးတိုက်ထဲ ရောက်သွားခဲ့ရတာ။  ငါ ထောင်ထဲရောက်တော့ ဟုတ်တယ် သူပြောတဲ့အတိုင်းဘဲ။ ငါ့ကို သိန်းအောင်ကျော်တို့အုပ်စုက အကောင်း ဆုံး ဝန်းရံကြတယ်။ ငါက သူတို့နဲ့ ရင်းတဲ့သူမို့ ဒီလိုဆက်ဆံတာလားလို့ ထင်စရာရှိတယ်။ မဟုတ်ဘူး။ သူတို့က တထောင်လုံးက အကျဉ်းသားအားလုံးကို အတတ်နိုင်ဆုံး ဖေးမကူညီကြတယ်။ ဒီလို ဝန်းရံနိုင်ဖို့အတွက် သူတို့တွေ ဦးဆောင်ပြီး တိုက်ပွဲဝင်ထားလို့ ခုလို ထောင်ထဲက အကျရော အချုပ်သားတွေပါ မြန်မာနိုင်ငံက အခြားထောင်တွေနဲ့ နှိုင်းစာရင် အများကြီး သက်သာမှုရှိတယ်ဆိုတာ အတွေ့အကြုံရင့်တဲ့ အကျဉ်းသားကြီးတွေကတဆင့် ငါ သိလာရတယ်။ ဒါကြောင့် ငါသိချင်လို့ သိန်းအောင်ကျော်ကို မေးကြည့်တော့ သူက ငါ့ကို ဘုရားဝင်းထဲက သစ်ပင်‌‌အောက် တနေရာမှာ ပြောပြခဲ့တာ။  ဘုရားဝင်းဆိုလို့ ဒီစစ်တွေထောင်ထဲက ဘုရားမှာလည်း သူ့သမိုင်းနဲ့သူ ရှိတယ်။ ဒီဘုရားရဲ့ဒကာက မူဆလင်ဘင်္ဂလီလူမျိုး ကာဆိမ်း။ သူက အသက်ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတယောက်ဆီက ပစ္စည်းလု လူသတ် အလောင်းဖျောက်ဖျက်မှုနဲ့ သေဒဏ်ချခံခဲ့ရတဲ့သူ။ သူဟာ သေဒဏ်ချခံခဲ့ရလို့ အရမ်းဘဲ တုန်လှုပ်‌ခြောက်ချားပြီး ကြောက်စိတ်ဝင်သွားတယ်။ ကာဆိမ်း ကြိုးတိုက်ထဲမှာရှိနေတုန်း ပုသိမ်ကျောင်းက ကျောင်းထိုင်ဆရာတော်ကလည်း မတရားအသင်းဆက်သွယ်မှုနဲ့ ဆက်သွယ်တယ်လို့ အစိုးရက စွပ်စွဲတဲ့အတွက် ထောင်ထဲကို ရောက်လာတယ်။ ဆရာတော့်ကို အဆောင်မှာမထားဘဲ ကြိုးတိုက်ထဲမှာ ထည့်ထားတယ်။ သဘောကတော့ ဒစရိုက်မှုမျိုးစုံနဲ့ ကျလာတဲ့လူတွေနဲ့ မထားချင်လို့ရယ်။ နားအေးပါးအေး နေပါစေလို့ ထားပေးတာလည်း ဖြစ်နိုင်တယ်။ ဒီလိုနဲ့ ကာဆိမ်းနဲ့ ဆရာတော်တို့ တွေ့ကြဆုံကြရာက ခင်မင် ရင်းနှီးလာကြတာပေါ့။ ဆရာတော်ဟာ ကာဆိမ်းနဲ့ စကားပြောရင်း ဘုရားတရားအကြောင်းတွေ အလျဉ်းသင့်သလို ပြောပြ ဟောပြရာကနေ ကာဆိမ်းဟာ ဗုဒ္ဓရဲ့တရားဓမ္မကို နားလည် လက်ခံလာတယ်။ စိတ်ဝင်စားလာတယ်။ ကံ ကံ၏ အကျိုးကို ကောင်းစွာ သဘောပေါက် လက်ခံလာတယ်။ အဲဒါကြောင့် အစ္စလမ်ဘာသာဝင်ကနေ ဗုဒ္ဓဘာသာသို့ ထောင်တွင်းမှာဘဲ ဆရာတော့်အထံမှာ ကူးပြောင်းခဲ့တယ်လေ။ ဒါကြောင့် သူဟာ ထောင်တွင်းမှာ ညာဏ်တော် သုံးပေလောက်ရှိတဲ့ ကြေးဆင်းတုတော်တဆူကို လှူဒါန်းခဲ့တယ်။ ဒါကတော့ ပုသိမ်ဆရာတော်ရဲ့ သီလ သမာဓိ ပညာ စတဲ့ စွမ်းအားက သူ့ကို ဗုဒ္ဓရဲ့ မေတ္တာတရားအောက်ကို ရောက်အောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုရမှာဘဲ။ တကယ်တော့ ပုသိမ်ဆရာတော်ဆိုတာကလည်း ရက္ခိုင်မှာ နာမည်ကြီးလေ။ အောက်မှာ ဆက်လက်ဖော်ပြမဲ့အကြောင်းက သိန်းအောင်ကျော် ငါ့ကို ပြောပြခဲ့တဲ့ သူတို့ ဖြစ်စဉ်ထဲက အကြောင်းအရာ တချို့ပါဘဲ။ သူက ငါ့ကို ကိုကျော်လို့ ခေါ်တယ်။ ငါကတော့ သူဟာ ငါ့ထက်ငယ်ပေမဲ့ သူ့ နာမည်ကို ခေါ်ပြီး ပြောလေ့ရှိတယ်။ ကိုကျော်လို့ ခေါ်ရခြင်းက ငါ့နာမည်မှာ ကျော်ပါလို့ ဖြစ်သလို ငါတို့ခေတ်က ရုပ်ရှင်မင်းသား ကျော်ဟိန်းက လျှမ်းလျှမ်းတောက် အောင်မြင်ချိန်ဖြစ်လို့ ငါတို့ကလည်း ကျော်ဟိန်းစတိုင် ဖမ်းကြတယ်လေ။  ဒါကြောင့်လည်း ပါမှာပေါ့။ ထောင်တွင်းဖြစ်ပေမဲ့ ဘုရားဝင်းဆိုတော့ တိတ်ဆိတ် ငြိမ်သက်ခြင်း အေးငြိမ်းခြင်းဆိုတဲ့ ခံစားမှုကို ရစေတာဘဲလို့ ငါ ထင်မိတယ်။ အဲဒီ တိတ်ဆိတ်မှုကို စတင်ပြီး ဖျက်လိုက်တာက သိန်းအောင်ကျော်ရဲ့ စကားသံပါဘဲ။  “ကိုကျော်ရေ ကျနော် ဒီအကြောင်းတွေ ပြန်ပြောရမယ်ဆိုရင် ကျနော့်ဘဝ တစိတ်တဒေသကိုလည်း အရင်ပြောမှ ပြည့်စုံမယ်လို့ ထင်တယ်”  သိန်းအောင်ကျော်က ဆိုတော့ ငါကလည်း  “အေး.. ပြောပါ။ ဒီထောင်ထဲမှာဆိုတာက ငါတို့ အချင်းချင်း ကိုယ့်အကြောင်း သူ့အကြောင်း ဒီလိုဘဲ ပြောရင်း ပစ္စုပ္ပန်ကို ကျော်ဖြတ်နေကြရတာ မဟုတ်လား။ ပြောပါ ငါ နားထောင်ချင်တယ်” 
Read more

■ အမေရိကန် နည်းပညာကုမ္ပဏီတွေ ဘာလို့ အိန္ဒိယမှာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံနေကြတာလဲ

အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေက အေအိုင်နည်းပညာအတွက် အသုံးစရိတ်တွေကို အရှိန်မြှင့်လာနဲ့အမျှ အိန္ဒိယနိုင်ငံဟာ အဓိက အကျိုးအမြတ်ရမယ့်သူ ဖြစ်လာနေပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ အာရှမှာ သူတို့ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် အိန္ဒိယမှာ ဒေတာစင်တာတွေနဲ့ AI အခြေခံအဆောက်အအုံတွေ တိုးချဲ့ဖို့ နောက်လေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇.၅ ဘီလျံ သုံးစွဲသွားမှာပါ။ ဂူဂဲလ်ကလည်း
Read more

မြွေပွေးကိုမှ ခါးပိုက်ပိုက်ခဲ့မိတဲ့ ငါ့အဖြစ်

အာရက္ခအားမာန်ရဲဘော်ကျော်ဟန် – အပိုင်း ၂၅ ဌေးဝင်း ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများအစား ပါတီများရဲ့ နိုင်ငံရေးသမားများက ပါတီစည်းရုံးရေး လှုပ်ရှားလာကြတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) က ရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရတဲ့ ပါတီကို အာဏာလွှဲပေးမယ်လို့ ကတိပေးထားတာကို။ ဒါပေမဲ့ နယ်စပ်အသီးသီးသို့
Read more