အာရက္ခအားမာန် ရဲဘော်ကျော်ဟန် အပိုင်း ၃၅
ဌေးဝင်း
ငါ မြစ်နားရွာကိုရောက်တော့ ငါ့အဖိုးအိမ်ရဲ့ ဘယ်ဖက်ကပ်ရက်ကအိမ်ကို မျက်နှာညှိုးငယ်စွာနဲ့ စောင်းကြည့်ပြီး သက်ပြင်တချက် ချမိတယ်။ အဲဒီအိမ်မှာ ငါတို့ရဲ့ခေါင်းဆောင် AIO ဥက္ကဌ မောင်ကျော်လှိုင် နေခဲ့တာလေ။ အခုတော့ ငါမရောက်မှီ လေးလလောက်က ၁၉၉၅ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ သူဆုံးသွားတာ ဖြစ်တယ်။ ငါက ၁၉၉၅ ဇူလိုင်လမှာ ရောက်လာတာ ဖြစ်တယ်။ ငါ တွေ့ခွင့် မရလိုက်။
ငါ မြစ်နားရွာရောက်လို့ သုံးရက်အကြာမှာ ချိုဇံဟာ ငါနဲ့ချိန်းထားတဲ့ ခြံချောင်းရွာကို ရောက်လာတယ်။ အဲဒီရွာမှာ သူ့အမေရဲ့အစ်ကို ဦးစောလှဖြူက အဲဒီမှာအိမ်ထောင်ကျလို့ ရှိတယ်။ သူက အဲဒီအိမ်မှာ တည်းတယ်။ ငါဟာ သူတည်းနေတဲ့ ခြံချောင်းမှာ သူ့ကို သွားတွေ့ပြီး ထိုင်းနိုင်ငံမှာ ပြုလုပ်မဲ့ ရက္ခိုင်ကျောင်းသား လူငယ် ညီလာခံအကြောင်းကို အသေးစိတ် ပြောပြတယ်။ ကိုခိုင်မြတ်ကျော် ကိုစံသာအောင်တို့နဲ့ အိန္ဒိယမှာရှိတဲ့ ကိုကျော်ကျော်တို့နဲ့ ဆက်သွယ် ဆောင်ရွက်ထားတာတွေရယ်။ သူတို့လည်း ညီလာခံလာကြမဲ့ အခြေအနေတွေကို ပြောပြတော့ သူလည်း ဝမ်းသာအားရနဲ့ဘဲ ညီလာခံကို တက်မယ်လို့ ပြောတယ်။ ဒါကြောင့် ငါက
“ဒါဆိုရင် ပတ်စပို့ ရှိပြီလား”
လို့ မေးတော့
“လုပ်ရမယ်။ လုပ်ရင် ရတယ်”
ဆိုတော့ ငါက
“ပတ်စပို့ လုပ်ဖို့အတွက် လိုတဲ့ငွေကို ဒါကားက ဆရာမ ဒေါ်မကျော့လှဆီမှာ သွားယူလိုက်ပါ။ ငါ ငွေတချို့ အပ်ထားခဲ့တာ ရှိတယ်။ အဲဒီက လိုအပ်တဲ့ငွေကို ထုတ်ယူလိုက်ပါ”
လို့ ပြောပြီး ငါ မြစ်နားရွာကို ပြန်လာလိုက်တယ်။
ငါ မြစ်နားရွာမှာရှိနေတုန်း ရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ထောင်က လွတ်လာပြီဆိုတဲ့သတင်း ကြားရတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်တဲ့နေ့က ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ ဖြစ်တယ်။ ငါ မြစ်နားရွာမှာ (၅) ရက်လောက်နေပြီး ဖလောင်းချိတ်ကို ဆက်သွားတယ်။ အဲဒီမှာ ရှိနေစဉ် ကိုချိုဇံဆီက စာတစောင် ရောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် ထောင်က လွတ်လာပြီဖြစ်တယ်ဆိုတော့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတခု အလျှင်အမြန် ဖြစ်လာနိုင်ခြေ ရှိတယ်။ အဲဒါကို သူ့အနေနဲ့ စောင့်ကြည့်ချင်တယ်။ ဒါကြောင့် ညီလာခံတက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ရေးထားတာကို ဖတ်ရတော့ ငါလည်း ကိုချိုဇံဆီကို ချက်ချင်းဘဲ စာပြန်ရေးပို့ လိုက်တယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်လာလို့ ဖြစ်လာမဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအပေါ်မှာ လုပ်သင့်တာကို လုပ်နိုင်ဖို့အတွက် ငါတို့ စုစုစည်းစည်းနဲ့ အချိန်မီ ကြိုတင် ပြင်ဆင်ထားနိုင်ဖို့ ပိုလိုအပ်တယ်လို့ ငါထင်တယ်။ ဒီညီလာခံမှာ ဒီအကြောင်းတွေကို ဆွေးနွေးဖို့အနေနဲ့ ပိုလိုအပ်တယ် ထင်တယ်။ ဒါကြောင့် ရှစ်လေးလုံး ရက္ခိုင်ကျောင်းသား ခေါင်းဆောင်တယောက်အနေနဲ့ ရက္ခိုင်ကျောင်းသား လူငယ်ညီလာခံကိုတော့ တက်ရောက် ဆွေးနွေးသင့်တယ်လို့ ငါ့စာထဲမှာ ထည့်ရေးလိုက်တယ်။ အဲဒီနောက် ငါဟာ ကိုစောထွန်းနဲ့ ချိန်းထားတဲ့ ဟာရပင်းရွာကို ခရီး ထွက်သွားလိုက်တယ်။
ကိုစောထွန်းနဲ့အတူ ဟာရပင်းရွာ ရာဇိန္ဒ ဘုန်းကြီးကျောင်းမှာနေတဲ့ AIO အတွင်းရေးမှူး မောင်ရှင်ကြီးနဲ့လည်း တွေ့ခဲ့တယ်။ ဒါ့ပြင် စုက္ကရားရွာ (ထောင်သောင်းရွာ) မှာ သီတင်းသုံးနေတဲ့ ရွာမပြင်ဆရာတော်ကိုလည်း ဖူးတွေ့ခဲ့တယ်။ အဲဒီနောက်မှာ မြစ်နားရွာကို ပြန်ဆင်းလာခဲ့တယ်။ မြစ်နားရွာမှာ ရက်အနည်းငယ် ထပ်နေပြီး ကိုစောထွန်းနဲ့ ချိန်းထားတဲ့နေရာမှာ နောက်တခေါက်သွားပြီး ထပ်ဆုံခဲ့သေးတယ်။
အဲဒီကတဆင့် ဒါကားကို သွားတယ်။ ဒါကားမှာ ABSDF (Arakan) ဥက္ကဌ ခိုင်ဆန်းအောင်။ ရက္ခိုင်ရဟန်းပျိုသမဂ္ဂ ဥက္ကဌ ကိုယ်တော် ဦးသီဟတို့နဲ့ တွေ့ဆုံပြီး ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြား ဆွေးနွေးပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်ကို ပြန်လာခဲ့တယ်။
ဘန်ကောက်ကနေ ဦးအောင်စိန်သာရှိရာ ပကျွတ်ကိုသွားပြီး သူ တာဝန်ပေးလိုက်သည့်ကိစ္စနှင့် ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ပြန်ပြောပြခဲ့တယ်။ အဲဒီနောက် ပကျွတ်မှာ တပတ်လောက်နေပြီး ညီလာခံကိစ္စ ရှိနေလို့ ဘန်ကောက်ကို သွားရမယ်လို့ ဦးအောင်စိန်သာကို ပြောပြီး ဘန်ကောက်ကို ပြန်တက်လာခဲ့ကာ ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး ညီလာခံ အထွေထွေကိစ္စတွေကို ဆွေးနွေး ညီလာခံ စတင်နိုင်မဲ့ရက်ကို အကြမ်းဖျင်း သတ်မှတ်ကြတယ်။ ပြီးတော့ အိန္ဒိယ ဘင်္ဂလားဒေ့ရှ်က ကိုယ်စားလှယ်တွေနဲ့ အဆက်အသွယ် လုပ်စရာရှိတာတွေကို လုပ်ရင်း ညီလာခံ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး စိုင်းပြင်းနေကြစဉ် အခက်အခဲတခု ထပ်ပေါ်လာပြန်တယ်။ အဲဒါက ဘာလဲဆိုတော့ ညီလာခံ လာတက်မဲ့သူတွေထဲက တဦးဖြစ်တဲ့ ကိုခိုင်ကျော်ကျော်မှာ ပက်စပို့ မရှိဘူး။
ဒါကို ဘယ်လိုလုပ်ကြမလဲဆိုပြီး ခေါင်းခဲနေကြစဉ် သူတော်ကောင်း နတ်ကောင်းမဆိုတဲ့ စကားပုံလိုပါဘဲ။ အဲဒီအချိန်မှာ သင်္ဘောက ဆင်းလာတဲ့ ရက္ခိုင်သားသင်္ဘောသား ကိုကျော်ဆိုသူက ခုလို ပြောတယ်။
“အကိုတို့ရဲ့ ဒီညီလာခံတက်ဖို့အတွက် အိန္ဒိယက ကျောင်းသားခေါင်းဆောင်အတွက် အခက်အခဲတခု ကြုံနေရတယ်လို့ သိရတယ်။ အဲဒီအခက်အခဲကို ကျနော့်အနေနဲ့ ကူညီပေးနိုင်တယ်”
“ဟုတ်တယ် ကိုကျော်။ အိန္ဒိယက တက်လာမဲ့ ကျောင်းသားခေါင်းဆောင်တယောက် ထိုင်းကိုလာဖို့ အခက်ကြုံနေတယ်။ သူက ရှစ်လေးလုံးတုန်းက ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်နေတော့ ငါတို့က သူ့ကို တက်ဖြစ်အောင် တက်စေချင်တာ။ ခုတော့ သူ့မှာ ခရီးသွားဖို့ နိုင်ငံကူးလက်မှတ်က မရှိ ဖြစ်နေတယ် ကိုကျော်”
“ဒီကိစ္စကို ကျနော် ကူညီချင်ပါတယ်။ ဘာလို့ ကူညီချင်လည်းဆိုတော့ အကိုတို့ ခုကြိုးစားနေတဲ့ ကျောင်းသားလူငယ် ညီလာခံဟာ ရက္ခိုင်တွေအတွက် အခုလိုအချိန်မှာ လုပ်ဖို့ လိုအပ်တယ်။ အရေးလည်း ကြီးတယ်ဆိုတာကို ကျနော် သိတယ်။ ဒါကြောင့် ဒါကို ကျနော် ကူညီမယ်။ ကျနော့်အနေနဲ့ ဒီလို လုပ်ဆောင်ပေးလို့ ရတယ်။ ကျနော် အိန္ဒိယကို လိုက်သွားမယ်။ ဟိုကိုရောက်ရင် ကျနော့် ပတ်စ်ပို့ကို ကပ်ခွါလုပ်ပြီး သူ့ကို ပေးလိုက်မယ်။ ဒါကို ကျနော် ကျွမ်းကျွမ်းကျင်ကျင်နဲ့ လုပ်ပေးလို့ ရတယ်။ ကျနော် အဲလို လုပ်ပေးမယ် ပြီးရင် သူ ထိုင်းမှာ ဘယ်လောက်ပဲကြာကြာ သူပြန်လာတဲ့အထိ ကျနော် အိန္ဒိယမှာ စောင့်နေလိုက်မယ်”
လို့ ဆိုတော့ ငါတို့ ကြုံနေရတဲ့ အခက်အခဲတခု ပြေလည်သွားတယ်။ ဝမ်းသာလိုက်တာ။ ကျေးဇူးတင်လိုက်တာလည်း မပြောပါနဲ့တော့။
“ခင်ဗျားကို ငါတို့ ဘယ်လို ကျေးဇူးတင်မှန်း မသိအောင် ကျေးဇူးတင်ပါတယ်ဗျာ”
လို့ ငါတို့က ပြောလိုက်ကြတယ်။ သူကိုယ်တိုင် အိန္ဒိယကို လိုက်သွားပြီး သူ့စာအုပ်ကို ကပ်ခွါလုပ်ပြီး ညီလာခံ လာတက်လို့ရအောင် ကူညီပေးမယ်လို့ သူ့ဘက်က အားတက်သရောနဲ့ တက်တက်ကြွကြွ ပြောလာတော့ ငါတို့အားလုံး ဝမ်းသာကြတယ်။ သူ့ကို ဒီနေ့ထိ ကျေးဇူးတင်တယ်လို့ ဒီနေရာကနေ ထပ်ပြီး ပြောလိုပါတယ်။ ကပ်ခွါဆိုတာက ပတ်စ်ပို့စာအုပ်မှာ ကပ်ထားတဲ့ မူလပိုင်ရှင်ရဲ့ ဓာတ်ပုံနေရာမှာ အခြားတယောက်ရဲ့ပုံကို အစားထိုး ကပ်လိုက်တာကို ပြောတာ။ ငါတို့ကြိုးစားဆောင်ရွက်နေတဲ့ အလုပ်ကို ငါတို့လူမျိုးတွေက ခုလို ကိုယ်တတ်နိုင်ရာက အားတက်သရော ပါဝင် ကူညီကြတဲ့အတွက် ခွန်အားသစ်တွေ အများကြီးရတယ်။
အဲဒီနောက်မှာ ငါတို့လည်း ညီလာခံအမှတ်တရ လွယ်အိတ်တွေ လုပ်ဖို့အတွက် ABSDF က ပန်းချီဆရာ မင်းကျော်ခိုင်ကို အကူအညီ တောင်းကြတယ်။ ဘင်္ဂလားဒေ့ရှ်က ညီလာခံ ကိုယ်စားလှယ်အဖြစ် (ABSDF Arakan) ဥက္ကဌ ကိုခိုင်ဆန်းအောင်။ ကိုယ်တော် ဦးသီဟ (ရခိုင်ရဟန်းပျိုသမဂ္ဂ ဥက္ကဌ) တို့နဲ့ အဆက်သွယ် လုပ်ကြတယ်။ ညီလာခံ လာတက်ကြမဲ့သူတွေအတွက် နေထိုင်ရန် နေရာ။ ညီလာခံ တက်ရောက်လာမည့် ခန်းမှန်းလူ (၆၀) လောက် ထိုင်လို့ ရနိုင်တဲ့ အခန်းပါတဲ့ အိမ်ကို ငှါးရန် လိုက်ရှာတာ စတဲ့ အလုပ်တွေကို ငါတို့ တာဝန်တွေခွဲပြီး စတင်ပြီး အားတက်သရော ပြင်ဆင်နေခဲ့ကြတယ်။
ငါတို့ ကော်မတီဝင်တွေဟာ ဒီလိုကြိုတင် ပြင်ဆင်နိုင်ဖို့ လူတွေစုပြီး ဆုံနေကျ နေရာကတော့ ကိုထွန်းကြိုင် (ဓညလင်း) အခန်းနဲ့ ကိုထွန်းသန်းရဲ့ အခန်းတွေမှာပါ။ ဒီလို ငါတို့ လှုပ်ရှားနေကြစဉ် တနေ့မှာ ကိုထွန်းကြိုင်ရဲ့ အခန်းမှာ ALP (Arakan Liberation Party) က ခိုင်မျိုးအောင် ခိုင်လင်းအောင် ခိုင်ကောင်းစံတို့နဲ့ ငါတို့ ဆုံဖြစ်ကြတယ်။ သူတို့ကတော့ တတိယနိုင်ငံတခုမှာ ပညာသင်ဖို့အတွက် ပါတီက အစီအစဉ်နဲ့ ဘန်ကောက်ကို တက်လာကြတာလို့ သိရတယ်။ အဲဒီအထဲက ခိုင်လင်းအောင်က ငါတို့ ကျောင်းသားလူငယ် ညီလာခံကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတာကို သတိထားမိတယ်။
ငါတို့ ညီလာခံ မစတင်ခင် ဖြစ်ပေါ်လာမဲ့ အဖွဲ့အစည်းမှာ ပါဝင်သင့်သူတွေ တာဝန်ယူသင့်သူတွေကို ကြိုတင် လျာထားတာတွေ ပြုလုပ်လာကြတယ်။ ဒီအခါမှာ ကိုခိုင်မြတ်ကျော်နဲ့ ကိုစံသာအောင်က ငါ့ကို ပါဝင်ဖို့ ဖိအားပေး တိုက်တွန်းလာတယ်။ ကိုစံသာအောင်က
“အကို.. ကိုကျော်ဟန်.. အကိုက ငါတို့ကိုကျတော့ အားလုံး စုပေါင်းလုပ်ကြပါလို့ ပြောပြီးတော့ အကိုကျတော့ အဖွဲ့ထဲ ပါဝင်ပြီး မလုပ်ဘူးဆိုတာ မဟုတ်သေးဘူး ထင်တယ်။ အကို့ရဲ့ နိုင်ငံရေး နောက်ခံသမိုင်းအရ အကိုက ပါကို ပါသင့်တယ်လို့ ငါထင်တယ်။ အကို ဝင်လုပ်ပါ”
ဆိုပြီး ပြောလာတာ ရှိတယ်။ ငါက အကျိုးအကြောင်းကို ခုလို
“ငါ့နာမည်တော့ မပါဘူး။ လူကတော့ ခင်ဗျားတို့နဲ့အတူတူ ရှိနေမှာပါ၊ ငါ့မှာက မိသားစုအရေးကို ဖြေရှင်းနိုင်အောင်ဆိုပြီး ကူညီပေးထားတဲ့ ငါ့အကိုကို ငါကတိမဖျက်ချင်သလို မိသားစုကို ပေးထားတဲ့ ကတိကဝတ်ကိုလည်း မဖျက်ချင်ဘူး။ ဒါကြောင့် ပတ်စပို့ သက်တမ်း (၂) နှစ် ကုန်တဲ့ထိတော့ ငါ့ကို နားလည်ပေးပါ”
လို့ ရှင်းပြရတယ်။
ကော်မတီဝင်တွေဖြစ်တဲ့ ကိုသိန်းအောင်ကျော်နဲ့ ကိုထွန်းကြိုင် (ဓညလင်း) တို့ နှစ်ဦးက ဖွဲ့လာမဲ့အဖွဲ့မှာ ပါဝင်ဖို့ ဆုံးဖြတ်ကြတယ်။ အလားတူ ပညာရေးကိစ္စနဲ့ရောက်နေတဲ့ ALP က သုံးယောက်ထဲက တယောက်ဖြစ်တဲ့ ခိုင်လင်းအောင်က သူပါဝင်ဖို့အတွက် ကမ်းလှမ်းလာတယ်။
ညီလာခံကို စက်တင်ဘာလ နောက်ဆုံးအပတ်မှာ ကျင်းပဖို့ ဆုံးဖြတ်ပြီး ညီလာခံ တက်ရောက်နိုင်မဲ့ ထိုင်းနိုင်ငံထဲက ကိုယ်စားလှယ်တွေကို ရွေးချယ်ဖိတ်ကြားစာပေးရန် အသီးသီး တာဝန်ခွဲယူကြတယ်။ ပြီးတော့ ညီလာခံ ပြုလုပ်ရန်အတွက် အိမ်တအိမ်ကို ငှါးကြတယ်။ အဲဒီအိမ်မှာ ကော်မတီဝင်တွေဟာ အချိန့်ပြည့် နေထိုင်ကာ တာဝန်တွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတယ်။
အဲဒီလို ငါတို့က တက်တက်ကြွကြွ ဆောင်ရွက်နေကြတာကို နီးစပ်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း သတိထား စောင့်ကြည့်နေကြတာတွေ ရှိတယ်။ အဲဒီအထဲမှာ ABSDF က ပိုပြီး စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတယ်။ ဘာကြောင့် သူတို့က စိတ်ဝင်တစား စောင့်ကြည့်သလဲဆိုရင် ဒီညီလာခံမှာ ရက္ခိုင်ကျောင်းသားလူငယ်တွေ စုဖွဲ့ပြီး လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတခု ထူထောင်ဖြစ်ကောင်း ဖြစ်လာနိုင်တယ်ဆိုတာကို ABSDF က ခေါင်းဆောင်တွေကို ကိုခိုင်မြတ်ကျော်က လိုအပ်ချက်အရ တင်ကြိုပြီး ပြောပြထားတာ ရှိတယ်။
ဒါကြောင့် ကိုခိုင်မြတ်ကျော်နဲ့ ကိုစံသာအောင် တို့ကို ABSDF က ခေါင်းဆောင်တွေက ဆွေးနွေးတာက “ရက္ခိုင်တွေရဲ့ အမျိုးသားရေး လိုအပ်ချက်အရ ဖွဲ့စည်းတာကို သူတို့ လက်ခံတယ်။ တခုရှိတာက ABSDF (ARAKAN) အနေနဲ့ ABSDF က ခွဲထွက်သွားတဲ့ ပုံစံမျိုး မဖြစ်ရအောင် ရက္ခိုင်အမျိုးသားတို့ရဲ့ လိုအပ်ချက်အရ လွတ်လပ်စွာ သီးခြား လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းတာ ဖြစ်တယ်။ ABSDF နဲ့လည်း မိတ်ဆွေ မဟာမိတ်အနေနဲ့ ဆက်လက်ပြီး ဆက်ဆံရေး ထူထောင်လို့ ရှိတယ်လို့ အဓိပ္ပါယ် သက်ရောက်တဲ့ ပူးတွဲ ကြေညာချက် ထုတ်ကြရအောင်”
လို့ ဆွေးနွေးထားတယ်လို့ သိရတယ်။ ဒါလည်း ဖြစ်သင့်တဲ့ကိစ္စလို့ ငါ့အနေနဲ့ လက်ခံတယ်။
ရက္ခိုင်ကျောင်းသား လူငယ်များညီလာခံကို ၂၇ ရက် စက်တင်ဘာ ၁၉၉၅ ကနေ ၅ ရက် အောက်တိုဘာ ၁၉၉၅ ရက်နေ့ထိ ကျင်းပဖို့ ရက်သတ်မှတ်လိုက်ကြတယ်။
ဘင်္ဂလားဒေ့ရှ်မှ ကိုယ်စားလှယ်နှစ်ဦးနဲ့ အိန္ဒိယမှ ကိုယ်စားလှယ်တဦးတို့ဟာလည်း ခရီးစဉ်အတွက် အဆင်သင့် ဖြစ်နေကြပြီ။ ထိုင်းနိုင်ငံအတွင်းက ဖိတ်ကြားထားတဲ့ ကိုယ်စားလှယ်တွေကလည်း အဆင်သင့် ဖြစ်နေကြပြီ။ ငါတို့ ဖြစ်မြောက်ရေး ကော်မတီအနေနဲ့လည်း လိုအပ်တာတွေကို မလစ်ဟင်းရအောင် အစီစဉ်တွေ ချမှတ်ကာ ခွဲဝေ တာဝန်ယူထားကြပြီဆိုတော့ အဘက်ဘက်က အဆင်သင့် ဖြစ်နေကြပြီ။ စက်တင်ဘာလလယ်လောက်မှာ ဘင်္ဂလားဒေ့ရှ်မှကိုယ်စားလှယ်နဲ့ အိန္ဒိယက ကိုယ်စားလှယ်တို့ ရောက်လာကြတယ်။ ထိုင်းနိုင်ငံထဲက ကိုယ်စားလှယ်တွေကလည်း ညီလာခံ မစမှီ (၂) ရက်ကတည်းက ကြိုတင် ရောက်ရှိလာကြတယ်။
၁၉၉၅ ခု စက်တင်ဘာ ၂၇ ရက် နံနက် (၉) နာရီမှာ တက်ရောက်သူ ကိုယ်စားလှယ် (၆၃) ဦးနဲ့ ညီလာခံကို စတင် ဖွင့်လှစ်လိုက်ကြတယ်။ အခန်းက နဲနဲကျဉ်းတော့ တချို့ ကိုယ်စားလှယ်တွေဟာ လှေကားထစ်ပေါ်မှာ ထိုင်ကြရတယ်။ လုံခြုံရေးအရ ကိုယ်စားလှယ်တွေကို ငါတို့က အိမ်ခန်းအပြင်ကို ထွက်ခွင့်မပေးတော့ မထင်မှတ်ထားတဲ့ ပြဿနာတခု ကြုံလိုက်ရတယ်။ အဲဒါကတော့ ဆေးလိပ်သောက်တတ်သူတွေဟာ ညီလာခံရပ်နားချိန်မှာ တပြိုင်တည်း သောက်လိုက်ကြတော့ အခန်းထဲမှာ ဆေးလိပ်မီးခိုးတွေ မွှန်ထူ သွားတော့တာပါဘဲ။ ဆေးလိပ်မသောက်သူ အချို့ဟာ ဒီဆေးလိပ်အနံ့ကို မခံနိုင်ကြဘူး။
အဆိုးဆုံးတခု ဖြစ်သွားတာက ညီလာခံ ဒုတိယနေ့မှာ ဆေးလိပ်ငွေ့ဒဏ်ကြောင့် ရဟန်ပျိုသမဂ္ဂ ဥက္ကဌ ဦးသီဟ အမောဖေါက်ကာ မွန်းကျပ်ပြီး အသက်ရှူမဝဖြစ်သွားရတယ်။ ဒါကြောင့် ညနေ (၇) နာရီမှာ သူ့ကို ဘန်ကောက်မှာ ဆေးရုံတင်ပြီး ကုသလိုက်ရတယ်။ ဆေးရုံမှာ တညအိပ်ပြီး ပြန်သက်သာလာတဲ့အတွက် နောက်နေ့မှာ ညီလာခံကို ဆက်တက်နိုင်ခဲ့တယ်။ ငါကတောင် ခုလို နောက်ပြောင်လိုက်သေးတယ်။
“ညီလာခံနဲ့အတူ ဘုန်းကြီးပျံပွဲပါ တခါတည်း ပွဲနှစ်ပွဲ ဖြစ်သွားမယ်လို့ ထင်မိလိုက်တယ်”
လို့ ပြောတော့ ဦးသီဟက
“ဟေး.. မပြောကောင်း မဆိုကောင်းကွာ”
လို့ ရီပြုံးပြုံးနဲ့ ပြန်ပြောတယ်။
ဦးသီဟဟာ ၁၉၇၈-၇၉ ခုနှစ်ကတည်းက AIO ရဲ့ UG တာဝန် ထမ်းဆောင်ခဲ့ဘူးတယ်။ သူ့ရဲ့ လူနာမည်က ရွှေသာထွန်း။ AIO အမာခံ UG။ ငါတို့ရဲ့ စီနီယာအကိုကြီးပေါ့။ တခါက မြက်ရိပ်ကျွန်းမှာရှိတဲ့ ဦးသီဟတို့ ပိုင်တဲ့ လယ်တဲမှာ ငါ့အကို ဗိုလ်ကြီး မောင်ထွန်းအောင်နဲ့ ရွာမပြင်ရွာက UG အောင်ကျော်ညွန့်တို့ဟာ ခရီးတထောက် ဝင်နားကြတယ်။ အဲဒီလို နားနေတုန်းအချိန် သတင်းပေးတယောက်က ရဲကို သတင်းပေးလိုက်လို့ တဲကို လာဝိုင်းကြတယ်။
သတင်းပေးက ငါတို့ကို ထောက်ခံတဲ့လူတယောက် ဖြစ်တယ်။ သူက ကိုယ့်လူတွေလို့ သိထားတော့
“ဘယ်က လာကြတာလဲ။ ဘယ်ကို သွားကြမှလဲ”
လို့ မေးတဲ့အခါ ငါ့အကို ဗိုလ်ကြီးမောင်ထွန်းအောင်က သူ့ကို မသိတဲ့အတွက်
“သိပ်လျှာရှည်တယ် လျှာ အဖြတ်ခံချင်လား”
စပ်စုတယ်ထင်ပြီး ဒေါသနဲ့ ပြောလိုက်တယ်။ သူဟာ ခုလို ပြောခံရလို့ အရမ်းရှက်ပြီး ဒေါသလည်း ထွက်တယ်။ ပြီးတော့ သူဟာ ငါကတော့ သူတို့ကို ကူညီမလို့ မေးတာကို ဒီလို ပြောရမလား ဆိုပြီး စိတ်ဆိုးကာ ရဲစခန်းကို သွားတိုင်လိုက်လို့ ချက်ချင်းဘဲ ရဲတွေ ရောက်လာကြတယ်။ ရဲတွေက ဦးသီဟတို့ရဲ့ လယ်တဲကို အပြင်က ဝိုင်းပြီး
“မင်းတို့..လက်နက်ချ။ ငါတို့ ရဲတွေ.. မင်းတို့ကို ဝိုင်းထားပြီ”
လို့ အော်ပြောတဲ့အခါ ငါ့အကို ဗိုလ်ကြီး မောင်ထွန်းအောင်က ရဲတွေ သေနတ်နဲ့ ဝိုင်းပစ်တဲ့ ကျည်ဆံတွေကြားက ထွက်ပြေး လွတ်မြောက်ခဲ့တယ်။ ဒါပေမဲ့ ကိုအောင်ကျော်ညွန့်က အဲဒီမှာ အဖမ်းခံလိုက်ရတယ်။ ဦးသီဟလည်း ထွက်ပြေးရတယ်လို့ ကြားသိထားတယ်။
ညီလာခံ ကျင်းပနေတဲ့ ရက်ထဲက နောက်ဆုံးနေ့ မတိုင်ခင်တရက်မှာ ဗဟိုကော်မတီဖွဲ့ဖို့ အဆို တင်သွင်းဖို့ မှတ်ချက်ပေးဖို့ စိုင်းပြင်နေကြပြီ ဖြစ်တယ်။
ခဏနားတော့ ငါလည်း မီးဖိုချောင်ဖက်ကို ဝင်လာပြီး မီးဖိုချောင်မှာ ထမင်းချက်အဖွဲ့နဲ့အတူ ဝိုင်းကူ ချက်နေလိုက်တယ်။ ခဏအကြာမှာ ကိုခိုင်ဆန်းအောင်ရောက်လာပြီး ငါ့ကို လက်တို့ခေါ်ကာ ပြောပြတာက
“ကိုကျော်ဟန် အခုဖွဲ့မဲ့ အဖွဲ့ရဲ့ ဗဟိုဦးဆောင်ကော်မတီမှာ ပါဖို့ လိုတယ်နော်။ ခင်ဗျား ပါလာရမယ်။ ခင်ဗျားကတော့ ဟိုလူ ပါရမယ်။ ဒီလူ ပါရမယ်လို့တိုက်တွန်းပြီး ကိုယ်ကျတော့ မပါဘူးဆိုတာ မဖြစ်သင့်ဘူးနော်။ ခင်ဗျားရဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှု သမိုင်းကလည်း အရေးပါတယ်။ အရေးကြီးတယ်နော်.. ကိုကျော်ဟန်။ အေး.. ခင်ဗျားမပါရင် ကျနော်လည်း မပါဘူး။ တခြားတချို့လည်း ပါလာမှာမဟုတ်ဘူးလို့ ကျနော် ထင်တယ်”
လို့ နည်းနည်း အကျပ်ကိုင်ပြီး ပြောဆိုလာတာကို ခံရတယ်။ ငါ့မှာလည်း ဘယ်လိုမှ ခုနေခါမှာ ဝင်ပါလှုပ်ရှားလို့ မရနိုင်တဲ့ အခြေနေမျိုး။ ကျဉ်းထဲ ကျပ်ထဲ ရောက်နေရတဲ့ အဖြစ်မျိုး။ ဒါကြောင့် သူ့ကို ခုလိုမျိုး ပြန်ရှင်းပြရတယ်။
“ငါ ခုမပါဘူးဆိုတာက တကယ့်ကို ကျဉ်းထဲ ကျပ်ထဲ မို့လို့ပါဗျာ။ ငါ မပါဝင်ချင်လို့ ငြင်းရတာ မဟုတ်ပါဘူး။ သိပ်ကို လုပ်ချင်တာပေါ့။ ပါချင်တာပေါ့။ ဒါပေမဲ့ ငါ့မှာ ကတိဂဝတ်တွေ ရှိနေသလို မိသားစုအတွက် (၂) နှစ်လောက် အချိန်ပေးပါရစေ။ ဒီကြားထဲမှာလည်း ဗဟိုကော်မတီစာရင်းမှာ ငါ့နာမည်သာ မပါတာပါ။ လူက ပါနေမှာပါ”
လို့ အရင်က ကိုခိုင်မြတ်ကျော်တို့ ကိုစံသာအောင်တို့ကို ပြောသလို ငါ ပြောဆို ရှင်းပြလိုက်တော့ ကိုခိုင်ဆန်းအောင်လည်း ခေါင်းတညိတ်ညိတ်နဲ့ လက်ခံသလိုလို လက်မခံသလိုလိုပုံစံနဲ့ ညီလာခံခန်းထဲကို ဝင်သွားလိုက်တယ်။
ညီလာခံကို ၁၉၉၅ ခု စက်တင်ဘာလ ၂၇ ရက်ကနေ ၁၉၉၅ ခု အောက်တိုဘာလ ၅ ရက်နေ့ထိ (၈) ရက်တိုင်တိုင် ကျင်းပခဲ့ပြီး ရက္ခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့လူငယ်များ အစည်းအရုံး AASYC (All Arakan Students and Youth Congress) ကို စတင် ဖွဲ့စည်း တည်ထောင်ခဲ့ကြတယ်။ တချိန်တည်းမှာ လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ရက္ခိုင်မျိုးဆက်သစ် တပ်မတော် Arakan New Generation Army (ANGA) ကိုလည်း ဖွဲ့စည်းခဲ့ကြတယ်။ ရက္ခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့လူငယ်များ အစည်းအရုံး AASYC (All Arakan Students and Youth Congress) မှာ
ဥက္ကဌ ခိုင်မြတ်ကျော်
ဒုဥက္ကဌ ထွန်းကြိုင် (ဓညလင်း)
အတွင်းရေးမှူး ခိုင်ကျော်ကျော်
ဒုအတွင်းရေးမှူး စံသာအောင်
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာတာဝန်ခံ ခိုင်ဆန်းအောင်
ဘဏ္ဍာရေးတာဝန်ခံ သိန်းအောင်ကျော်
အပါအဝင် ဗဟိုဦးဆောင်ကော်မတီနဲ့ အရံဗဟိုကော်မတီဝင် ( ၂၁) ယောက်နဲ့ ဖွဲ့စည်းခဲ့ကြတယ်။
ငါတို့ ကော်မတီက လပေါင်း အတန်ကြာအောင် ကြိုးစားခဲ့ကြတဲ့ ဒီညီလာခံ ခုလို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းက ဘာကို ပြသလဲဆိုရင် အနာဂတ် ရက္ခိုင်နိုင်ငံရေးနဲ့ ရက္ခိုင်တော်လှန်းရေး လမ်းခရီးကို ဆက်လျှောက်ဖို့ မျိုးဆက်သစ် ရက္ခိုင်ကျောင်းသား လူငယ်တွေအတွက် အရေးကြီးတဲ့ အာရက္ခမျိုးဆက်သစ် အမျိုးသားလူငယ် လက်နက်ကိုင် တော်လှန်ရေး ဝိညာဉ်တခုကို စတင်ခဲ့ခြင်း ဆိုတာပါဘဲ။
ဘာကြောင့် ရက္ခိုင့်လက်နက်ကိုင် တော်လှန်ရေး ဝိညာဉ်လို့ ပြောရသလဲ ဆိုတော့ခါ မြန်မာတနိုင်ငံလုံးမှာရှိကြတဲ့ လူမျိုးအသီးသီးဟာ မိမိတို့ အမျိုးသား လွတ်မြောက်ရေးအတွက် တော်လှန်ရေး ဆင်နွဲနေကြတဲ့ ကချင် ကရင် ကယား ချင်း မွန် ရက္ခိုင် ရှမ်းတွေမှာ ရှိကြတဲ့ တော်လှန်ရေး ပါတီတိုင်းမှာ ကိုယ့်လူမျိုးနဲ့ကိုယ် လက်နက်ကိုင်တပ်တွေ ပါတီတွေ ရှိကြတယ်။ ဒါပေမဲ့ ကျောင်းသားတပ်ဆိုပြီး သီးသန့် မရှိဘူး။ လူငယ်တပ်ဆိုပြီး သီးသန့် မရှိဘူး။ ကျောင်းသား လူငယ်တွေဟာ အဲဒီ မိမိလူမျိုးရဲ့ ပါတီတွေနဲ့ လက်နက်ကိုင် တပ်တွေထဲမှာဘဲ ဝင်ရောက် လှုပ်ရှားကြတယ်။
ရှစ်ဆယ့်ရှစ် အရေးအခင်း နောက်ပိုင်းမှာ ပေါ်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားလူငယ်များ တပ်မတော်ဆိုတာဘဲ ရှိတယ်။ ဒီမှာက ဗမာတွေဦးဆောင်ပြီး အခြားလူမျိုးတွေလည်း အများကြီး ပါဝင်နေကြတယ်။ ဥပမာအနေနဲ့ ပြောရရင် ကိုခိုင်မြတ်ကျော် ခေါင်းဆောင်တဲ့ ABSDF (Arakan) ပါဝင်ခဲ့သလို ပထမဆုံး ABSDF ရဲ့ အတွင်းရေးမှူး လုပ်ခဲ့သူ ကိုသန်းဝင်းဟာ ရက္ခိုင်လူမျိုး ဖြစ်တယ်။ အခြားလူမျိုးတွေမှာ လူငယ်တပ်မရှိသလို ဗမာလူငယ်တပ်ဆိုတာလည်း သီးသန့်မရှိ။
ဒီကာလမှာ ရက္ခိုင်ကျောင်းသား လူငယ်များတပ်ဆိုပြီး ရဲရဲဝံ့ဝံ့ စတင် တည်ထောင်ခဲ့ကြတာ ဖြစ်တယ်။ အဲဒါကြောင့် ရက္ခိုင်ကျောင်းသားလူငယ် လက်နက်ကိုင်တပ် တခုကနေ အာရက္ခပြည် အမျိုးသားထု တရပ်လုံးကို ကိုယ်စားပြုလာမဲ့ ဝိညာဉ်တခု စတင်လာခဲ့တယ်လို့ ငါ ဆိုလိုတာပါ။
17 Comment
References:
Lvh casino https://idalmds011160.elbloglibre.com
References:
Best online games for mac https://pitts-jonasson-3.mdwrite.net/hitnspin-casino-ef-b8-8f-800-eur-200-fs-willkommensbonus
кодирование от алкоголизма стационар кодирование от алкоголизма стационар
mostbet mastercard ilə depozit https://mostbet72483.help
вызов врача на дом нарколога вызов врача на дом нарколога
В данной статье рассматриваются физиологические и эмоциональные аспекты зависимости. Мы обсудим, как организм реагирует на зависимое поведение, и какие методы помогают восстановить здоровье и внутреннее равновесие.
Ознакомиться с деталями – наркологическая клиника краснодар
вывод из запоя в стационаре в санкт петербурге вывод из запоя в стационаре в санкт петербурге
наркологический стационар спб наркологический стационар спб
В данной статье мы поговорим о будущем медицины, акцентируя внимание на прорывных разработках и их потенциале. Читатель узнает о новых подходах к лечению, роли искусственного интеллекта и возможностях персонализированной медицины.
Проследить причинно-следственные связи – детокс24 волгоград
gioca a crazy time https://crazy-time-rome.com/
free legit iq test free legit iq test
как выбрать участок как выбрать участок .
monopoly live winning tricks https://monopoly-live-bangladesh.com/
Closed the laptop after this and let the ideas settle for a few hours, and a stop at orchardharborvendorparlor similarly rewarded reflective time, content that benefits from sitting with rather than racing past is the kind I want more of and the kind that this site appears to consistently produce week after week here.
наркодиспансер воронеж https://narkologicheskaya-pomoshh-voronezh-11.ru
Now placing this in the small category of sites whose updates I would actually want to know about, and a stop at discovernewworld confirmed that placement, the difference between sites I want to follow and sites I just consume from is real and this one has crossed into the active follow category from the casual consumption side.
вызов нарколога на дом анонимно вызов нарколога на дом анонимно