Business

စစ်တွေ ကြံ့ဖွံ့ပါတီက လူမိုက်ငှားနေ

အာရက္ခတိုင်းမ်စ် (၂၃ ဇန်နဝါရီ ၂၀၂၅) စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပိုက်ဆံပေးပြီး လူမိုက်တွေ ငှားနေတယ်လို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်တွေဒေသခံတွေကို ရွေးကောက်ပွဲမဲဆွယ်ရာမှာ လုံခြုံရေးယူပေးဖို့ နဲ့ အင်အားပြတဲ့အနေနဲ့ လစာပေးပြီး ခိုင်းတယ်ဆိုပေမယ့် ပါတီဝင်အဖြစ် ဝင်ရမယ်ဆိုပြီးတော့ သတ်မှတ်ထားတာ
Read more

မလေးရှားမှ မြေးဖြစ်သူကို အဖွားဖြစ်သူက ဆက်သွယ်ခြင်း

အာရက္ခတိုင်းမ်စ် (၂၂ ဇန်နဝါရီ ၂၀၂၅) မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြေးဖြစ်သူ ကိုဇော်ဝင်းဦးနဲ့ အဆက်သွယ်မရတဲ့ အဖွားဖြစ်သူလေးဝတီ (သံတွဲ) စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့မှ တဆင့် အကူအညီတောင်းခံလာပါတယ်။ အဆိုပါတောင်းခံမှုကို ကူညီနိုင်ဖို့ ကာယကံရှင်အနေနဲ့ ကျနော်တို့ အာရက္ခတိုင်းမ်စ် သတင်းဌာနမှ တဆင့် ဆက်သွယ်နိုင်ပါတယ်။
Read more

စစ်တွေမှာ ဆန်ကြမ်းရှားနေ၊ ‌ဒေသခံအနေနဲ့ စစ်ဘေးရှောင်လို ရင်ဆိုင်နေရ

အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ  ၂၀၂၅) လက်ရှိအကြပ်အတည်းကာလအတွင်း စစ်တွေမြို့မှာ ဒေသခံလူထု အားလုံးနီးပါး ဝယ်ယူစားသောက်နိုင်တဲ့ ဆန်ကြမ်းတွေဟာ ရှားပါးနေတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဆန်ကြမ်းတွေဟာ ဝယ်ယူလို့ရပေမယ့် အနံ့နံတဲ့ ဆန်ကြမ်းအမျိုးအစားတွေသာဖြစ်ပြီး ဝယ်စားတဲ့သူမရှိတဲ့ ဆန်အကောင်းစားတွေကတော့ ပေါများတယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်တွေမြို့ပေါ်မှာ
Read more

စစ်တွေမှာ ပျဥ်ခိုးတဲ့သူတွေကို စစ်ကောင်စီက ဝါးလုံးအစိမ်းနဲ့ရိုက်

အာရက္ခတိုင်းမ်စ် (၁၃ ဇန်နဝါရီ ၂၀၂၅) ရက္ခိုငပြည်ရဲ့  မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ စစ်ကောင်စီက ပျဥ်ခိုးပြီး ထင်းလုပ် ရောင်းစားတဲ့သူတွေကို ဝါးလုံးအစိမ်းတွေနဲ့ ရိုက်တာတွေ လုပ်တယ်လို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။  စစ်တွေမြို့မှာ စစ်ကောင်စီက နှင်ထုတ်ထားတဲ့ ရွှေပြည်သာရွာ၊ ဗျိုင်းဖြူရွာ စတဲ့ ရွာ ၁၂
Read more

စစ်တွေမှာ စစ်ကောင်စီရေတပ်က စက်သုံးဆီ အရောင်းအဝယ်ပြုလုပ်နေ

အာရက္ခတိုင်းမ်စ် (၁၁ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့မှာ စစ်ကောင်စီရဲ့ ရေတပ်ဟာ မြို့ပေါ်ကလူတွေနဲ့ ချိတ်ပြီး စက်သုံးဆီတွေကို တင်သွင်းရောင်းချနေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဒါကြောင့် သင်္ဘောကမ်းမကပ်တဲ့အချိန်တွေဆို စက်သုံးဆီဈေးတွေဟာ မြင့်တက်သွားပြီး ကမ်းကပ်တဲ့ အချိန်တွေဆို ဈေးပြန်ကျနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရေတပ်သင်္ဘောတွေကနေ
Read more

မဲဆောက်ရောက် ရခိုင်သူ

အဝေးရောက် ရက္ခိုင်သားတို့အတွက် အိမ်အလွမ်းပြေ ရက္ခိုင်စာ စားသုံးနိုင်ဖို့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ ရခိုင်သူ ရိုးရာအစားအစာဆိုင်အကြောင်းကို အာရက္ခတိုင်းမ်စ် ဝိုင်းတော်သားတွေ ရိုက်ကူးတင်ဆက်ထားပါတယ်။
Read more

ပတ်စ်ပို့အတုတွေနဲ့ တရားမဝင် အလုပ်သမားပို့ဆောင်သူတွေကို စစ်ကောင်စီ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၇ ဇန်နဝါရီ ၂၀၂၅) မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)အတု တွေနဲ့ တရားမဝင် အလုပ်သမားပို့ဆောင်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား လုံခြုံရေးပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၉ ရက်က မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်
Read more

ဒစ်ဂျစ်တယ် မိုဘိုင်းငွေကြေးအပေါ် ပြည်သူတွေ ယုံကြည်မှုမရှိ‌

အာရက္ခတိုင်းမ်စ် (၄ ဇန်နဝါရီ ၂၀၂၅) ကမ္ဘောဇဘဏ်ရဲ့ ဒစ်ဂျစ်တယ် မိုဘိုင်းငွေကြေးဖြစ်တဲ့ KBZ Pay အသုံးပြုသူတွေကို နည်းပညာအသုံးပြုကာ ငွေကြေးလိမ်လည်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတာကြောင့် သုံးစွဲသူတွေအနေနဲ့ ယုံကြည်မှု မရှိတော့ဘူးလို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဒီလိုမျိုး ဖြစ်ရပ်တွေအပေါ်မှာ ဘဏ်ဘက်မှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာကြောင့်
Read more

စစ်တွေမှာ စက်သုံးဆီ ဈေးပြန်ကျ

အာရက္ခတိုင်းမ်စ် (၃ ဇန်နဝါရီ ၂၀၂၅) စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်ရဲ့  မြို့တော် စစ်တွေမြို့မှာ စက်သုံးဆီဈေးနှုန်းတွေ အခုရက်ပိုင်းမှာ ဈေးနှုန်းကျနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က အောက်တိန်း ၉၂ တစ်လီတာကို ၂၈၀၀၀ ကျပ် ရှိခဲ့ပေမယ့် လက်ရှိမှာ စစ်တွေမြို့ကို စက်သုံးဆီ တင်လာတဲ့သင်္ဘော
Read more

အမ်းမြို့ကို ပြန်လည်ထူထောင်ရေး ဘယ်လိုလုပ်မလဲ

အာရက္ခတိုင်းမ်စ် (၂ ဇန်နဝါရီ ၂၀၂၅) အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရက္ခိုင်ပြည်ရဲ့ ဧရိယာ အကျယ်ဆုံးမြို့ဖြစ်တဲ့ အမ်းမြို့ကို ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ ဘယ်လိုအချက်တွေကို ထည့်ရမလဲဆိုတာ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေကြားမှာ ဆွေးနွေးနေကြတာတွေ ရှိနေပါတယ်။ အဓိကအားဖြင့် အမ်းမြို့က တောင်ပေါ်ဒေသနဲ့ ကမ်းရိုးတန်းဒေသဆိုပြီး ဒေသနှစ်ခုရှိပြီး ကမ်းရိုးတန်းဒေသမှာ ရက္ခိုင်တိုင်းရင်းသားတွေ
Read more