Health

ငပလီစစ်ဘေးရှောင်တွေကို ULA/AA စားနပ်ရိက္ခာထောက်ပံ့ပြီး ဆေးကုသမှုပေးနေ

အာရက္ခတိုင်းမ်စ် (၈ သြဂုတ် ၂၀၂၆) ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့နယ် ဂျိတ်တော်ရပ်ကွက်က စစ်ဘေးရှောင်ပြည်သူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က သြဂုတ်လ ၆ ရက်မှာ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ပြီး ဆေးဝါးကုသမှုတွေလည်း လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ “ဂျိတ်တော်ကနေ စစ်ရှောင်လာကြတဲ့ ပြည်သူ ၂၀၀ ကျော်ကို စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့
Read more

သွားရောဂါသည် ၁၈၀ ကို AA စမ်းသပ်စစ်ဆေး၊ ၁၂၀ ကို ကုသပေးခဲ့

အာရက္ခတိုင်းမ်စ် (၈ သြဂတ် ၂၀၂၆) ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက စစ်ဘေးရှောင်ပြည်သူ သွားရောဂါဝေဒနာရှင် ၁၈၀ ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သွားရောက်စမ်းသပ် စစ်ဆေးပေးခဲ့ပြီး ၁၂၀ ကိုတော့ ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။ “အခု အကြိမ် ဒုတိယအကြိမ်ပါ။ ပထမ အကြိမ်တုန်းကတော့ ၁၂၀ ကို
Read more

သွေးလွန်တုတ်ကွေးကြောင့် ၁ နှစ်ကျော်ကလေး အပါအဝင် ၃ ဦး သေဆုံး၊ ၁၅၅ ဦး ဆေးရုံတက် ကုသနေရ

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည်တွင် ၂၀၂၆ ခုနှစ် ဒီကနေ့အထိ သွေးလွန်တုတ်ကွေးရောဂါကြောင့် ၁ နှစ်ကျော်ကလေးငယ် အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၅၅ ဦးအထိ ဆေးရုံတက် ကုသနေရတယ်လို့ သိရပါတယ်။ သွေးလွန်တုတ်ကွေးရောဂါကြောင့် ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ်က အသက် ၁
Read more

ကျောက်တော်က ငှက်ဖျားဖြစ်နေတဲ့ ရွာ ၂ ရွာကို AA မြေပြင်ဆင်း စစ်‌ဆေးပေးနေ

အာရက္ခတိုင်းမ်စ် (၂၇ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က ငှက်ဖျားရောဂါ အဖြစ်များနေတဲ့ ကျေးရွာ ၂ ရွာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင်လ ၁၉ ရက်နဲ့ ၂၃ ရက်တွင် မြေပြင်ဆင်း စစ်ဆေးပေးခဲတယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မြေပြင်ဆင်း စစ်ဆေးပေးခဲ့တဲ့ ကျေးရွာတွေကတော့
Read more

ရွာလုံးကျွတ် သွေးလွန်တုတ်ကွေး နဲ့ ငှက်ဖျားရောဂါဖြစ်နေတဲ့ ဝေသာလီရွာကို AA သွားရောက် ဆေးကုသပေး

အာရက္ခတိုင်းမ်စ် (၁၂ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာတွင် သွေးလွန်တုတ်ကွေးနဲ့ ငှက်ဖျားရောဂါဟာ ရွာလုံးကျွတ်နီးပါး ဖြစ်ပွားနေပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင်လ ၁၁ ရက်မှာ သွားရောက် ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။ ရွာလုံးကျွတ်နီးပါး ရောဂါဖြစ်ပွားနေပြီး လူသေဆုံးမှုတွေရှိနေတာကြောင့် ကျန်းမာရေးဌာနအနေနဲ့ လာရောက်ကူညီပေးဖို့ လူမှုကွန်ရက်စာမျက်နှာတွေကနေ
Read more

ဆေးရုံသုံးဆေးဝါးအတွက် AA တင်ဒါခေါ်ယူနေ

အာရက္ခတိုင်းမ်စ် (၇ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ရာနယ်မြေက ဆေးရုံတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို တင်သွင်းနိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (ဗဟို) က အိတ်ဖွင့်တင်ဒါ ခေါ်ယူနေတယ်လို့ သိရပါတယ်။ “ခရိုင်ဆေးရုံ၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံအတွက် လိုအပ်တဲ့ Arakkha FDA အသိအမှတ်ပြုဆေးနဲ့
Read more

မြောက်ဦးတွင် သုံးစွဲရန် မသင့်တော်တဲ့ အလှကုန်ရောင်းဆိုင် ၉ ဆိုင်နဲ့ သက်တမ်းကုန် အလှကုန်ရောင်းဆိုင် ၃ ဆိုင် စစ်‌ဆေးတွေ့ရှိ

အာရက္ခတိုင်းမ်စ် (၂၇ ဇွန် ၂၀၂၆) ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်တွင် သုံးစွဲရန် မသင့်တော်တဲ့ အလှကုန်များ ရောင်းချနေတဲ့ဆိုင် ၉ ဆိုင်နဲ့ သက်တမ်းကုန်ဆုံးနေတဲ့ အလှကုန်ပစ္စည်းများ ရောင်းချနေတဲ့ဆိုင် ၃ ဆိုင်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ဇွန်လ ၁၃
Read more

ကျောင်းကောင်စီအခမ်းနား ပြုလုပ်စဉ် ကျောင်းသူ ၁၉ ဦး နဲ့ ကျောင်းသား ၁ ဦး မူးလဲ

အာရက္ခတိုင်းမ်စ် (၂၆ ဇွန် ၂၀၂၆) တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ အထက်တန်းကျောင်းမှာ ကျောင်းကောင်စီအခမ်းနား ပြုလုပ်စဉ် ကျောင်းသူ ၁၉ ဦး နဲ့ ကျောင်းသား ၁ ဦး မူးလဲခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့က ဆိုပါတယ်။ ထားဝယ်မြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ
Read more

ကျောက်ဖြူ စစ်ရှောင်အမျိုးသမီးအတွက် လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံများ လိုအပ်

အာရက္ခတိုင်းမ်စ် (၂၂ ဇွန် ၂၀၂၆) ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံများ လိုအပ်လျက် ရှိတယ်လို့ Kyauk Phyu Emergency Response Group (ERG) က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။ ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်အမျိုးသမီးဦးရေ ၃ထောင်ခန့်ရှိပြီး အသက်
Read more

မူဆယ်တွင် AA က ခြင်ဆေးများ ဖျန်းပေးနေ

အာရက္ခတိုင်းမ်စ် (၂၁ ဇွန် ၂၀၂၆) ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသဖြစ်တဲ့ မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင်တွင် အာရက္ခတပ်တော်နဲ့ ပူးပေါင်းအဖွဲ့တွေက ခြင်အန္တရာယ်ကင်းစေရန်အတွက် ဇွန်လ ၂၀ ရက် မနက်ပိုင်းက ခြင်ဆေးများ ဖျန်းပေးခဲ့တယ်လို့ သိရပါတယ်။ “စာသင်ကျောင်းတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ရပ်ကွက်တွေမှာ မိုးတွင်းကာလ ခြင်အန္တရာယ်များ
Read more