အာရက္ခတိုင်းမ်စ် (၇ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ရာနယ်မြေက ဆေးရုံတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို တင်သွင်းနိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (ဗဟို) က အိတ်ဖွင့်တင်ဒါ ခေါ်ယူနေတယ်လို့ သိရပါတယ်။
“ခရိုင်ဆေးရုံ၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံအတွက် လိုအပ်တဲ့ Arakkha FDA အသိအမှတ်ပြုဆေးနဲ့ ဆေးဝါးပစ္စည်းတွေကို မြန်မာကျပ်ငွေနဲ့ ဝယ်လိုပါသဖြင့် တရားဝင် အသိအမှတ်ပြု လိုင်စင်ရ ဆေးကုမ္ပဏီ၊ ဆေးဆိုင်များအနေနဲ့ အိတ်ဖွင့်တင်ဒါ တင်သွင်းကြပါရန် ဖိတ်ခေါ်အပ်ပါတယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (ဗဟို) က ထုတ်ပြန်ပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်တွင် အိတ်ဖွင့်တင်ဒါ လျှောက်လွှာပုံစံကို စတင်ဝယ်ပြီးနိုင်ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက် လျှောက်ထားရမှာဖြစ်ပြီး ဆေးနမူနာတွေကိုလည်း ဇူလိုင်လ ၃၁ ရက်မှာ အပ်နှံရမယ်လို့ သိရပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ အိတ်ဖွင့်တင်ဒါနဲ့ ပတ်သတ်တဲ့ အချက်အလက်များ၊ စည်းမျည်း စည်းကမ်းများ လိုအပ်တဲ့ ဆေးနဲ့ ဆေးဝါးပစ္စည်းများနဲ့ ပတ်သတ်ပြီး အသေးစိတ် သိရှိလိုပါက အာရက္ခပြည်သူ့ကျန်းမာရေးဌာန (ဗဟို) နဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ကျန်းမာရေးဌာနများတွင် ဆက်သွယ် စုံးစမ်းနိုင်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက TB တီဘီရောဂါကုသဆေး၊ HIV ရောဂါကုသဆေး၊ ငှက်ဖျား ရောဂါကုသဆေး၊ ကိုယ်ဝန်ဆောင် တားဆေးတချို့နဲ့ ကလေးသူငယ်ရောဂါကာကွယ်ဆေး (Vaccine) တွေကို အခမဲ့ ဖြန့်ဝေပေးနေတယ်လို့လည်း သိရပါတယ်။
2 Comment
Помощь оказывают врачи с практикой в наркологии, психиатрии и восстановительной терапии.
Подробнее – kapelnica-ot-zapoya-stacionar
Ниже — практическая карта первых часов. Она помогает всем участникам понимать логику действий, точки контроля и критерии перехода. Если ответ «плоский», меняем один параметр и возвращаемся к оценке в назначённое время — без хаотичных «усилений».
Изучить вопрос глубже – капельницы от запоя на дому цена мурманск