Politic

နတ်ရေကန်ကို တမင်မသိမ်းပဲ စစ်သားတွေကို အမှည့်ချွေနေတာလို့ နိုင်ငံရေးလေ့လာသူတွေ သုံးသပ်

အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၆) မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့က တမင်မသိမ်းပဲ စစ်ကော်မရှင်ရဲ့ တပ်သားတွေကိုသာ အမှည့်ချွေ ချွေနေတာလို့ စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ “ သိမ်းမယ်ဆို သိမ်လို့ရနေပြီလေ။ နတ်ရေကန်နားမှာရှိတဲ့ ကာကင်းတွေအကုန်လုံးကို AA တို့က သိမ်းလိုက်ပြီးပြီ။
Read more

ကျောက်ဖြူက ဒိုးတောင်ရွာကို စကမ ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံး၊ အိမ်အချို့ ပျက်စီး

အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဒိုးတောင်ရွာကို စစ်ကော်မရှင်က မတ်လ ၁၈ ရက်မှာ ဒရုန်း၊ လေကြောင်းနဲ့ နေဗီကနေ ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “
Read more

CNF ရဲ့ စစ်မှုထမ်းဥပဒေစနစ်ကြောင့် ချင်းလူထုတွေ တိမ်းရှောင်နေရ

အာရက္ခတိုင်းမ်စ် (၁၈ မတ် ၂၀၂၆) ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ရဲ့ စစ်မှုထမ်း ဥပဒေစနစ်ကြောင့် ချင်းလူထုတွေ တိမ်းရှောင်နေရကြတယ်လို့ ချင်းပြည်နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ချင်းပြည်နယ်၊ နယ်မြေစိုးမိုးရေးအတွက် အင်အားဖြည့်ဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ရဲ့ ခေါင်းဆောင်
Read more

မောင်တောတွက် ကလေးငယ်တဦး အဓမ္မပြုကျင့် အသတ်ခံရ

အာရက္ခတိုင်းမ်စ် (၁၈ မတ် ၂၀၂၆) ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးကို အဓမ္မပြုကျင့် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ ဖြစ်တာက ၁၆ ရက်နေ့က ဖြစ်တာ။ အမေက သူ့သမီးကို အိမ်မှာထားပြီး လယ်ထဲကို ငါးသွားရှာတ၊ အဲဒီအချိန်မှာ
Read more

ဧရာဝတီစစ်မျက်နှာက ဒဏ်ရာရ သေဆုံးတပ်သားတွေကို ပုသိမ်တွင် လုံခြုံရေးယူ မီးသင်္ဂြိုလ်ပေးနေ

အာရက္ခတိုင်းမ်စ် (၁၈ မတ် ၂၀၂၆) ဧရာဝတီတိုင်းက အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်မျက်နှာပြင်က ဒဏ်ရာရရှိသူတွေကို ပုသိမ်တွင် ဆေးကုသပေးနေပြီး သေဆုံးသွားတဲ့သူတွေကိုတော့ လုံခြုံရေးယူပြီး မီးသင်္ဂြိုလ်ပေးနေတယ်လို့ သိရပါတယ်။ “ ပုသိမ်က နတခ-မဆရ (၄) မှာ ဧရာဝတီစစ်မျက်နှာပြင်က ဒဏ်ရာရတဲ့သူတွေကို ဆေးကုသပေးနေတယ်”
Read more

ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁၈ မတ် ၂၀၂၆) ရက္ခိုင်ပြည်ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို မတ်လ ၁၇ က အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ “ မနေ့က မနက် ၈ နာရီလောက်မှာ နတ်မြစ်ဝနားကို လာပြီး ငါးခိုးဖမ်းနေကြတယ်။ တပ်တော်ရဲ့ ကမ်းခြေစောင့်တပ်ကတွေ့ပြီး
Read more

ငပလီမြို့ ဂျိတ္တောကို စကမ နေဗီကနေ လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်

အာရက္ခတိုင်းမ်စ် (၁၇ မတ် ၂၀၂၆) ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဂျိတ္တောရပ်ကွက်ကို စစ်ကော်မရှင်ရဲ့ နေဗီကနေ မတ်လ ၁၆ ရက်က ၂ ကြိမ်တိုင်တိုင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ “ မနေ့က ၂ ကြိမ်တောင် ပစ်တယ်။ လူနေအိမ်တွေပေါ်မကျပဲ တောထဲကိုကျသွားလို့
Read more

AA ထိုးစစ်ကိုခုခံရန် ဆုံကုန်းအမြောက်တပ်ကို စစ်ကူနဲ့လက်နက်ခဲယမ်း အများအပြားဖြည့်တင်း

အာရက္ခတိုင်းမ်စ် (၁၇ မတ် ၂၀၂၆) အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ ထိုးစစ်ကို ခုခံရန်အတွက် ဆုံကုန်းအမြောက်တပ် (အ‌မြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ကို စစ်ကူနဲ့ လက်နက်ခဲယမ်း အများအပြား ဖြည့်တင်းထားတယ်လို့ သိရပါတယ်။ အဆိုပါ ဆုံကုန်းအမြောက်တပ်ဟာ နတ်ရေကန်ဗျူဟာကုန်းမကျစေရေးအတွက် လက်နက်ကြီးနဲ့ ပစ်ကူပေးနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ “ ကျနော်
Read more

စစ်တွေက ရဲတပ်သား ၂၀၀ ကျော်ကို စကမ ပြောင်းရွှေ့

အာရက္ခတိုင်းမ်စ် (၁၇ မတ် ၂၀၂၆) ရက္ခိုင်ပြည်၊ စစ်တွေမြို့ထဲက ရဲတပ်သား ၂၀၀ ကျော်ကို စစ်ကော်မရှင်က ယခု မတ်လအတွင်းမှာ ပြောင်းရွှေ့ပေးထားတယ်လို့ စစ်တွေမြို့က ရဲတပ်သားမိသားစုနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ အဲဒီ ရဲတပ်သားတွေဟာ ပြောင်းရွှေ့မိန့် တင်ထားတာ ကြာမြင့်နေပြီဖြစ်ပြီး ယခုမှသာ ပြောင်းရွှေ့မိန့် ကျလာတာ
Read more

ညီနောင်နှစ်ဖွဲ့ အပစ်ရပ် ဆွေးနွေးဖို့ AA တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၁၇ မတ် ၂၀၂၆) ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲ့ နှစ်ဖွဲ့ဖြစ်တဲ့ TNLA နဲ့ MNDAA တို့ အပစ်ရပ်ပြီး ဆွေးနွေးဖို့ အာရက္ခတပ်တော်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ “ MNDAA ၊ AA နဲ့ TNLA သည် ညီနောင်မဟာမိတ်
Read more