ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁၈ မတ် ၂၀၂၆)

ရက္ခိုင်ပြည်ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို မတ်လ ၁၇ က အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“မနေ့က မနက် ၈ နာရီလောက်မှာ နတ်မြစ်ဝနားကို လာပြီး ငါးခိုးဖမ်းနေကြတယ်။ တပ်တော်ရဲ့ ကမ်းခြေစောင့်တပ်ကတွေ့ပြီး လိုက်ဖမ်းတာမှာ မိတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အာရက္ခကမ်းခြေစောင့်တပ်အနေနဲ့ ဖမ်းဆီးရမိထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို တရားဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရန် စစ်ဆေးလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းနေသူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေသလို အရေးယူမှု ကာလပြီးဆုံးသူတွေကိုလည်း ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ တရားဝင် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သားတွေထဲက (၇၃) ယောက် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံသို့ အာရက္ခတပ်တော် က ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

Related posts

ကျောက်တော်မှာ ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ဆရာတော်ဒဏ်ရာရ၊ ကျောင်းဆောင်ပြိုကျ

ရက္ခိုင်ကို တင်ပို့မယ့် ဘိလပ်မြေ တန် ၄၀ နဲ့ လူ ၄ ဦးကို ဘင်္ဂလားဒေ့ချ် ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီး

၂၀၃၀ မှာ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေးအတွက် အမေရိကန်က ‌ထောက်ပံ့မယ်