Politic

စပါးအထွက်နှုန်း ၂၅ ရာခိုင်နှုန်းကျတဲ့အပြင် ဈေးနှုန်းကျတဲ့ဒဏ်ကို စပါးစိုက်တောင်သူတွေ ခံနေရ

အာရက္ခတိုင်းမ်စ် (၂၄ ဇန်နဝါရီ ၂၀၂၆) မြန်မာနိုင်ငံရဲ့ ဆန်စပါး အဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးမှာ ယခုနှစ် မိုးစပါးစိုက်ရာသီမှာ စပါးအထွက်နှုန်း ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။ အဲဒါအပြင် ထွက်ရှိလာတဲ့ စပါးတွေကလည်း ဈေးကောင်းမရတဲ့အပြင် ပြီးခဲ့တဲ့နှစ်ထက် စပါးတင်း ၁၀၀ ကို ငွေကျပ်
Read more

မေကံကောင်း ကျန်းမာရေးကောင်းမွန်လာ

အာရက္ခတိုင်းမ်စ် (၂၄ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ငပလီမြို့၊ လင်းသာရပ်ကွက် ဗုံးကြဲမှုတွင်အသက်ရှင်ကျန်ခဲ့တဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေက တိုးတက်ကောင်းမွန်လာပြီ ဖြစ်တယ်လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က ဆိုပါတယ်။ အဆိုပါ ကလေးငယ်ဟာ အသက် ၂ နှစ်နဲ့ ၆ လအရွယ်ရှိ မအေးသန္တာခိုင်ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ
Read more

■ ပွဲဆူနေတဲ့ ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဆိုတာဘာလဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ သူ့ရဲ့ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) မှာ အမြဲတမ်းအဖွဲ့ဝင်နေရာ ရဖို့အတွက် နိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိ ပေးဆောင်ဖို့ တောင်းဆိုထားကြောင်း အေအက်ဖ်ပီ သတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ အဖွဲ့ရဲ့
Read more

စစ်တွေက ALP တပ်သား လက်နက်နဲ့ ထွက်ပြေးတာ မဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၂၃ ဇန်နဝါရီ ၂၀၂၆) စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာရှိတဲ့ ဒေါ်စောမြဇာရာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်သားတချို့ ထွက်ပြေးတာတွေ ရှိပေမယ့် လက်နက်နဲ့ ထွက်ပြေးတာ မဖြစ်နိုင်ဘူးလို့ စစ်တွေမြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်တွေမှာရှိတဲ့ ALP တပ်ရင်း ၃
Read more

စစ်ရှောင်ကလေးနဲ့ သက်ကြီးရွယ်အိုအတွက် အထောက်အပံ့များ လိုအပ်

အာရက္ခတိုင်းမ်စ် (၂၂ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည်ရှိ စစ်ရှောင်ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အထောက်အပံ့များ လိုအပ်နေဆဲဖြစ်တယ်လို့ Arakan Responders for Emergency ရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အစား၊ ခြင်ထောင်၊ စောင် အစရှိတာတွေအပါအဝင် တခြားသော တကိုယ်ရည်လိုအပ်တာတွေကို ပရဟိတအသင်းအဖွဲ့တွေနဲ့
Read more

စစ်တွေမြို့က လမ်းတွေထဲမှာ CCTV တွေ လိုက်တပ်နေ

အာရက္ခတိုင်းမ်စ် (၂၂ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့က လမ်းတွေထဲမှာ CCTV တွေကို လိုက်လံ တပ်ဆင်နေတယ်လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အရင်က CCTV တွေကို မြို့ထဲ လမ်းမတန်းတွေမှာပဲ တပ်ထားလေ့ရှိပေမယ့် အခုအခါမှာတော့ ရပ်ကွက်ထဲက လမ်းတွေမှာ လိုက်ပြီး တပ်ဆင်နေတာ
Read more

စစ်တွေမှာ လျှပ်စစ်မီးပြန်ပေးဖို့အတွက် မီတာတွေ လာကောက်နေ

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆) မိုခါမုန်တိုင်းပြီးကတည်းက လျှပ်စစ်မီးလုံးဝမရရှိတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ လျှပ်စစ်မီး ပြန်လည်ပေးဖို့အတွက် အိမ်တွေမှာ မီတာတွေ လာကောက်နေကြောင်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အဲဒီလို လျှပ်စစ်မီးပြန်ပေးမယ်ဆိုတာက ကြံ့ခိုင်ရေးအဖွဲ့ အုပ်ချုပ်မှ ပေးမှာလားဆိုတာကိုတော့ မပြောတတ်ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ “မီးတပ်ဖို့လို့
Read more

ပလက်ဝတွင် သိန်း ၂ ထောင် တန်ဖိုးရှိ သံဖြူများ မဆုံးရှုံးရအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ ကူညီ

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆) ပလက်ဝခရိုင် ၊ ပလက်ဝမြို့ဆိပ်ကမ်းတွင် ဇန်နဝါရီလ ၁၈ ရက်က သိန်း ၂ ထောင် တန်ဖိုးရှိ သံဖြူတင်ဆောင်လာတဲ့ စက်လှေ ၁ စီး ရေနစ်မြုပ်ခဲ့တာကို မဆုံးရှုံးရအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ “ ပလက်ဝခရိုင်ပါတီက
Read more

ကျောက်ဖြူ ချောင်းမြောင်တွင် တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ချောင်းမြောင်တကြောတွင် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ “ တပ်တော်က ထိုးစစ်ဆင်နေတာနေမယ်။ ချောင်းမြောင်ကျော်ရင်း သိုင်းချောင်းတို့ ပြီးတာနဲ့ သစ်ပုတ်တောင်ရေတပ်စခန်းလေ။ အဲတော့ ရေတပ်စခန်းကို တပ်တော် မရောက်အောင် စစ်တပ်က ဒရုန်းတွေနဲ့ ပစ်တာ တခါပစ်ရင် အနည်းဆုံး ဗုံး ၄ လုံးပဲ။ တောက်လျောက် လာကြဲနေတာ”  လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်နေလို့ စစ်ကော်မရှင်အနေနဲ့ တပ်ရင်းတွေအရှေ့မှာ အုတ်တံတိုင်းများနဲ့ ခြံစည်းရိုးများအပြင် ယခုအခါ  ခြံစည်းရိုး အသစ်အဖြစ် ကွန်ကရစ်တိုင်းများစိုက်ပြီး သံစူးကြိုးများကာရံကာ ကတုတ်ကျင်းများပါ ပတ်ပတ်လည် တူးဖော်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ ပြောရမယ်ဆိုရင် ကျောက်ဖြူမြို့ ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်နေတာပေါ့။ ကျနော် သိသလောက်ဆိုရင် ကပ်သပြေနဲ့ သိုင်းချောင်းနားမှာလည်း တိုက်ပွဲဖြစ်နေတယ်။ ကုလာဘာဘက်မှာလည်း ဖြစ်နေတယ်”  လို့ သူက ထပ်မံပြောပါတယ်။ အလားတူ ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာရှိ ခမရ ၅၄၃ တပ်ရင်းနဲ့ ခမရ ၅၄၂ တပ်ရင်း ၂ ခုလုံး ပတ်ပတ်လည်တွင် သံစူးကြိုးနဲ့ ခြံစည်းရိုးခတ်နေတယ်လို့လည်း ဆိုကြပါတယ်။ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်ရဲ့ ခမရ ၅၄၃၊ ခမရ ၅၄၂၊ ခလရ ၃၄ ၊ ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်းနဲ့ အုန်းကျွိန်ရေတပ်စခန်းတို့ တည်ရှိပါတယ်။
Read more

စစ်တွေမှာ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေ စိုးရိမ်

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆) စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တို့ တကျော့ပြန် တိုက်ပွဲပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်တွေဒေသခံ အများအပြားဟာ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး နေရပ်စွန့်ခွါ တိမ်းရှောင်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိမှာ
Read more