ပလက်ဝတွင် သိန်း ၂ ထောင် တန်ဖိုးရှိ သံဖြူများ မဆုံးရှုံးရအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ ကူညီ

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆)

ပလက်ဝခရိုင် ၊ ပလက်ဝမြို့ဆိပ်ကမ်းတွင် ဇန်နဝါရီလ ၁၈ ရက်က သိန်း ၂ ထောင် တန်ဖိုးရှိ သံဖြူတင်ဆောင်လာတဲ့ စက်လှေ ၁ စီး ရေနစ်မြုပ်ခဲ့တာကို မဆုံးရှုံးရအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

“ပလက်ဝခရိုင်ပါတီက ဦးဆောင်ပြီး ခရိုင်ပါတီက လူငယ်ရေးရာအဖွဲ့နဲ့ မီးသတ်၊ ဒီလပ် စတဲ့ဌာနတွေက ပူးပေါင်းပါဝင် ကူညီကယ်ဆယ်ပေးခဲ့ကြတယ်” လို့ ပလက်ဝဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သံဖြူတင်ဆောင်လာတဲ့ စက်လှေမှာ ဟောင်နွမ်းနေပြီး ပျဥ်ပြားကြားမှ ရေဝင်ကာ ရေစုပ်စက်နဲ့ စုပ်ထုတ်သော်လည်း သံဖြူဝိတ်များတဲ့အတွက် နစ်မြုပ်သွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စက်လှေမှာ ရှင်းလက်ဝမှ ကျောက်တော်မြို့ကို သံဖြူတင်ဆောင်ရန် အငှားလိုက်လာတဲ့ စက်လှေဖြစ်ပြီး သံဖြူများရဲ့ ကာလပေါက်စျေးမှာ မြန်မာငွေကျပ်သိန်း ၂ ထောင်ကျော် တန်ဖိုး ရှိတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ပလက်ဝခရိုင်ပါတီက “စက်လှေတွေ” မှာ ကုန်ပစ္စည်းတွေကို အပြည့်အလျှံ မနိုင်မနင်းဝိတ်တွေနဲ့ မတင်ကြဖို့နဲ့ “စက်လှေတွေ” ရဲ့ ခံခန့်မှုတွေကို သေချာဂရုစိုက်ကြဖို့နဲ့ ရေအန္တရာယ် ကင်းကင်းရှင်းရှင်းနဲ့ သွားလာကြဖို့ကိုလည်း စက်လှေပိုင်ရှင်ကို အသိပေး ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Ref & Photo – We Love Paletwa

Related posts

ဂွမြို့နယ်မှာ ရွာ ၂ ရွာ ဗုံးကြဲခံရလို့ ပြည်သူ ၂ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း မီးလောင်ပြီး တိရစ္ဆာန်တွေ သေဆုံး

ကျောက်တော် ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရသူတွေနဲ့ နေအိမ်ဆုံးရှုံးခဲ့ရသူများကို ULA ထောက်ပံ့

လူငယ်များ ကိုရီးယားစာထက် ဂျပန်စာကို ပိုသင်လာကြ