ကျောက်ဖြူ ချောင်းမြောင်တွင် တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ချောင်းမြောင်တကြောတွင် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“ တပ်တော်က ထိုးစစ်ဆင်နေတာနေမယ်။ ချောင်းမြောင်ကျော်ရင်း သိုင်းချောင်းတို့ ပြီးတာနဲ့ သစ်ပုတ်တောင်ရေတပ်စခန်းလေ။ အဲတော့ ရေတပ်စခန်းကို တပ်တော် မရောက်အောင် စစ်တပ်က ဒရုန်းတွေနဲ့ ပစ်တာ တခါပစ်ရင် အနည်းဆုံး ဗုံး ၄ လုံးပဲ။ တောက်လျောက် လာကြဲနေတာ”  လို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်နေလို့ စစ်ကော်မရှင်အနေနဲ့ တပ်ရင်းတွေအရှေ့မှာ အုတ်တံတိုင်းများနဲ့ ခြံစည်းရိုးများအပြင် ယခုအခါ  ခြံစည်းရိုး အသစ်အဖြစ် ကွန်ကရစ်တိုင်းများစိုက်ပြီး သံစူးကြိုးများကာရံကာ ကတုတ်ကျင်းများပါ ပတ်ပတ်လည် တူးဖော်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


“ ပြောရမယ်ဆိုရင် ကျောက်ဖြူမြို့ ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်နေတာပေါ့။ ကျနော် သိသလောက်ဆိုရင် ကပ်သပြေနဲ့ သိုင်းချောင်းနားမှာလည်း တိုက်ပွဲဖြစ်နေတယ်။ ကုလာဘာဘက်မှာလည်း ဖြစ်နေတယ်”  လို့ သူက ထပ်မံပြောပါတယ်။


အလားတူ ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာရှိ ခမရ ၅၄၃ တပ်ရင်းနဲ့ ခမရ ၅၄၂ တပ်ရင်း ၂ ခုလုံး ပတ်ပတ်လည်တွင် သံစူးကြိုးနဲ့ ခြံစည်းရိုးခတ်နေတယ်လို့လည်း ဆိုကြပါတယ်။


ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်ရဲ့ ခမရ ၅၄၃၊ ခမရ ၅၄၂၊ ခလရ ၃၄ ၊ ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်းနဲ့ အုန်းကျွိန်ရေတပ်စခန်းတို့ တည်ရှိပါတယ်။

Related posts

ကပစ ၁၆ အနီးတိုက်ပွဲတွင် စကမ အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းများ AA ရရှိ

ဆောကို မိတ္ထီလာတပ်ကနေ ဒုတိယအကြိမ် စစ်အင်အား ထပ်မံပို့ဆောင်

ကပစ ၁၆ ကို သိမ်းပိုက်နိုင်ရန် ပွိုင့် ၅၀၆ ကို AA ထိုးစစ်ဆင်

1 Comment

p.mobile9.com ဧပြီ 13, 2026 - 10:18 ညနေ

References:

Best supplement stacks for muscle gain

References:
http://volleypedia.org/index.php?qa=user&qa_1=coachword33

Add Comment