ဇွန် 2026

ALP ပါဝင်တဲ့ NCA ၇ ဖွဲ့နဲ့ NSPNC တွေ့ဆုံ

အာရက္ခတိုင်းမ်စ် (၉ ဇွန် ၂၀၂၆) ALP ပါဝင်တဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ (7 EAO Alliance) နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ဒီကနေ့ (ဇွန် ၉) တွင် နေပြည်တော်မှာ
Read more

လှေကြီးမနစ်မြုပ်စေရေး  ပြည်သူအများ သေချာ သတိထား စီးနင်းပေး

🖊️မင်းသုတ🖊️ တပ်မှူးချုပ် ထွန်းမြတ်နိုင်ကို မေလ (၄) ရက်နေ့တွင် The Diplomat Magazine က အင်တာဗျူးတရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် “အာရက္ခတပ်တော်အနေနဲ့ အခုလို စစ်ရေးအရ အံ့ဩစရာကောင်းတဲ့ အောင်မြင်မှုတွေ ဘယ်လို ရရှိခဲ့လဲ။ ဘယ်အရာတွေက AA ရဲ့ လျှို့ဝှက်ချက်
Read more

မင်းအောင်လှိုင်ကြောင့် တရုတ်နဲ့ အိန္ဒိယကြား ပဋိပက္ခဖြစ်စရာ အကြောင်းမရှိ

အာရက္ခတိုင်းမ်စ် (၉ ဇွန် ၂၀၂၆) ရွေးကောက်ပွဲအတုကနေ ပေါ်ထွက်လာတဲ့ အယောင်ဆောင်အစိုးရအဖွဲ့က သမ္မတအတု ဦးမင်းအောင်လှိုင်ကြောင့် တရုတ်နဲ့ အိန္ဒိယကြား ပဋိပက္ခဖြစ်စရာ အကြောင်းမရှိဘူးလို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဦးမင်းအောင်လှိုင်ဟာ သမ္မတအတုအဖြစ် တာဝန်ထမ်းဆောင်စဉ် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့
Read more

ခံစစ်ပြင်ဆင်နေတဲ့ စစ်တွေမှာ AA နဲ့ SAF အလင်းဝင်တယ်လို့ ရွေးတုအစိုးရ ဝါဒဖြန့်

အာရက္ခတိုင်းမ်စ် (၈ ဇွန် ၂၀၂၆) အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံရန် ပြင်ဆင်နေတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ AA နဲ့ SAF အလင်းဝင်တယ်လို့ ရွေးတုအစိုးရက ဝါဒဖြန့်ပွဲကို ဒီကနေ့ (၈ ဇွန်) မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “သူတို့က ပွဲလုပ်တာပေါ့။ တပ်တော်က
Read more

စာရေးဆရာ ဝေဟင်အောင်အိမ်ကို ချိတ်ပိတ်(Breaking News)

အာရက္ခတိုင်းမ်စ် (၈ ဇွန် ၂၀၂၆) ရက္ခိုင်ပြည် စစ်တွေမြို့ရှိ စာရေးဆရာ ဝေဟင်အောင်ရဲ့ နေအိမ်ကို ဒီကနေ့ ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်မှာ ရဲတွေ ချိတ်ပိတ်ဖို့ ရောက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စာရေးဆရာ ဝေဟင်အောင်ရဲ့ နေအိမ်ကတော့ စစ်ကဲလမ်း၊
Read more

ရက္ခိုင်ပြည်အတွင်း မိုးများနိုင်လို့ အနိမ့်ပိုင်းနေရာ နေထိုင်သူတွေ သတိပြုရန်လို

အာရက္ခတိုင်းမ်စ် (၈ ဇွန် လ ၂၀၂၆) ရက္ခိုင်ပြည်အတွင်း လာမယ့် ရက်သတ္တပတ်အတွင်းမှာ မိုးရွာသွန်းမှု များလာနိုင်တာကြောင့် အနိမ့်ပိုင်းနေရာ နေထိုင်သူတွေအနေနဲ့ သတိပြုရန် လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။ “ရက္ခိုင်ပြည်ဆိုတော့ ကျနော်တို့ တနင်္သာရီတိုင်းရယ်၊ မွန်ပြည်နယ်ရယ်၊ ရက္ခိုင်ပြည်ရယ် ဒီဟာကတော့ မိုးများမယ်။
Read more

“မြစ်များ” ပန်းချီပြပွဲ မဲဆောက်တွင် ပြုလုပ်ဓာတ်ပုံသတင်း

အာရက္ခတိုင်းမ်စ် (၈ ဇွန် ၂၀၂၆) ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့မှာ မြန်မာပန်းချီဆရာ ၅ ဦးရဲ့ “မြစ်များ” ပန်းချီပြပွဲကို ဇွန်လ ၅ ရက်ကနေ ၇ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပန်းချီပြပွဲတွင် Edo Vader,
Read more

စစ်တွေမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်မယ်

အာရက္ခတိုင်းမ်စ် (၈ ဇွန် ၂၀၂၆) စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ လာမယ့် ကြာသပတေးနေ့မှာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြုလုပ်မှာဖြစ်ပြီး အိမ်တွေကို ဖိတ်စာတွေ လိုက်ဝေထားတယ်လို့ စစ်တွေ ဒေသခံတွေထံက သိရပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဒေသခံ ရပ်ကွက်နေလူထုက မဲပေးရွေးချယ်ရတာမျိုး မဟုတ်ဘဲ ရာအိမ်မှူးအဖြစ်
Read more

တောင်မော်ကြီးရေတပ်အနီး တိုက်ပွဲ ရွေးတုအစိုးရဘက်က အကျအရှုံးများနေ

အာရက္ခတိုင်းမ်စ် (၈ ဇွန် ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ကြီးရေတပ်စခန်းအနီးမှာရွေးတုအစိုးရတပ်တွေနဲ့ အာရက္ခတပ်တော်တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေပါတယ်။ အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီ တောင်မော်ကြီးရေတပ်စခန်းအနီးက ကာကင်းစခန်းတချို့ကို အာရက္ခတပ်တော်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာ နှစ်ဖက်တိုက်ပွဲတွေဟာ ပြင်းပြင်းထန်ထန် ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။ ကျောက်ဖြူမြို့
Read more

ကျောက်ဖြူတွင် လွတ်ရက်စေ့ နိုင်/ကျဉ်း ၇ ယောက်ကို ထောင် ၁၀ နှစ် ထပ်မံချမှတ်

အာရက္ခတိုင်းမ်စ် (၈ ဇွန် ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်ဖြူထောင်တွင် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ ဦးကို လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်ပဲ ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ “၁၇/၁ နဲ့ ထောင် ၃ နှစ် ချခံထားရသူတွေလေ။
Read more