တောင်ကုတ် ကင်းတောင်ရွာကို စစ်ကောင်စီမှ ထပ်မံ ဗုံးလာကျဲသဖြင့် ၁ ဦး ထပ်မံ သေဆုံး၊ ၄ ဦး ဒဏ်ရာရ

တောင်ကုတ် ကင်းတောင်ရွာကို စစ်ကောင်စီမှ ထပ်မံ ဗုံးလာကျဲသဖြင့် ၁ ဦး ထပ်မံ သေဆုံး၊ ၄ ဦး ဒဏ်ရာရ

အာရက္ခတိုမ်းစ် (၅-အောက်တိုဘာ-၂၀၂၄)

ရခိုင်ပြည် တောင်ကုတ်မြို့နယ်ရှိ ကင်းတောင်ကျေးရွာကို ယမန်နေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ဒုတိယအကြိမ် ထပ်မံ ဗုံးလာကျဲသဖြင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရပါတယ်။

“ရွာထဲက ရုံးကို ကျတာ။ အသက် ၁၅ နှစ် အရွယ် ကလေးမတစ်ယောက်တော့ ပွဲချင်းပြီး ဆုံးသွားပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ဒဏ်ရာတော်တော် ပြင်းထန်ပါတယ်” လို့ တောင်ကုတ်မြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်မ်းစ်ကို ပြောပါတယ်။

တောင်ကုတ်မြို့မှ ဆယ်မိုင်ခန့်အကွာတွင်တည်ရှိသော ကင်းတောင်ကျေးရွာကို စစ်ကောင်စီမှ အောက်တိုဘာ ၄ရက် နံနက် ၂နာရီခန့်က လေယာဥ်ဖြင့် ဗုံး ၄ လုံး ကျဲခဲ့ပြီး ၂ လုံးမှာ ရွာနီးစပ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၁ လုံးမှာ ရွာလည်သို့ ကျ‌ရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ် ဆယ်လုံးကျော် ပျက်စီးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ညနေ ၄ နာရီခန့်တွင် ထပ်မံပြီး ဗုံးလာကျဲကြေား သိရပါတယ်။

စစ်ကောင်စီမှ လေယာဥ်ဖြင့် ပထမအကြိမ် ဗုံးကျဲမှုကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒုတိယအကြိမ် ဗုံးကျဲမှုကြောင့် သေဆုံးသူမှာ အသက် ၁၅ နှစ်အရွယ် မအိခိုင်ဖြိုးဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဦးမောင်မြင့်ခင် (အသက်-၃၈နှစ်)၊ ဒေါ်ခင်ရီ (အသက်-၄၅နှစ်)၊ ဒေါ်နေဇင်ထွန်း (အသက်-၄၅နှစ်) နှင့် ဒေါ်နွယ်နွယ် (အသက်-၃၀နှစ်) ဖြစ်တယ်လို့ APM သတင်းဌာနက ဖော်ပြထားပါတယ်။

အလားတူ အောက်တိုဘာလ ၂ရက်ကလည်း တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူကျေးရွာကို စစ်ကောင်စီမှ လာရောက် ဗုံးကျဲသဖြင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီမှ တောင်ကုတ်မြို့ကို အာရက္ခတပ်တော်မှ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ကို စိုးရိမ်နေပြီး တောင်ကုတ်မြို့ အဝင် အထွက်ကို တင်းကျပ်စွာထိန်းချုပ်ထားပြီး တောင်ကုတ်မြို့ အနီးအနားကို မကြာခဏ ဗုံးကျဲသဖြင့် အရပ်သားပြည်သူ သေသုံးမှုများ မြင့်တက်လာနေကြောင်း သိရပါတယ်။

Related posts

ဝီရဌာနီမြို့နယ်ရှိ‌ ဒေသခံတွေအတွက် ARAKAN လူငယ်ပရဟိတအသင်းက HDCO နဲ့ ပူးပေါင်းလှူဒါန်း

ငပလီကို ကမ်းတက်နိုင်ရန် ရွေးတုအစိုးရ ကြံစည်နေ

ရွေးတုအစိုးရရဲ့ ထိုးစစ်တိုင်းကို ဆင့်ကဲကွပ်ကဲမှု ကောင်းကောင်းနဲ့ တိုက်နိုင်ခဲ့တယ်လို့ AA ဆို

1 Comment

AllenRek ဩဂုတ် 2, 2026 - 6:56 ညနေ

Обращение в клинику необходимо, если самочувствие ухудшается, период запоя длится несколько дней, появляется слабость, тревога, бессонница, тошнота или признаки алкогольной абстиненции. Врач оценивает самочувствие, уточняет стаж употребления, возраст, хронические болезни и прошлый опыт лечения. Если человек пьет долго и самостоятельно выйти из запоя не может, вызов нарколога на дому помогает быстро начать лечение.
Детальнее – помощь вывод из запоя

Add Comment