ရက္ခိုင်ပြည်တွင် ဝါကျွတ်ပွဲတော်ကို လူစု လူဝေးဖြင့် မပြုလုပ်ရန် AA ထုတ်ပြန်

ရက္ခိုင်ပြည်တွင် ဝါကျွတ်ပွဲတော်ကို လူစု လူဝေးဖြင့် မပြုလုပ်ရန် AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၀-အောက်တိုဘာ- ၂၀၂၄)

ရက္ခိုင်ပြည်တွင် ဝါကျွတ်ပွဲတော်ကာလဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလအတွင်း လူစုလူဝေးဖြစ်သည့် ပျော်ပွဲရွှင်ပွဲများ၊ ကားများဖြင့် စီတန်းလှည့်လည်ခြင်း၊ မီးထွန်းပွဲတော်များ ပြုလုပ်ခြင်း စသည်များကို မပြုလုပ်ရန် AA က ထုတ်ပြန်ထားကြောင်း သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့ နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် လူစုလူဝေးမပြုလုပ်ကြရန် ပါရှိသော ထိုအမိန့်ညွှန်ကြားစာကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ရဲ့ စစ်ဒေသ အသီးသီးတွင် နိုင်ငံရေးမှူးရုံးကတဆင့် ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။

အဆိုပါ ညွှန်ကြားချက်တွင် သီတင်းကျွတ်၊ တန်ဆောင်မုန်း အခါကြီး ရက်များအတွင်း ဥပုသ် သီလဆောက်တည်ခြင်း နှင့် ရပ်ရွာများတွင် မီးထွန်းပွဲတော်ကျင်းပပြုလုပ်ခြင်းကို သတိရှိရှိဖြင့် ပြုလုပ်ရန်၊ လူစုလူဝေး ဖြစ်စေသော စုဝေးမှုများကို လုံးဝမပြုလုပ်ကြရန် AA က ညွှန်ကြားထားပါတယ်။

ULA/AA က အထက်ပါကဲ့သို့ စည်းကမ်းသတ်မှတ် ထုတ်ပြန်ရခြင်းမှာ စစ်ကောင်စီက လူစုလူဝေးနေရာများနှင့် မြို့ရွာများကို နေ့စဉ်နှင့်အမျှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေခြင်းဖြစ်ကြောင့်လို့ ဆိုပါတယ်။

တစ်ရွာနှင့် တစ်ရွာ၊ တစ်မြို့နှင့် တစ်မြို့ ကားများဖြင့် လှည့်ပတ်ခြင်း၊ ကားများဖြင့် အသံချဲ့စက် (ဆောင်းဘောက်) များ ဖွင့်ပြီး ကခုန် အော်ဟစ်ခြင်းများ မပြုလုပ်ရန်၊ ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစားများ မပြုလုပ်ကြရန်လည်း ပါဝင်ပါတယ်။

အဆိုပါ ညွှန်ကြားချက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအောက်တွင် တာဝန်ထမ်းဆောင်နေသော ဌာန ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် တသွေမတိမ်း လိုက်နာရမည်ဖြစ်ကာ ပြည်သူများ လိုက်နာမှု ရှိမရှိကို စောင့်ကြည့်ကြပ်မတ်ပေးရမည်ဟုလည်း ညွှန်ကြားချက်တွင် ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်လေ့လုပ်ထရှိသော လုပ်ရပ်များကြောင့် မလိုလားအပ်တဲ့ အစုလိုက် အပြုံလိုက် အသက်သေဆုံးမှုများမဖြစ်စေရေး နှင့် ကာကွယ်တားဆီးနိုင်ရန်အတွက် မိဘပြည်သူများရဲ့ အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ယခုကဲ့သို ကြေညာချက်ထုတ်ရကြောင်း ဆိုပါတယ်။

Related posts

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို စာဖတ်အားအကောင်းဆုံးနဲ့ အတက်ကြွဆုံး တော်လှန်ရေးခေါင်းဆောင်လို့ အိန္ဒိယ‌ သတင်းထောက် ဆို

AA နဲ့ စကမတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက်နှာကို စကမ ဗုံးကြဲ

ဘင်္ဂလားဒေ့ရှ်က AA ကိုအသိအမှတ်မပြုရင် ကောင်းမွန်တဲ့အခြေအနေ ဖန်တီးဖို့ခက်မယ်

4 Comment

pads.jeito.nl ဧပြီ 14, 2026 - 12:08 ညနေ

References:

Online Casino Echtgeld Novoline

References:
https://telegra.ph/Online-Casinos-mit-Echtgeld-2026-Top-10-Anbieter-im-Test-04-05

udrpsearch.com ဧပြီ 15, 2026 - 8:12 ညနေ
https://haaning-schwartz-4.mdwrite.net/ ဧပြီ 16, 2026 - 12:33 ညနေ

References:

Blackjack probability

References:
https://500px.com/p/camposxcxburch

tuttogossipnews.it ဧပြီ 17, 2026 - 5:10 မနက်

References:

Immediate effects of steroids

References:
https://federicosmexicanfood.com/dishes/burrito/

Add Comment