ရက္ခိုင်ပြည်မှာ စိုက်ပျိုးထားတဲ့ မိုးစပါးတွေ ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေ
အာရက္ခတိုင်းမ်စ် (၈-နိုဝင်ဘာ-၂၀၂၄)
ရက္ခိုင်ပြည်မှာ စက်အင်အား၊ လူအင်အားနဲ့ စက်သုံးဆီ အခက်အခဲတွေကြောင့် စိုက်ပျိုးထားတဲ့ မိုးစပါးတွေ ရိတ်သိမ်းဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
စက်နဲ့ ရိတ်သိမ်းမယ်ဆိုရင် စက်အရေအတွက် အလုံအလောက် မရှိတာ၊ စက်သုံးဆီ ခက်ခဲတာတွေကြောင့် လူအင်အားနဲ့ ရိတ်တဲ့အခါ အချိန်မီ မရိတ်နိုင်တာ၊ မိုးရွာတဲ့အခါ ရိတ်ထားတဲ့ စပါးတွေ ပျက်စီးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ရခိုင်တောင်သူတွေက ပြောပါတယ်။
လူအားနဲ့ ရိတ်တဲ့အခါမှာလည်း စက်နဲ့ ရိတ်တဲ့ ကုန်ကျစရိတ်ထက် ပိုပြီးတော့ ကုန်ကျနိုင်တယ်လို့ မြောက်ဦးမြို့နယ်က တောင်သူ ဦးမောင်ဆန်းက ပြောပါတယ်။
“အခုကတော့ လက်နဲ့ရိတ်ဖို့ ပြင်ဆင်နေကြတာလည်း ရှိတယ်၊ စက်နဲ့လည်း ရှိတယ်။ တစ်ခုတည်းနဲ့ဆိုရင်လည်း ရမှာ မဟုတ်ဘူး။ စက်သပ်သပ်ဆိုလည်း စက်က လောက်မှာ မဟုတ်ဘူး။ နောက်တစ်ချက်က မိသားစု အင်အားရှိတဲ့သူတွေမှာကျတော့ စက်ဖိုးမပေးနိုင်တဲ့အခါ ကိုယ့်ဟာကိုယ်ရိတ်ပြီးတော့ စက်ကို သိမ်းရမယ့် အနေအထားတွေမှာ ရှိနေတာ။ လူအားနဲ့ ရိတ်ဖို့ဆိုတာက လွယ်တော့ မလွယ်ဘူး။ လူအားနဲ့ ရိတ်တာကလည်း စက်မရှိလို့ လူအားနဲ့ လုပ်အားခပေးပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် စက်ရိတ်တာထက်ကို ပိုကုန်အုံးမယ်။ နောက်တခါ အဲဒီလိုလုပ်တာက အချိန်အခါမဟုတ် မိုးတွေရွာလို့ရှိရင် စပါးတွေ ပျက်စီးကုန်တယ် အဲဒီလို အခက်အခဲတွေ ရှိတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စက်နဲ့ ရိတ်ဖို့အတွက် စက်သုံးဆီကို အိန္ဒိယကလာတဲ့ စက်သုံးဆီနဲ့ သုံးလို့ရပေမယ့် စက်ပျက်သွားမှာကို တောင်သူတွေက စိုးရိမ်နေကြပြီး တချို့တောင်သူတွေကတော့ စမ်းပြီး ရိတ်ဖို့အတွက်ကို ပြင်ဆင်နေကြတာတွေလည်း ရှိပါတယ်။
အိန္ဒိယစက်သုံးဆီက ဆီကုန်များတဲ့အပြင် တစ်ပေပါကို ၁၄ သိန်းကနေ ၁၇ သိန်းအထိ ရှိနေတယ်လို့လည်း သိရပါတယ်။
ဓညဝတီ တောင်သူလယ်သမားအသင်းချုပ် အတွင်းရေးမှူး ဦးမောင်သိန်းလှက “စက်သုံးဆီကျတော့ အိန္ဒိယကလာတာရှိတယ်။ အိန္ဒိယက လာတာက ရိတ်သိမ်းခြွေစက်ကို မောင်းလို့ မရဘူးလို့ ပြောတယ်။ တချို့တွေလည်း စမ်းမောင်းဖို့ လုပ်နေကြတယ်။ မောင်းတော့ မမောင်းရဲကြဘူး။ တစ်ခုခုဖြစ်သွားရင် ပစ္စည်းတွေကလည်း ရှားတာဆိုတော့။ စက်သုံးဆီက ပရီမီယမ်ဒီဇယ်မှပဲ ရတာဆိုတော့။ အဲဒီစက်က ဆီသန့်မှ မောင်းလို့ရတာလေ။ အဲဒီဆီကလည်း အခုချိန်ထိ ဘာလဲဆိုတာကို ရှာလို့မရဘူး ဖြစ်နေတယ်။ အခုလည်း တချို့တွေက အိန္ဒိယကလာတဲ့ဆီနဲ့ မောင်းမယ်ဆိုပြီးတော့လည်း ရည်ရွယ်ထားတာ ရှိတယ်။ ဒါပေမယ့် မမောင်းရဲကြသေးဘူး။ အိန္ဒိယဆီက ဘာဖြစ်လဲဆိုတော့ စက်က ရုန်းအားကောင်းတယ်၊ ဆီစားတာ မြန်တယ်လို့လည်း ပြောတယ်။ ဆီက မသက်သာဘူး၊ ဆီအရမ်းစားတယ်။ ပရီမီယမ်ကျတော့လည်း ကျနော်တို့ မြန်မာပြည်ဘက်က လာတာဆိုတော့ အခု အဲဒီလမ်း ပိတ်ထားတဲ့အခါမှာ ပရီမီယမ်က ဒီမှာလည်း မရှိဘူး ဖြစ်နေတယ်။ အိန္ဒိယဆီက ဒီနားမှာက ၂၀ အောက် ရှိတယ်။ ၁၇ သိန်း၊ ၁၄ သိန်းလောက် ရှိတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်မှာ မိုးစပါးကို ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ အများဆုံး စိုက်ပျိုးကြပြီးတော့ ပြီးခဲ့တဲ့နှစ်မှာ စိုက်ဧကအနေနဲ့ ၁၀ သိန်းကျော် ရှိပါတယ်။
ယခုနှစ်မှာတော့ စိုက်ဧက ၆ သိန်းကျော်မှာ စိုက်ပျိုးထားတဲ့ စပါးတွေအားလုံးကို ရောင်းချဖို့လည်း ခက်ခဲနေပါတယ်။
ရက္ခိုင်ပြည်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းကနေစပြီးတော့ ကုန်လမ်း၊ ရေလမ်း စတဲ့ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ထားတာကြောင့် လက်ရှိမှာ ရခိုင်စပါးတွေ ဈေးကွက်မရှိ ဖြစ်နေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ရိတ်ထားတဲ့ စပါးတွေလည်း အခုချိန်ထိ ကျန်ရှိနေတယ်လို့လည်း သိရပါတယ်။
7 Comment
[url=https://vikar-auto.ru]шумоизоляция авто[/url]
Здравствуйте дорогие друзья! Очень актуальная тема — кровля в зимний период. Здесь такой момент: рубероид на морозе не клеится. ПВХ монтируют круглый год — могу рекомендовать: [url=https://montazh-membrannoj-krovli-spb.ru]монтаж ПВХ мембраны[/url]. На практике знаю: сварка мембраны — работает и в мороз. Короче сроки горят — так вот мембранная кровля выручает. Мы используем специальные режимы сварки. Вместо заключения: один из самых эффективных способов — крыша зимой реальна.
Приветствую! Стоит заранее разобрать — сколько стоит ПВХ крыша. Суть в том, что: первоначальные затраты выше — но окупается. Хочешь расчёт — могу рекомендовать: [url=https://montazh-membrannoj-krovli-spb.ru]установка мембранной кровли[/url]. Какие результаты можно достичь: мембрана стоит дороже рубероида, но служит 30 лет. Например постоянно латаешь — то есть мембрана выгоднее. Общие рекомендации: считай на перспективу. Что в итоге: это отличные параметры — экономия в долгосрочной перспективе.
[url=https://vikar-auto.ru]шумоизоляция авто[/url]
[url=https://shumoizolyaciya-torpedy-77.ru]шумоизоляция торпеды[/url]
шумоизоляция дверей авто https://shumoizolyaciya-dverej-avto.ru
накрутка подписчиков в Телеграм https://nakrutka-podpischikov-telegram-1.ru