တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၁ မတ် ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် တရားမဝင် ပြည်ပထုတ် အရက်၊ ဘီယာများကို တရား​ဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန – DLEPS က ရှာဖွေ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

“ ကြိမ်ချောင်းရွာက ကုန်စုံဆိုင်တွေကို စစ်ဆေးတာမှာ ၂ ဆိုင်မှာ တရားမဝင်အရက်တွေ ရောင်းချနေတာတွေ့တော့ အရက်ကိုလည်း သိမ်းသွားတယ်။ ဆိုင်ရှင်တွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သိရပါတယ်။

တရား​ဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန – DLEPS က မတ်လ ၁၈ ရက်မှာ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းရွာက ကုန်စုံဆိုင်တွေကို သွားရောက်စစ်ဆေးခဲ့ပြီး မမေသန်းနု နဲ့ ဒေါ်အချေ (ခ) အဘု တို့ဆိုင်တွင် တရားမဝင် ပြင်ပ အရက်၊ ဘီယာများကို ရောင်းချနေတာ တွေ့ရှိခဲ့တာလို့လည်း သိရပါတယ်။

မေသန်းနု ကုန်စုံဆိုင်တွင် GRAND ရွှေ ပုလင်း ၁၅ လုံး၊ GRAND ပြာ ၁၀ လုံး နဲ့ ABC ဘီယာ ၁၀၈ ဗူး တွေ့ရှိခဲ့ပြီး ဒေါ်အချေ (ခ) အဘု ကုန်စုံဆိုင်တွင် GRAND ရွှေ ပုလင်း ၂၃ လုံး နဲ့ ၃၅ ပိုင်း၊ GRAND SMOOTH ပုလင်း ၁၈ လုံးနဲ့ အပိုင်း ၁၀ ပိုင်း၊ မြန်မာဘီယာ ၆ ဗူး နဲ့ ABC ဘီယာ ၁၀ ဗူး တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ရက္ခိုင်ပြည်အတွင်း တရားမဝင် ပြင်ပ အရက်၊ ဘီယာ၊ ဝိုင် စတဲ့ မူးယစ်ကုန်ပစ္စည်းများ တင်သွင်းရောင်းချခြင်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်ကစတင်ကာ ပိတ်ပင်ထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ စစ်ဆေး အရေးယူနေတယ်လို့ သိရပါတယ်။

Photo – APM

Related posts

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော

ဆောကို စကမ အင်အားဖြည့်နေတာ AA ကို စစ်မြှူတာဖြစ်နိုင်

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးပွဲများ၊ India, Bangladesh တို့နဲ့ ဆက်ဆံရေးများအပေါ် ပြောကြားချက်

3 Comment

Casino_upkt မတ် 24, 2026 - 12:10 မနက်

Casino Pinco предоставляет доступ к современным слотам и популярным играм.
Pinco Casino
Все транзакции защищены современными технологиями.

Casino_efkt မတ် 26, 2026 - 1:54 ညနေ
Add Comment