ရက္ခိုင်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြန်စလာနိုင်

ရက္ခိုင်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြန်စလာနိုင်

အာရက္ခတိုင်းမ်စ် (၁၁  နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည်မှာ ရပ်နားထားတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်ဘက်က ပြန်လည်စတင်လာနိုင်ဖွယ် ရှိတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြပါတယ်။

စစ်ကောင်စီရဲ့ တရုတ်ခရီးစဉ်မှာ စီမံကိန်းကိစ္စတွေ၊ မြေငှားရမ်းတာတွေကို လက်မှတ်ထိုး ဆွေးနွေးခဲ့ကြတဲ့ အတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာလည်း ပြန်လည်စတင်လာနိုင်တယ်လို့ သုံးသပ်နေကြတာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ပြန်လည်စတင်ချင်နေတာဟာ အချိန်ကာလ ကြာပြီဖြစ်ပြီး လက်ရှိ စစ်ကောင်စီ တရုတ်ခရီးစဉ်ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်တွေကလည်း စောင့်ကြည့်နေကြကြောင်း၊ နယ်မြေအနေအထားအရ ဘယ်လိုအာမခံချက် ပေးနိုင်မလဲဆိုတာကို တရုတ်ဘက်က စောင့်ကြည့်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သူက “နယ်မြေအေးချမ်းမှု အခြေအနေတစ်ခုကို ဘယ်လောက်အထိ မြန်မာအစိုးရဘက်က အာမခံချက် ပေးနိုင်လဲဆိုတဲ့ ဟာကိုလည်း တရုတ်ဘက်က စောင့်ကြည့်နေတယ်လို့ သိထားရတယ်။ အခု လက်ရှိ အနေအထားအရလည်း ကျောက်ဖြူရေနက်စီမံကိန်းရှိနေတဲ့နေရာက သွားလာဖို့အတွက်က နည်းနည်း ခက်ခဲနေတဲ့ အခြေအနေမျိုးမှာ ရှိသေးတော့ ဒီအပေါ်မှာ ဘယ်လိုဖြေရှင်းမလဲက မြန်မာအစိုးရအပေါ် မူတည်တယ်။ ‌ကျောက်ဖြူရေနက်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့က နှစ်နိုင်ငံ အစိုးရအချင်းချင်း ဆောင်ရွက်ထားတဲ့ အခြေအနေဖြစ်ပေမယ့် လက်ရှိ ပြည်တွင်းမှာ ပဋိပက္ခအခြေအနေတွေက တရုတ်အပေါ်မှာ ရိုက်ခတ်မှုတွေ ရှိနေတဲ့အတွက် တရုတ်အစိုးရအနေနဲ့လည်း ပဋိပက္ခတွေ အေးချမ်းသွားအောင် ဘယ်လိုပံ့ပိုးကူညီ ဆောင်ရွက်ပေးမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးနဲ့ တခြား ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်ခဲ့တာပါ။

ကူမင်းမြို့မှာ ကျင်းပခဲ့တဲ့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးမှာတော့ တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ စီမံကိန်း စတာတွေကို ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

တကယ်လို့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကိုသာ တရုတ်ဘက်က ပြန်လည်စတင်လိုပါက နယ်မြေကို လက်ရှိ ဘယ်သူပိုင်ဆိုင်နေလဲဆိုတဲ့ အပေါ် မူတည်ပြီး အရင်လိုမျိုး စစ်ကောင်စီတစ်ဖက်တည်းနဲ့ ဆွေးနွေးလို့မရဘူးလို့ မြောက်ဦးဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဓိကကတော့ မြေပြင်ကို ဘယ်သူပိုင်လဲဆိုတာက အဖြေဖြစ်လာမှာပါ။ ဒီလို ပိုက်လိုင်းစီမံကိန်းမျိုးဆိုတာက ရက္ခိုင်ပြည် တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ရတာ မဟုတ်ဘူးလေ။ စစ်ကိုင်း၊ မကွေး၊ မန္တ‌လေးဘက်ကို ဖြတ်သွားပြီး တော့မှ ရှမ်းမြောက်ကို ဖြတ်သွားတာဆိုတော့လေ ဒီပိုက်လိုင်းစီမံကိန်းဆိုတာက ရက္ခိုင်တစ်ခုတည်း ဆုံးဖြတ်လို့ မရဘူး။ ဒါက တိုင်းပြည်တစ်ခုလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကရော ဘယ်လိုစဉ်းစားကြမလဲ၊ ရက္ခိုင်တွေကရော ဘယ်လိုစဉ်းစားကြမလဲပေါ့၊ ဒါမျိုးနဲ့ပဲ သွားလာရမယ့် သဘောရှိတယ်။ တရုတ်အနေနဲ့လည်း လက်ရှိအာဏာရှိနေတဲ့ စစ်ကောင်စီနဲ့ပဲ ဆွေးနွေးလို့ မရတော့ဘူးပေါ့။ စစ်ကောင်စီကပဲ အကုန်လုံးကို စိုးမိုးထားတာ မဟုတ်တော့ဘူးလေ။ တော်လှန်ရေးအင်အားစုတွေရော၊ ULA/AA ရော စစ်ကောင်စီရောပဲ တရုတ်အနေနဲ့ စဉ်းစားတဲ့အခါမှာ အဲဒီအစုအဖွဲ့ ၃ ခု မကဘူး။ ပြည်သူတွေလည်း ရှိမယ်။ အရင်ကလို တစ်စု တစ်ဖွဲ့တည်းနဲ့ စကားပြောရမယ့်အနေအထားမျိုး ရှိမှာ မဟုတ်တော့ဘူး” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်က သဘောတူညီခဲ့ပြီးသား ဒီစီမံကိန်းစာချုပ်ကို အာဏာသိမ်း ကာလ ၃ နှစ်အကြာ ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ပိုင်ခွင့် ပြင်ဆင်မှု ညှိနှိုင်းသဘောတူညီချက်ကို တရုတ် CITIC နဲ့ စစ်ကောင်စီဝန်ကြီးတွေက လက်မှတ်ထိုးခဲ့ပါတယ်။

NLD လက်ထက်က စာချုပ်မှာ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ရှယ်ယာခွဲဝေပိုင်ဆိုင်မှုက တရုတ်ကုမ္ပဏီ CITIC ဘက်က ၇၀ ရာခိုင်နှုန်း နဲ့ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြစ်ပြီး စီမံကိန်းရဲ့ ပထမအဆင့်မှာ မြန်မာဘက်က ရင်းနှီးမြုပ်နှံမှုတန်ဖိုးက ၁ ဒသမ ၃ ဘီလီယံ ဖြစ်ခဲ့ပါတယ်။

နောက်ဆက်တွဲ စာချုပ်အရ ရှယ်ယာခွဲဝေ ပိုင်ဆိုင်မှုကတော့ အရင်တုန်းက စာချုပ်အတိုင်းဖြစ်ပြီး စီမံကိန်းပထမအဆင့်ရဲ့ မြန်မာဘက်က ရင်းနှီးမြုပ်နှံမှုတန်ဖိုးကို ထည့်သွင်းပြောကြား ထုတ်ပြန်တာမျိုး မလုပ်ခဲ့ပါဘူး။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

3 Comment

i-tec ဇန်နဝါရီ 16, 2026 - 3:42 ညနေ

Мультимедийный интегратор тут интеграция мультимедийных систем под ключ для офисов и объектов. Проектирование, поставка, монтаж и настройка аудио-видео, видеостен, LED, переговорных и конференц-залов. Гарантия и сервис.

Conradnut ဇန်နဝါရီ 26, 2026 - 8:05 ညနေ

Title — один из важнейших тегов. Он должен быть уникальным для каждой страницы, содержать главный ключ и призыв к действию. Длина — около 60 символов, чтобы не обрезался в выдаче. prodvizheniye-sayta-grodno.ru

Wayneembep ဇန်နဝါရီ 29, 2026 - 8:58 မနက်

Лучшее казино ап х играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.

Add Comment