ရက္ခိုင်မှာ AA က ကုန်စည်တွေ မပြတ်အောင် ကြိုးစားပေးနေ
အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)
ရက္ခိုင်ပြည်တွင် အာရက္ခတပ်တော်မှ ဈေးကွက်ထဲမှာ ကုန်စည်တွေ ပြတ်လပ်မှု မဖြစ်စေရေးအတွက် ကြိုးစားပေးနေတယ်လို့ ရက္ခိုင်ဒေသခံတချို့က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်မှာ တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် ကုန်းလမ်းအားလုံးကို ပိတ်ထားတာဟာ တစ်နှစ် နီးပါးခန့် ရှိနေပြီး ကုန်စည်မပြတ်လပ်စေရေး အာရက္ခတပ်တော်မှ သူ့နည်း သူ့ဟန်နဲ့ ဆောင်ရွက်ပေးနေတဲ့အတွက် ပြတ်လပ်မှု မရှိပေမယ့်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုတော့ ရှိတယ်လို့ မြောက်ဦး ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သူက “ဖြန့်ဝေပေးတယ်ဆိုတာထက် economic monopoly ပေါ့ဗျာ။ ဈေးကွက် access တွေ market access တွေ ရအောင် တစ်နည်းတစ်လမ်းနဲ့ ကြိုးစားပေးတဲ့ ပုံစံမျိုးတော့ ရှိတာပေါ့။ အဓိကကတော့ ULA/AA က မြေပြင်ကို အုပ်ချုပ်ထားတာဆိုတော့ သူတို့တွေက ပြည်သူတွေအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုတယ်ပေါ့လေ။ သူတို့ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်တဲ့နေရာမှာ အစီအစဉ် ချပြီးတော့ပဲ ဖော်ဆောင်တာပါ။ ကျနော့် အမြင်မှာလေ။ ဒါက ပိတ်ဆို့မယ်ဆိုတဲ့ အပိုင်းတွေ လာနိုင်တယ်။ အဲဒီ ပိတ်ဆို့ထားတာကို ဘယ်လို ကျော်ဖြတ်မယ် ဆိုတဲ့ အပိုင်းတွေကလည်း ရှိပြီးသားပေါ့။ ဆိုတော့ အကြပ်အတည်းတော့ ရှိမယ်။ အဲဒီ ကုန်စည်ဈေး နည်းနည်း ကြီးသွားတာ ရှိမယ်။ လုံးဝကြီး ပြတ်တောက်သွားတာ မရှိပါဘူး။ ဒါက အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ တစ်နည်းတစ်ဖုံ စီစဉ်ပေးထားတာတွေ ရှိတယ်။၊ ပြည်သူတွေ သက်သာချောင်ချိရေးနဲ့ အဆင်ပြေရေး အတွက်ပေါ့။ သူ့နည်း သူ့ဟန်နဲ့ အဲဒီလို စီစဉ်ထားတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
လက်ရှိ ရက္ခိုင်ပြည်မှာ အခြေခံစားသောက်ကုန်တွေ အပါအဝင် စက်သုံးဆီ ဈေးနှုန်းတွေပါ အဆမတန် ကြီးမြင့်နေတာဖြစ်ပြီး ရေသန့်ဗူး ၁ ဗူးကို ၁ သောင်းကျပ်၊ ဓာတ်ဆားထုပ် ၁ ထုပ်ကို ၃ ထောင်ကျပ် နဲ့ ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။
ဒ့ါအပြင် လက်ရှိမှာ အမ်း၊ တောင်ကုတ် နဲ့ ဂွမြိုနယ်တွေမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့်လည်း ဆန်ဈေးနှုန်းတွေက တစ်အိတ်ကို ငွေကျပ် ၃ သိန်းအထိ ရောက်နေတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ရက္ခိုင်ပြည်မှာ အလုပ်အကိုင် ရှားပါးမှုတွေ ဖြစ်ပေါ်နေပေမယ့်လည်း မြို့သိမ်းတိုက်ပွဲတွေအတွက် ရက္ခိုင်ပြည်သူတွေကလည်း အဆင်သင့်ရှိကြတယ်လို့ ရက္ခိုင်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သူက “ရက္ခိုင်ပြည်မှာ သူမရှိတဲ့နေရာမှ ရှိမှ မရှိတော့တာ။ ကျောက်ဖြူဆိုလည်း မြို့ကွက်ကွက်လောက်ပဲ။ ဂွဆိုလည်း မြို့ကွက်ကွက် သေးသေးလေးပဲ ကျန်တယ်လေ။ အမ်းဆိုရင်လည်း မြို့ဧရိယာ အခု မကြာခင်ပဲ အမ်းမြို့သိမ်း တိုက်ပွဲက ပြီးသွားနိုင်တဲ့ အခြေအနေရှိတယ်ဆိုတော့ ပြည်သူအများစုက မြေပြင်မှာရှိတဲ့လူတွေက အဆင်ပြေကြပါတယ်။ ခုနက ပြောသလို ကုန်ဈေးနှုန်းကြီးတာ၊ အလုပ်အကိုင် ရှားပါးတာကလွဲလို့။ ဒါကတော့ တိုက်ပွဲတွေ ဆင်နွှဲနေတဲ့အချိန်မှာတော့ ဖြစ်မှာပဲလေ။ ဒါမျိုးကို ရက္ခိုင်ပြည်သူတွေကလည်း အဆင်သင့် ရှိကြပါတယ်။ အဲဒါကို ငြီးငြူနေကြမယ်ဆိုတာထက် ဒီအကြပ်အတည်းကြီးကို ဘယ်အချိန်မှာ ပြီးအောင် လုပ်မလဲ၊ အဲဒီ အကြပ်အတည်းကို ဖြေရှင်းနေတဲ့ကာလမှာ ULA/AA ရဲ့ တော်လှန်ရေးတစ်ခုတည်းမှ မဟုတ် တာ။ ဒါပြည်သူတစ်ရပ်လုံးရဲ့ တော်လှန်ရေးလည်း ဖြစ်တယ်ဆိုတော့ ပြည်သူတွေရဲ့ အခက်အခဲကလည်း တော်လှန်ရေးရဲ့ အခက်အခဲပါပဲ။ အဲဒီတော့ အတူတူ ရင်ဆိုင်ရတာပေါ့” လို့ ပြောပါတယ်။
ရက္ခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ ရက္ခိုင့်တပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားကတည်းက ရက္ခိုင်ပြည်ကို ကုန်စည်စီးဆင်းတဲ့လမ်းကြောင်း အားလုံးကို စစ်ကောင်စီဘက်က ပိတ်ထားတာဟာ ယနေ့အချိန်ထိပဲ ဖြစ်ပါတယ်။
9 Comment
References:
Casino directory https://isugar-dating.com/@hailogue745689
References:
Legiano Casino Mindesteinzahlung jomowa.com
References:
Legiano Casino Gutscheincode https://sportsdungeon.com/@isiahtrumbo05?page=about
References:
Legiano Casino Zahlungsmethoden http://images.google.kz
References:
Legiano Casino Gutschein http://wartank.ru/?channelId=30152&partnerUrl=www.nwnights.ru/redirect/de.trustpilot.com/review/owowear.de
References:
Legiano Casino Bewertung https://tn.nova.cz
References:
William casino https://gcsoft.com.au/bbs/board.php?bo_table=free&wr_id=52317
References:
Vegas slots online https://talenthubsol.com/companies/candy96-casino-australia-pokies-bonus-deals-fast-withdrawals-3
References:
Online casinos no download https://toutsurlemali.ml/employer/candy96-online-casino-australia-100-welcome-bonus-and-other-bonuses-6