ရက္ခိုင်တွင် စပါးတစ်ဧက ရိတ်သိမ်းခ ကျပ် ၂ သိန်းရှိနေ

အာရက္ခတိုင်းမ်စ် (၁၂ နိုဝင်ဘာ ၂၀၂၄)

လက်ရှိကာလက မိုးစပါးတွေ ရိတ်သိမ်းချိန် ဖြစ်ပေမယ့်လည်း ရက္ခိုင်ပြည်မှာတော့ စပါးတစ်ဧကကို ရိတ်သိမ်းခက ၂ သိန်းကျပ်လောက် ဖြစ်နေတယ်လို သိရပါတယ်။

ရိတ်သိမ်းခက ဈေးကြီးနေပြီး ရတဲ့စပါးက ရိတ်သိမ်းခကိုတောင် မကာမိတဲ့အတွက် တချို တောင်သူတွေကတော့ မရိတ်သိမ်းဘဲ ဒီအတိုင်း ပစ်ထားမယ်ဆိုပြီးတော့လည်း လုပ်နေကြပါတယ်။

ထွက်လာတဲ့စပါးက ရိတ်သိမ်းထားရတဲ့ စာရိတ်ကိုတောင် မကျေဘူးလို မြောက်ဦးမြိုနယ်၊ ဓညဝတီ တောင်သူလယ်သမားအသင်းချုပ်က အတွင်းရေးမှူး ဦးမောင်သိန်းလှက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒီမှာလည်း စပါး တစ်ဧကကို ရိတ်မယ်ဆိုလိုရှိရင် ရိတ်စာရိတ်က ၂ သိန်းနဲ့ ၂ သိန်းခွဲ ဝန်းကျင်ကြားမှာ ရှိတယ်။ ရှိတယ်ဆိုတော့ အဲဒီ စပါးကို ရိတ်ဖိုအတွက် အဲဒီ စပါးက အဲဒီလောက် တန်ဖိုးမရှိဘူး။ ရိတ်ခတောင် ကျေအောင် မသိနိုင်တဲ့ အနေအထားမှာ အဲဒီဟာမျိုးတွေ ပေးလိုက်ရတယ်။ တချိုဆိုရင် ရိတ်ရမယ့်အချိန်မှာ ဒီအတိုင်းပဲ ထားလိုက်တော့မယ် မရိတ်တော့ဘူး အဲဒီလိုမျိုးတွေလည်း ရှိတယ်။ အဲဒီဟာကို ရိတ်လို ရိတ်ခမကျေတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်” လို ပြောပါတယ်။

ယခင်က စပါးတစ်ဧက ရိတ်သိမ်းခက ၈ သောင်းကျပ်ပဲ ရှိပေမယ့်လည်း တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ပြီးခဲ့တဲ့နှစ်မှာတော့ စပါးရိတ်ခက ၁ သိန်းခွဲကျပ် ဖြစ်ပေါ်ခဲ့တယ်လိုလည်း သိရပါတယ်။

အခုနှစ်မှာတော့ ရိတ်သိမ်းခက တစ်ဧက ၂ သိန်းခွဲကျပ် ဖြစ်ပေါ်ခဲ့ပြီးတော့ စပါးတစ်ဧကရဲ့ အထွက်နှုန်း တင်း ၅၀ နဲ့ တွက်မယ်ဆိုရင် တောင်သူတွေက ငွေကျပ် ၆ သိန်းပဲ ရမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ထွက်လာတဲ့ စပါးကိုလည်း ဝယ်မယ့်သူ မရှိသေးဘူးလိုလည်း သိရပါတယ်။

ဓညဝတီ တောင်သူလယ်သမားအသင်းချုပ်က အတွင်းရေးမှူး ဦးမောင်သိန်းလှက “ အရင်တုန်းက ဘယ်လောက်ရှိလဲဆိုတော့ တစ်ဧကကို ရိတ်ခက ၈ သောင်းရှိတယ်။ ကုန်ခဲ့တဲ့နှစ်ကဆိုရင် ၁ သိန်းခွဲ။ ဒီနှစ်က ၂ သိန်းခွဲ ဖြစ်သွားတယ်။ စပါးက အများဆုံး ရရင် တင်း ၅၀။ တင်း ၅၀ ကို အခုဈေးနဲ့ ရောင်းမယ်ဆိုလိုရှိရင် ၆ သိန်းလောက် ရမယ်။ ခန့်မှန်းပြီးတော့ ပြောတာပါ။ အများဆုံးရရင် ၆ သိန်းပါပဲ။ အဲဒီ တစ်ဧကထွက်တာက ၆ သိန်းအောက်မှာပဲ ရှိတယ်” လို ပြောပါတယ်။

စပါးရိတ်ဖိုအတွက် စက်သုံးဆီကို အိန္ဒိယကနေ တင်သွင်းတဲ့ စက်သုံးဆီကို အသုံးပြုရမယ်ဆိုပေမယ့် ဈေးနှုန်းက တစ်ပေပါကို ၂၅ သိန်းဖြစ်နေတာနဲ့ ဝယ်လိုမရတဲ့အတွက်ကြောင့်လည်း တချို ရိတ်သိမ်းခြွေလှေ့စက်တွေက ရပ်ထားရတာတွေလည်း ရှိနေပါတယ်။

ဒါကြောင့် အခုနှစ်မှာ ရခိုင်မှာ စိုက်ထားတဲ့ စပါးအများအပြားက မရိတ်နိုင်ဘဲ ကျန်သွားနိုင်တာတွေလည်း ရှိမယ်လို တောင်သူတွေဆီက သိရပါတယ်။

Related posts

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်

ဂွမြို့ကရဲများ နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ‌ ရောင်းစားခဲ့

ဂွမြို့နယ်တွင် မိုင်းနင်းမိသဖြင့် ဒေသခံပြည်သူ ၂ ဦး ခြေ ၁ ဖက် ဆီ ဆုံးရှုံး