ရက္ခိုင်တိုက်ပွဲရှောင်များ စားဆီမဝယ်နိုင်တဲ့အတွက် ရေနဲ့ပဲချက်စားနေရ
အာရက္ခတိုင်းမ်စ် (၁၅ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)
ရက္ခိုင်ပြည်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့အတွက် တိုက်ပွဲရှောင်တွေဟာ စားသုံးဆီ မဝယ်နိုင်ဘဲ ရေနဲ့ပဲ ချက်စားနေရတယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစပြီး ရက္ခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွါးလာတဲ့အတွက် ကုန်စည်ပို့ဆောင်တဲ့ ကုန်းလမ်းကြောင်းတွေကို ပိတ်ထားတာ ၁ နှစ်ရှိပြီဖြစ်သဖြင့် ကုန်ဈေးနှုန်းတွေဟာလည်း အဆမတန် မြင့်တက်လျက်ရှိနေတာပါ။
အရင်က ရက္ခိုင်တိုက်ပွဲရှောင်တွေဟာ စားသုံးဆီ ဝယ်ပြီး ချက်ပြုတ်စားသောက်နိုင်ပေမယ့် အခုအခါမှာတော့ မဝယ်နိုင်တော့ဘူးလို့ ကျောက်တော်ရှိ တိုက်ပွဲရှောင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သူက “ဆီသိပ်မသုံးကြတော့ဘူး ဒီမှာတော့။ ဒီလိုပဲ အရင်တုန်းက ဆီ တစ်ပုလင်းကိုမှ ၄၀၀၀၊ ၅၀၀၀ ပဲရှိတာ။ အခု တစ်သောင်းကျော်၊ တစ်သောင်းခွဲ တော်တော်များများ ဝယ်မသုံးတာ ကြာပြီ။ တော်တော်များများ ရေနဲ့ချက်စားတယ်၊ ပြောင်းစားတယ် အဲဒီလိုမျိုးပဲ။ အခက်အခဲကတော့ အများကြီးပဲ။ ပြီးရင် အလုပ်လည်းမရှိဘူး။ ကုန်ဈေးနှုန်းတွေ တအားတက်တဲ့အချိန်မှာတော့ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ တချို့တွေ အိမ်သာလာလုပ်ပေးတာရှိတယ်၊ တံတားတွေ လုပ်ပေးတာတွေရှိတယ်။ ဒါပေမယ့် သူတို့အဖွဲ့တွေကတော့ ပိုက်ဆံမပေးဘူး” လို့ ပြောပါတယ်။
အရင်က ရက္ခိုင်တိုက်ပွဲရှောင်တွေကို NGO အဖွဲ့ဖြစ်တဲ့ WFP က လစဉ် ထောက်ပံ့ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ မေလကတည်းကစပြီး အခုလက်ရှိအချိန်အထိ ဘာအကူအညီ အထောက်အပံ့မှ မရောက်လာဘူးလို့လည်း ကျောက်တော်ရှိ တိုက်ပွဲရှောင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အရင်ကတော့ WFP က ပေးတယ်။ ၅ လပိုင်းက နေပြီးရင် သူတို့ မလာတော့ဘူး။ WFP က အမြဲ ပုံမှန်ပေးတယ်။ ကျမတို့ ဒီမှာနေတာ ၆ နှစ်ရှိပြီ။ လစဉ် သူတို့ ပုံမှန်ပေးတယ်။ အခု ၆ လ လောက်ရှိပြီ သူတို့ မပေးတော့ဘူး။ မရတော့ဘူးလို့လည်း မပြောဘူး သူတို့က။ ချက်ချင်းပဲ မပေးဘဲ ထားခဲ့တာ။ သူတို့ကို ဖုန်းဆက်ကြည့်တယ်။ ရဦးမှာလားလို့ သူတို့က ရမယ် ရမယ်နဲ့။ ဆန်တွေ အကြွေးဝယ်စားတဲ့သူလည်းရှိတယ် သူတို့ကို အားကိုးပြီးတော့လေ။ အခုအချိန်ထိ လာမယ် လာမယ်နဲ့ ပြောတာပဲ” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ရက္ခိုင်ပြည် ကျောက်တော်မြို့က တိုက်ပွဲရှောင်စခန်းတချို့မှာ သောက်သုံးရေလိုအပ်နေပြီး မကြာခင် ကာလအတွင်း သောက်သုံးရေ ပြတ်လပ်သွားနိုင်တယ်လို့ တိုက်ပွဲရှောင်နေသူတွေက ပြောပါတယ်။
မိုးရွာသွန်းမှုမရှိသလို ရာသီဥတုဟာ ပူပြင်းပြီး တိုက်ပွဲရှောင်ဦးရေဟာလည်း တိုးလာတဲ့အတွက် သောက်သုံးရေအဖြစ် အသုံးပြုနေတဲ့ ရေကန်တွေထဲမှာ ရေဟာ နည်းပါးလာနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
3 Comment
В клинике «Основа» применяется комплексный подход к лечению алкогольной интоксикации. Программа включает использование нескольких групп препаратов, каждая из которых решает конкретную задачу в процессе восстановления:
Получить дополнительные сведения – выезд на дом капельница от запоя новосибирск
Соблюдаем конфиденциальность, бережно общаемся с пациентом и его близкими на каждом этапе.
Ознакомиться с деталями – лучшая наркологическая клиника москва
Помощь можно получить анонимно, с аккуратным оформлением и внимательным отношением к личным данным.
Подробнее – https://kodirovanie-ot-alkogolizma-shchelkovo3.ru/