ပြည်သူလူထုကို ထောက်ထား၍ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိဟု TNLA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၄)

စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အသင့်ရှိကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

နေ့စဉ်ရက်စက်ဖြစ်ပွားနေသော တိုက်ပွဲတွေမှာ စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သော တိုက်ပွဲများကြောင့် ဒေသခံပြည်သူတွေဟာ စစ်ဘေးဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်း ဆိုပါတယ်။

ဒါ့အပြင် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍သော်လည်းကောင်း၊ နှစ်ဖက်ပဋိပက္ခတွေ အဆုံးသပ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA ၏ သဘောထားကို ထုတ်ပြန်သည်ဟု ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့သည်မှာ နှစ်ပတ်လည်ခဲ့ပြီဖြစ်ကြောင်း စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ၊ တပ်စခန်းတွေ၊ စစ်ကြောင်းတွေကို မိမိတို့ မြို့ရွာဒေသတွေမှာ ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်ခဲ့ကြောင်း ဆိုပါတယ်။

စစ်ကောင်စီကလည်း ပြည်သူလူထုတွေကို ဦးတည်ပစ်မှတ်ထားပြီး လေကြောင်းနဲ့ ချေမှုန်းတိုက်ခိုက်နေတာကြောင့် အပြစ်မဲ့ ပြည်သူလူထုတွေ စစ်ဘေးဒဏ်ပေါင်းစုံကို ခံစားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related posts

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို AA ပြန်လွှဲပေး

AA ထောက်ပို့ဆိုပြီး အမတ ၃၆၈ က တပ်ရင်းမှူးကို စစ်လော်ဘီတွေ အရေးယူခိုင်းနေ

ကျောက်ထုနယ်မြေကို စကမက စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးနိုင်

5 Comment

free fire diamond giveaway မေ 4, 2026 - 7:18 ညနေ

This site was… how do I say it? relevant, It just made sense while reading. this could be useful later.

free diamonds မေ 6, 2026 - 3:37 မနက်

Hey, I found myself reading all the way through.

free fire diamonds မေ 6, 2026 - 3:13 ညနေ

this is actually interesting, it explained things better than most sites i’ve seen, which is honestly rare these days. i’ll check out more posts here.

free fire free diamonds မေ 6, 2026 - 3:23 ညနေ

This is actually interesting, I randomly clicked this link honestly. It just made sense while reading, without adding unnecessary stuff. keeping this bookmarked.

Free Fire Diamond Calculator မေ 8, 2026 - 4:21 ညနေ

Hello, It connected a few things I didn’t fully understand before. might be useful again later.

Add Comment