စစ်ကောင်စီတပ်သားများကို CDF-Asho ခြုံခိုတိုက်၊ တပ်သား ၄ ဦးသေဆုံး

အာရက္ခတိုင်းမ်စ် (၂၆ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် အမ်းမြို့ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို အင်အားဖြည့်ရန် စစ်ကူရောက်လာတဲ့ စစ်ကားများကို လမ်းတစ်လျောက် လုံခြုံရေးပေးနေတဲ့ စစ်သားများကို ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို (Chin Defence Force – Asho) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနေ့က နိုဝင်ဘာ ၂၅ရက် မနက်ပိုင်း ၆နာရီ ၁၅မိနစ်ခန့်က မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအနီး တောရဘုန်းကြီးကျောင်းတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀ ကျော်ဟာ လုံခြုံရေးပေးရန် ခွန်ဇူရွာလမ်းခွဲသို့ လာရောက်စဉ် ခြုံခိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“စစ်ကောင်စီတပ်သား ၄ ဦး ပွဲချင်းပြီး သေတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း များတယ်။ စစ်ကောင်စီဘက်က အမ်အေ(၁) အမျိုးအစား သေနတ်(၁)လက်၊ ကျောပိုးအိတ် (၁) လုံး နဲ့ တပ်မ (၈၈) တံဆိပ်ပါ စစ်ဝတ်စုံ တစ်ချို့ကို သိမ်းဆည်းရမိခဲ့တယ်” လို့ CDF-Asho က ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက် ညနေ ၄ နာရီအချိန်မှာလည်း မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာရဲ့ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာမှာ စစ်ကောင်စီရဲ့ အင်အား ၄၀ ခန့်ပါတဲ့ စစ်ကြောင်းကိုလူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – Magway) ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ၉ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အလားတူ နိုဝင်ဘာ ၅ ရက်နေ့က ရက္ခိုင်ပြည် နဲ့ မကွေး ဆက်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းက စစ်ကောင်စီရဲ့ ကင်းစခန်းနှစ်ခုကို တော်လှန်ရေး ၃ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်း လမ်းပိုင်းထိန်းချုပ်နိုင်ရေးအတွက် ချင်းကာကွယ်ရေးတပ်-အရှို (Chin Defence Force – Asho) နဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – Magway) က ရှေ့ပြေးလှုပ်ရှားမှုအဖြစ် စစ်ဆင်ရေး ဖော်ဆောင်လျက်ရှိတယ်လို့ အဆိုပါ အဖွဲ့တွေက ဆိုပါတယ်။

Related posts

သာပေါင်းကို ရွေတုအစိုးရ ဗုံးကြဲလို့ ရက္ခိုင်စစ်ရှောင် ၂ ဦး သေဆုံး

စစ်တွေမှာ ရွေးတုအစိုးရက ဝန်ထမ်းတွေကိုပဲ သက်သာတဲ့နှုန်းထားနဲ့ ရောင်းပေး

အဓမ္မပြုကျင့်သတ်ဖြတ်မှုအတွက် ရက္ခိုင်တွင် သေဒဏ်စတင်ပေး

12 Comment

Stevenden ဇူလိုင် 17, 2026 - 9:23 မနက်

All the details at the link: soogsx 色情

TimothyKes ဇူလိုင် 18, 2026 - 1:49 မနက်
AntonioDam ဇူလိုင် 18, 2026 - 5:06 မနက်

Только что опубликовано: https://frenchspeak.ru/letter/%D0%9D

Kennethtum ဇူလိုင် 18, 2026 - 8:52 မနက်

Подробности по ссылке: https://russkoitalslovar.ru

kartochka tovara 743 ဇူလိုင် 18, 2026 - 12:48 ညနေ

ии для дизайна карточек товара инфографика карточки товара

TimothyKes ဇူလိုင် 18, 2026 - 5:10 ညနေ
Romanfer ဇူလိုင် 18, 2026 - 11:17 ညနေ

Наша лучшая подборка: https://aromline.ru/index.php?productid=1190

kupit spravky 469 ဇူလိုင် 18, 2026 - 11:59 ညနေ

купить справку с доставкой где можно купить справку

MichealFlafe ဇူလိုင် 31, 2026 - 8:18 မနက်

размеры и толщина профильной трубы размеры металлических профильных труб

Emiliogem ဩဂုတ် 6, 2026 - 7:23 မနက်

Закажите G202 https://mismar74.ru/G202.html онлайн. Актуальные цены, наличие на складе, технические характеристики, выгодные условия покупки и быстрая доставка по всей России.

Jamesced ဩဂုတ် 6, 2026 - 6:45 ညနေ

Комплексное лечение medprime-clinic.ru и диагностика заболеваний с использованием современных медицинских методов. Полное обследование организма, точная постановка диагноза, индивидуальный план терапии, консультации специалистов и эффективное лечение с учетом особенностей здоровья пациента.

MatthewCrota ဩဂုတ် 7, 2026 - 10:44 မနက်

Пройдите комплексное лечение https://medprime-clinic.ru и диагностику в медицинском центре. Полный спектр обследований, консультации профильных специалистов, современные методы лечения, контроль состояния здоровья и индивидуальный подход на всех этапах медицинской помощи.

Add Comment