တောင်ကုတ်မြို့မှာ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် မြို့မဈေး ပျက်စီး

အာရက္ခတိုင်းမ်စ် (၄ ဒီဇင်ဘာ ၂၀၂၄ ခုနှစ်)

ရက္ခိုင်ပြည် တောင်ကုတ်မြို့ကို ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့မဈေး ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၃ ရက် ည ၈ နာရီလောက်မှာ စစ်ကောင်စီဟာ ဂျက်ဖိုက်တာ ၂ စီးနဲ့ တောင်ကုတ်မြို့မဈေးကို ဗုံး ၂ လုံးကြဲချခဲ့တာလို့ သိရပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့မဈေးရှိ ဆိုင်ခန်းပေါင်း ၅၀ ကျော် လုံးဝ ပျက်စီးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ တောင်ကုတ်မြို့၊ ညဈေးတန်းကိုလည်း ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့တာကြောင့် ၎င်းဈေးရှိ ဆိုင်ခန်းပေါင်း ၂၀ ကျော်လည်း မီးလောင်ပြာကျသွားခဲ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂူတာရပ်ကွက်မှာ
ကျရောက်ပေါက်ကွဲခဲ့လို့ လူနေအိမ်တချို့ ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် သံတွဲမြို့ကို စစ်ကောင်စီမှ ၂၉ ရက် နိုဝင်ဘာက လေယာဥ်ဖြင့် ဗုံး ၂ လုံး လာရောက် ကြဲခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနက် ၁၁နာရီခန့်တွင်လည်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲသဖြင့် စစ်ဘေးရှောင်ပြည်သူ ၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာတင် ရက္ခိုင်ပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် လူ ၉၃ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ထို့အတူ အောက်တိုဘာလရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီဟာ တစ်နေ့ကို တစ်မြို့နယ်နှုန်းနဲ့ ဗုံးကြဲနေတာကို တွေ့ရပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့အထိ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦး သေဆုံးပြီး ၃၂ ဦးအထိ ဒဏ်ရာ ရရှိခဲ့ပါတယ်။

Related posts

ရာစုသစ်ဘော်ဒါဆောင် မီးလောင်သေဆုံးမှုနဲ့ပတ်သက်တဲ့ တရားခံလူငယ် ဒီလပ်ဖမ်းပြီး ၁၂ ရက်အကြာ ဆေးရုံအရေးပေါ်တင်ရ

ဘူးသီးတောင်ကနေ ရသေ့တောင်ကို ဘိလပ်မြေတင်လာတဲ့ ဘုတ်တစ်စီး တိမ်းမှောက် လူတစ်ဦးသေဆုံး

ရက္ခိုင်ပြည်တွင် ဒီနေ့ကနေ ၃၀ ရက်အတွင်း ရက်ရှည်မိုးရွာနိုင်

8 Comment

literaryforge.blog ဇွန် 13, 2026 - 12:40 ညနေ

References:

Hitnspin casino forum literaryforge.blog

https://hashlucky-casino-bonus-ohne-einzahlung.online-spielhallen.de/ ဇွန် 15, 2026 - 6:42 ညနေ
huuge-casino.online-spielhallen.de ဇွန် 15, 2026 - 6:52 ညနေ

References:

Slots of vegas no deposit codes huuge-casino.online-spielhallen.de

casino spiele kostenlos ဇွန် 16, 2026 - 1:40 မနက်

References:

Casino freispiele ohne einzahlung casino spiele kostenlos

wsmgroup.co.za ဇွန် 17, 2026 - 4:47 မနက်

References:

The bike casino wsmgroup.co.za

https://jobsbotswana.info ဇွန် 17, 2026 - 5:33 မနက်

References:

Roulette system of a down https://jobsbotswana.info

https://headlinelog.space/item/legiano-casino-bonus-100-bis-zu-500-200-fs ဇွန် 19, 2026 - 5:07 ညနေ
https://500px.com/p/hessehmbest ဇွန် 19, 2026 - 5:34 ညနေ

References:

Legiano Casino Web App https://500px.com/p/hessehmbest

Add Comment