အာရက္ခတိုင်းမ်စ် (၅ ဒီဇင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည်ရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ စစ်တွေမြို့မှာ စားဆီက ဒီတစ်ပတ်အတွင်းမှာ တစ်ပိဿာကို ကျပ် တစ်သောင်းကျော်အထိ ဈေးတက်သွားပြီး တစ်ပိဿာကို နှစ်သောင်းနှစ်ထောင် (၂၂၀၀၀) ကျပ်အထိ ရောက်သွားတယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။
စားဆီအမျိုးအစားတစ်ခုဖြစ်တဲ့ good choice က တစ်ပိဿာကို ၇၀၀၀ ကျပ် ရှိရာကနေ ၁၂၀၀၀ ကျပ်ကို ဈေးတက်သွားပြီး အခု ဈေးထပ်တက်ချိန်မှာ ၂၂၀၀၀ ကျပ် ဖြစ်သွားတာ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။
“ကုန်ဈေးနှုန်းတွေ ကြီးတယ်၊ စားဆီ ၁ လီတာတောင်မှပဲ good choice ၁ လီတာတောင်မှ ၂၂၀၀၀ လောက် ဖြစ်နေပြီ။ အရင်တုန်းက ၆၅၀၀၊ ၇၀၀၀။ အဲဒါ ၁၂၀၀၀ ကနေ အခု ၂၂၀၀၀ ဖြစ်သွားတယ်။ ၁၀၀၀၀ လောက် တက်သွားတာ။ အဲဒီလိုမျိုး ခုန်တက်သွားတယ်။ မကြာသေးဘူး။ တစ်ပတ်လောက်ပဲ ရှိသေးတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်တွေမြို့အတွက် ကုန်စည်တွေကို ရန်ကုန်ကနေတဆင့် ရေလမ်းကြောင်းကို သုံးပြီးတော့ သင်္ဘောနဲ့ သယ်ကြရတာ ဖြစ်ပါတယ်။
အခြေခံလူတန်းစားတွေ အများဆုံးစားတဲ့ စားအုန်းဆီတောင် စစ်တွေမှာ တစ်ပိဿာကို ၂၀၀၀၀ ကျပ် နီးပါး ဖြစ်နေပါတယ်။
ရန်ကုန်မှာ ၁ လီတာကို ၃၀၀၀ ကျပ် လောက်ပဲရှိတဲ့ စက်သုံးဆီဆိုရင်လည်း စစ်တွေမှာ ၃၂၀၀၀ ကျပ်အထိ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် အခုရက်ပိုင်းမှာတော့ စစ်တွေမြို့မှာ ရန်ကုန်ကလာတဲ့ ပေါ်ဆန်းမွှေးဆန်တွေက တစ်အိတ်ကို ၂၀၀၀၀ ကျပ် လောက် ဈေးကျနေတယ်လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။
“ရေလမ်းကြောင်းကလာတော့ တချို့ကုန်သည်တွေ ကစားတာလည်း ပါတာပေါ့။ ကုန်သည်တွေက လှောင်ထားလိုက်ပြီး မရှိတော့ဘူးဆိုပြီး သူ့ဟာသူ အော်တို တက်သွားတာ။ စားအုန်းဆီတောင် ၁၈၀၀၀ လား၊ ၁၉၀၀၀ လားမသိဘူး စားအုန်းဆီလည်း။ ပဲဆီဆိုတာ မရှိတော့ဘူး။ ဆန်တော့ နည်းနည်း ဈေးကျတယ်။ ဆန်အကောင်းစား အကောင်းဆုံးဆန်က ပေါ်ဆန်းက ၂၆၀၀၀၀၊ အဲဒါက ၂၀၀၀၀ လောက် ကျသွားတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်တွေမြို့အပါအဝင် ရက္ခိုင်တပြည်လုံးကို ကုန်းလမ်းနဲ့ ရေလမ်းကြောင်း ကုန်စည် သယ်ယူပို့ဆောင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကနေစပြီး ပိတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်တွေနဲ့ ကျောက်ဖြူကိုတော့ ရေလမ်းကြောင်းကနေ စစ်ကောင်စီက သင်္ဘောနဲ့ ကုန်စည်တွေကို သယ်ဆောင်နေတာ ဖြစ်ပါတယ်။
4 Comment
Тяговые аккумуляторные https://ab-resurs.ru батареи для складской техники: погрузчики, ричтраки, электротележки, штабелеры. Новые АКБ с гарантией, помощь в подборе, совместимость с популярными моделями, доставка и сервисное сопровождение.
кіно онлайн безкоштовно сучасні серіали в HD якості
Мультимедийный интегратор айтек интеграция мультимедийных систем под ключ для офисов и объектов. Проектирование, поставка, монтаж и настройка аудио-видео, видеостен, LED, переговорных и конференц-залов. Гарантия и сервис.
Мультимедийный интегратор i-tec интеграция мультимедийных систем под ключ для офисов и объектов. Проектирование, поставка, монтаж и настройка аудио-видео, видеостен, LED, переговорных и конференц-залов. Гарантия и сервис.