အာရက္ခတိုင်းမ်စ် (၇ ဒီဇင်ဘာ ၂၀၂၄ ခုနှစ်)
လာမယ့် ၂၀၂၅ ခုနှစ် နှစ်သစ်မှာ အာရက္ခအိမ်မက်ကို အကောင်အထည်ဖော်ဖို့ လုံးဝ သေချာတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
လာမယ့်နှစ်ဟာ ရက္ခိုင်အတွက် လုံးဝမမျှော်မှန်းနိုင်တဲ့ အကောင်းတကာ့ အကောင်းဆုံး နှစ်တစ်ခု ဖြစ်လာမှာ ဖြစ်ကြောင်း၊ အာရက္ခမြေပေါ်မှာ စစ်ကောင်စီတပ်သား ကင်းစင်ပြီး နောင်လာနောက်သားတွေ သူတို့ကို မြင်ဖူးဖို့ အရုပ်ရေးဆွဲ ပြရမယ်လို့ နိုင်ငံရေးအကျဉ်းသားလည်းဖြစ် စာရေးဆရာ ဦးဝေဟင်အောင်က ပြောပါတယ်။
“လာမယ့် ၂၀၂၅ မှာ ရက္ခိုင်တို့အတွက် လုံးဝမမျှော်မှန်းနိုင်တဲ့ အကောင်းတကာ့ အကောင်းဆုံး ကြိုဆိုလာမယ့် နှစ်တစ်နှစ်ဆိုတာ လုံးဝ သေချာပါတယ်။ ရက္ခိုင်တို့ အနှစ်နှစ် အလလ အိမ်မက်မက်ထားတဲ့ စိတ်ကူးယဉ်ထားတဲ့ ရက္ခိုင်တိုရဲ့ အနာဂတ် အိမ်မက်တွေရော အကောင်အထည်ဖော်လာဖို့အတွက် လုံးဝ သေချာတဲ့နှစ်လို့ သေချာပေါက် ပြောနိုင်တယ်။ ဒီ အာရက္ခမြေပြင်တခွင်မှာဆိုလို့ရှိရင် စစ်ကောင်စီရဲ့ မည်သည့် စစ်သားကိုမျှ မြင်တွေ့ရဖို့ မရှိပါ၊ အရုပ်ဆွဲပြရဖို့ အခင်အကျင်းကို ရောက်လာဖို့ဆိုတာ တစ်ရာမှာ တစ်ရာ ရာခိုင်နှုန်းသေချာတယ်” လို့ အာရက္ခိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်မှာ စစ်ကောင်စီ ကင်းစင်ရေးကို အာရက္ခတပ်တော်က ဆောင်ရွက်နေချိန်မှာ ဘယ်အင်အားစုနဲ့မှ ဆွေးနွေးစရာ မလိုကြောင်း၊ ၂၀၂၄ – ၂၀၂၅ အကူးမှာ စစ်ကောင်စီကင်းစင်တဲ့ ရက္ခိတနိုင်ငံတော်အဖြစ် မြင်ရလိမ့်မယ်လို့ ဦးသန်းစိုးနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“၂၀၂၅ အကူးလောက်ကို အဲဒီအတွင်း စစ်ကောင်စီကင်းစင်တဲ့ ရက္ခိတနိုင်ငံတော်ကို မြင်ရလိမ့်မယ်။ ဘယ်လိုမှဖြေရှင်းစရာ မလိုပါဘူး။ အခုက အမ်းခြံစည်ရိုးရောက်နေပြီပဲ။ နောက်ကျန်တာ ကလည်း ဂွနဲ့ တောင်ကုတ်ပဲ။ တောင်ကုတ်ကလည်း မြို့ထဲက သိမ်းပြီးသွားပြီ။ ရက္ခိုင်မှာ စစ်ကောင်စီ ကင်းစင်ပြီ ဆိုတာကို ရက္ခိုင်တပ်တော် (အာရက္ခတပ်တော်) က ဆောင်ရွက်နေတဲ့အချိန်မှာ တခြား ဘယ်အင်အားစုနဲ့မှ ဆွေးနွေးစရာ၊ ညှိနှိုင်းစရာလည်း မလိုတော့ဘူး။ ရက္ခိုင်ရဲ့ စစ်ကောင်စီ ကင်းစင်တဲ့ ရက္ခိတလမ်းစဉ် အောင်မြင်မယ့် အနေအထားရှိတယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။
လက်ရှိ မြို့သိမ်းတိုက်ပွဲ လုပ်နေတဲ့ ဂွနဲ့ တောင်ကုတ်ပြီးရင် စစ်တွေကို အာရက္ခတပ်တော်က ထိုးစစ်ဆင်လာနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေး လေ့လာတဲ့သူတချို့က သုံးသပ်နေကြပါတယ်။
နှစ်ပေါင်း ၆၀ ကျော် ဆင်နွှဲလာတဲ့ စသ်အာဏာရှင်စနစ် တော်လှန်ရေးဟာ အခုအခါမှာတော့ အရှိန်အကောင်းဆုံးဖြစ်နေတဲ့အတွက် အရှိန်မကျသွားအောင် လုပ်ဆောင်ရမယ်လို့ မြန်မာ-တရုတ် အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“ သူက တော်တော်များများကို ထိန်းနိုင်တယ်။ အထူးသဖြင့် မြောက်ပိုင်းဆိုရင် အကုန်လုံးနီးနီး သူရထားပြီးပြီလေ။ တောင်ပိုင်းလောက်ပဲ လိုတော့တာဖြစ်တော့ သူ့စစ်ဆင်ရေးက တဖြေးဖြေး ရှေ့တိုးလာတာ။ ဒါပေမယ့်သူက ဒါကို ခိုင်မာအောင် လုပ်ရဦးမယ်လေ။ သူလုပ်နိုင်သမျှလည်း လုပ်တော့ လုပ်နေတယ် ထင်တယ်။ ကျမကြည့်တာတော့ ဒီလို ကျမတို့ တောက်လျှောက်ဆင်နွှဲလာတဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ တော်လှန်ရေးပေါ့ အတက်အကျ အနိမ့်အမြင့်တွေ အများကြီးရှိတာ နှစ် ၆၀ကျော်ပြီ။ အဲဒီတော်လှန်ရေးကြီးဟာ ဒီတစ်ခါတော့ အရှိန်အကောင်းဆုံးဖြစ်နေတာပဲ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာတော့ ကျန်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ ဒီမြို့ ၃ မြို့မှာဆိုရင် မာန်အောင်က သီးခြားကျွန်းတစ်ခုအနေနဲ့ ရှိနေတာကြောင့် မာန်အောင်ကို လွှတ်ထားနိုင်ပြီး ကျောက်ဖြူကလည်း တရုတ်ရဲ့ လုံခြုံရေးတပ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီးတော့ ကာကွယ်နေတဲ့အတွက်ကြောင့် စစ်တွေကိုပဲ အရင်သိမ်းနိုင်မယ့် အခြေအနေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ကျောက်ဖြူကို မတိုက်သေးပေမယ့်လည်း လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့ ပတ်ပတ်လည်က ကျေးရွာတွေ တော်တော်များများကို သိမ်းပိုက်ထားပြီးပြီလို့လည်း သိရပါတယ်။
5 Comment
yacht charter Montenegro https://rent-a-yacht-montenegro.com
Продаётся отличный сайт с возрастом по продаже садовых триммеров [url=https://stab-gen.ru/]https://stab-gen.ru[/url]. По вопросам продажи пишите на info@stab-gen.ru.
Сайдинг смонтируем в Молодечно за 3-5 дней. Не отвлекаем хозяев. Работаем даже с высокими зданиями и сложными архитектурными формами. Бесплатный выезд на замер и консультация. монтаж сайдинга молодечно
Кровельные работы в Минске с использованием экологичных материалов. Предлагаем медную и цинк-титановую кровлю, натуральную черепицу. Устанавливаем системы сбора дождевой воды. Монтируем зеленые крыши с газонами. Работаем с биостойкими утеплителями. Все материалы имеют сертификаты. Делаем дом экологичным и энергоэффективным. Долговечность такой кровли – более 100 лет. Получите консультацию по зеленым технологиям от нашего инженера-эколога.Кровельные работы Минск
Монтаж сайдинга Минск – это гарантия долговечной защиты фасада. Наши мастера используют только качественные материалы и соблюдают технологию укладки, что исключает деформацию панелей. Работаем быстро, аккуратно, с вывозом мусора. Рассчитаем смету бесплатно. Звоните, и ваш дом преобразится уже завтра! Монтаж сайдинга на фасад Минск