အာရက္ခတိုင်းမ်စ် (၁၁ ဒီဇင်ဘာ ၂၀၂၄ ခုနှစ်)
ရက္ခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ရပ်စဲဖို့ ပြောဆိုမှုကို စစ်ကောင်စီက လက်မခံတာကြောင့် ဂျပန်က နောက်ဆုတ်သွားခြင်း ဖြစ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ဆိုပါတယ်။
ရက္ခိုင်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ချိန်က ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်း ဥက္ကဠ မစ္စတာ ဆာဆာကာဝါဟာ မြန်မာနိုင်ငံ လာရောက်ပြီး လူသားချင်းစာနာ ထောက်ထားမှုအရ နှစ်ဖက်အကြား စေ့စပ်ညှိနှိုင်းပေးတာမျိုး လုပ်ဆောင်ပေးခဲ့ဖူးပါတယ်။
ဒါပေမယ့် အခု တကျော့ပြန် ရက္ခိုင် တိုက်ပွဲမှာတော့ ဂျပန်က ကြားဝင် စေ့စပ်ဖြေရှင်းပေးတာမျိုး မတွေ့ရတော့ပါဘူး။
ဂျပန်ဟာ စစ်ကောင်စီကိုပဲ အဓိက အားထားတာဖြစ်ပြီး ပြောဆိုလို့ မရတဲ့အတွက် နောက်ဆုတ်သွားတာ ဖြစ်န်ုင်တယ်လို့ မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်က ပြောပါတယ်။
“အစောပိုင်းက ဂျပန်က စစ်တပ်ကို ဒီလိုပြောရမယ်လို့ ထင်တယ်နဲ့ တူပါတယ်။ သူတို့အဓိကအားထားတာ စစ်တပ်ကို အားထားတာ ဦးပိုင် ကုမ္ပဏီကို။ သူတို့ပြောလို့ရမယ်ထင်လို့ ဝင်လာတာ။ ဒါပေမယ့် ကြည့်ရတာ သူတို့ ပြောမနိုင် ဆိုမနိုင်ဘူးနဲ့ တူပါတယ်။ ဒါကြောင့် နောက်ဆုတ်သွားတာ။ သူတို့နေနဲ့ကတော့ ဆက်ပြီးပါဝင်ဖို့ သိပ်စိတ်မဝင်စားကြဘူးနဲ့တူတယ်။ ဒါကြောင့် မို့ ဘာသံမှ မကြားရတော့တာ။ အဓိကက ရက္ခိုင်ကို ပိုပြီးစိတ်ဝင်စားနိုင်တာက တရုတ် အိန္ဒိယပဲဖြစ်တာကို။ တရုတ်ကလည်း သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေက အများကြီးရှိတယ်။ AA က ပထဝီအနေအထားအရသာ အဲဒီဘက်ရောက်နေပေမယ့် သူ့ရဲ့အခြေခံဒေသက KIA ဘက်မှာပဲ ဖြစ်တာကို။ အစတည်းက MNDAA တို့နဲ့ မဟာမိတ်ဖွဲ့ထားတာဖြစ်တော့ သူ့ရဲ့အခြေခံဒေသက တရုတ်နဲ့ နယ်နိမိတ်ဆက်ထားတဲ့နေရာဖြစ်တယ် တစ်အချက်။ နောက် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုရော၊ အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုရောရှိတယ်။ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒီလောက်ကြီးရှိတာမဟုတ်ဘူးလေ” လို့ သူကပြောပါတယ်။
နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ ယိုဟေးဆာဆာကာဝါကို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန် အစိုးရ အထူးသံတမန် အဖြစ် ၂၀၁၃ ကနေ စပြီး တာဝန်ပေးခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ အပစ်ရပ်ဖို့ နှစ်ကြိမ်တိုင်တိုင် စေ့စပ်ညှိနှိုင်းခဲ့သူဖြစ်ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးမကြာခင် ရက္ခိုင်နဲ့ အပစ်ခတ်ရပ်စဲရေး ၂ နှစ်ပြည့်ချိန်မှာ မစ္စတာ ဆာဆာကာ ဝါဟာ ရက္ခိုင်အထိ သွားရောက်ခဲ့ပါသေးတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “မရွေ့နိုင်တော့ဘူးပေါ့ဗျာ။ အခုက ရွေ့နိုင်စရာ အကြောင်းမရှိတော့ဘူးလေ။ ဘာလို့ဆို သူက စစ်ကောင်စီနဲ့ပဲ လုပ်တာကို။ အဲဒီတော့ စစ်ကောင်စီ အခုရောက်နေတဲ့ အနေထားအောက်မှာ ဂျပန်လည်း မရွေ့နိုင်တော့ဘူး။ ဆာဆာကာဝါ လည်း မလာတော့ဘူး။ ဒီတိုက်ပွဲလွန် ကာလ ရောက်ရင်တော့ ရောက်ချင်ရောက်လာမှာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါဟာ ရက္ခိုင်မှာ တကျော့ပြန် တိုက်ပွဲ စတင်ဖြစ်ပွါးချိန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ကို ၃ ရက်ကြာ ရောက်ရှိလာခဲ့ပါသေးတယ်။
အဲဒီအချိန်က ရှမ်းမြောက်နဲ့ ရက္ခိုင်တိုက်ပွဲကိစ္စတွေကို ဆွေးနွေးခဲ့ကြပေမယ့် ဘာမှ မထူးခြားခဲ့ပါဘူး။
သူစေ့စပ်ပြီးနောက် ပြဿနာက ပိုဆိုးသွားတဲ့အတွက် နောက်ထပ် ဝင်ပါရင် ဂျပန်ရဲ့ လုပ်ငန်းတွေ ပျက်သွားမှာကြောင့် ဝင်မပါတော့တာဖြစ်နိုင်တယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။
“သူစေ့စပ်ပြီးနောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာ အားလုံးလည်း သိပြီးသားပဲလေ။ ဒီတစ်ခါထပ်ပြီး ဝင်လို့ နောက်ထပ် ပြဿနာထပ်တက်ရင် ဂျပန်ရဲ့ လုပ်မယ့် လုပ်ငန်းတွေ ပျက်သွားမှာပေါ့။ အဲဒီတော့ ပြဿနာတက်နိုင်တဲ့ အနေအထားမျိုးမှာ ဘယ်သူက ဝင်ပြီးတော့ အာမခံချက်ပေးမှာလဲပေါ့။ ဒါကတော့ သူတို့အချင်းချင်း စဉ်းစားရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာ နေပြည်တော်ကို ရောက်လာခဲ့သေးတယ်လို့လည်း သတင်းတချို့ ထွက်ပေါ်ခဲ့ပါသေးတယ်။
3 Comment
Discover the thrill of real-money live casino action at how to clear blackjack bonus at Maxispin, where you can enjoy live dealers, top software providers, and exclusive promotions.
Users have access to tools and resources that help manage activity and tailor preferences.
Пинко Казино предлагает широкий выбор онлайн-игр и азартных развлечений.
Casino Pinco
Игровой процесс проходит быстро и без технических задержек.
Discover the amazing features of hghjfjdossa and elevate your experience today.
As hghjfjdossa evolves, it will shape and transform various aspects of life.