ကမ်းထောင်းကြီးကို စစ်ကောင်စီဗုံးကြဲ ဒေသခံအမျိုးသမီး တစ်ဦးသေဆုံး

အာရက္ခတိုင်းမ်စ် (၃ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဒီနေ့မနက် ၁နာရီလောက်က လေယာဉ်ဖြင့် ဗုံးလာကြဲသဖြင့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အဆောက်အဦးများ ပျက်စီးသွားကြောင်း သိရပါတယ်။

“ ဆေးရုံ နဲ့ စာသင်ကျောင်းကို လေယာဉ်နဲ့နှစ်ခါလာပြီး ဗုံးသုံးလုံးကြဲတယ်။ တစ်လုံးက အထက်တန်းကျောင်းကို တစ်လုံးနဲ့ ဆေးရုံကို နှစ်လုံးကျတယ်။ ဆေးရုံနားက အရီးတစ်ယောက်တော့ ဆုံးသွားတယ်” လို့ ကမ်းထောင်းကြီးမြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂၅ရက်ကလည်း လေယာဉ်ဖြင့် ဗုံးလေးလုံးနဲ့ မြောက်ဘက်ဘုန်းတော်ကြီးကျောင်း၊ လေးဝတီဘုန်းတော်ကြီး နဲ့ ရဲစခန်းတို့ကို ဗုံးကြဲသဖြင့် သုံးဦးသေဆုံးခဲ့ပြီး ၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီမှ ရက္ခိုင်ပြည်အနှံ့ကို နေ့စဉ်ရက်ဆက်ဆိုသလို လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေသဖြင့် ဒေသခံများမှာ စိုးရိမ်စိတ်နဲ့ နေနေရကြောင်း သိရပါတယ်။

“ နေ့တိုင်းကို ခေါင်းပေါ်ကနေ လာလာဝဲတယ်။ နေ့တိုင်း မကြဲတာပဲရှိတယ်။ လေယာဉ်သံကြားရင်ကို လူက တုန်နေကြပြီ။ စားကောင်းတိုင်း မစားနိုင်၊ အိပ်ကောင်းတိုင်း မအိပ်ရဲကြဘူး” လို့ သ့တွဲမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်က ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ အမ်း စတဲ့ ၁၄မြို့နယ်တို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Related posts

မီးလောင်မြေသို့ သွားရောက်ခြင်း

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

7 Comment

ShumoizolyaciyaAvtodrary ဖေ‌ဖော်ဝါရီ 21, 2026 - 9:22 ညနေ

шумоизоляция авто https://vikar-auto.ru

KrovlyaPhord ဖေ‌ဖော်ဝါရီ 21, 2026 - 10:34 ညနေ

Здравствуйте дорогие друзья! Очень актуальная тема — крыша производственного цеха. Лень разбираться — могу рекомендовать проверенную компанию: [url=https://montazh-membrannoj-krovli-spb.ru]https://montazh-membrannoj-krovli-spb.ru[/url]. Как правило большие площади — требуют особого подхода. В общем, сложная конфигурация — то есть нужно спецоборудование. Можно поставить автоматические сварочные аппараты. Опять же это работает. Что в итоге: это отличные параметры.

KrovlyaPhord ဖေ‌ဖော်ဝါရီ 23, 2026 - 11:14 မနက်

Приветствую! Сегодня затронем тему — гидроизоляция новостройки. По сути экономить на кровле — аукнется потом. Не хочешь рисковать — могу рекомендовать: [url=https://montazh-membrannoj-krovli-spb.ru]установка мембранной кровли[/url]. В большинстве случаев вижу: мембранная кровля — выгоднее в перспективе. Допустим постоянные ремонты — а мембрана не требует обслуживания. Общие рекомендации: нанять опытную бригаду. Резюмируем: это работает для защиты здания.

ShumoizolyaciyaAvtodrary ဖေ‌ဖော်ဝါရီ 23, 2026 - 11:23 မနက်

[url=https://vikar-auto.ru]шумоизоляция авто[/url]

ShumoizolyaciyaTorpedydrary မတ် 3, 2026 - 11:02 မနက်

[url=https://shumoizolyaciya-torpedy-77.ru]шумоизоляция торпеды[/url]

ShumoizolyaciyaDverejPhord မတ် 3, 2026 - 11:39 မနက်

[url=https://shumoizolyaciya-dverej-avto.ru]шумоизоляция дверей авто[/url]

NakrutkaTelegramdrary မတ် 10, 2026 - 1:19 ညနေ

[url=https://nakrutka-podpischikov-telegram-1.ru]накрутка подписчиков в Телеграм[/url]

Add Comment