ရွှေသောင်ယံမြို့အနီးတွင် စစ်ကောင်စီနဲ့ AA နဲ့ မိတ်ဖက် PDF တိုက်ပွဲဖြစ်

အာရက္ခတိုင်းမ်စ် (၅ ဇန်နဝါရီ ၂၀၂၅)

ဧရာဝတီတိုင်း ရွှေသောင်ယံမြို့အနီးတွင် စစ်ကောင်စီနဲ့ အာရက္ခတပ်တော် နဲ့ မိတ်ဖက် PDF တို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီက မကျီးစင်ရွာမှာ ခုခံဖို့ ပြင်ဆင်နေတယ်။ ရွှေသောင်ယံ ကမ်းခြေရွာတွေပေါ့။ အဲဒီကို ကျော်ရင် သာပေါင်းဘက်ပေါက်တယ်။” လို့ သာပေါင်းမြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဧရာဝတီတိုင်းရှိ သာပေါင်းမြို့ဟာ ပုသိမ်ခရိုင်အတွင်းတည်ရှိပြီးတော့ ရေလမ်းအားဖြင့် ၂၅ မိုင်သာ ကွာဝေးပြီး ပုသိမ် နဲ့ ငသိုင်းချောင်းမြို့အကြား ငဝန်မြစ်ကမ်းပေါ်ရှိ သင်္ဘောဆိပ်မြို့လည်း ဖြစ်ပါတယ်။

“မနေ့က ညနေ ၄ နာရီကျော်လောက်မှာ သာပေါင်း-မကျီးစင်လမ်းကနေ Double Cab တစ်စီးက ရှေ့က မောင်းပြီး ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို မှန်ကွဲနေတဲ့ Faw ကားနဲ့ တင်ပြီး ပုသိမ်မြို့က နတခ မဆရ (၄) ကို ပို့တာ မြင်လိုက်တယ်” လို့ ပုသိမ်မြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သာပေါင်းမြို့တွင် နိုဝင်ဘာ ၂၂ရက်က ရပ်/ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့ သင်တန်းပြီးဆုံးသူ ၅၀ အနက် ၁၅ ယောက်မှာ ခလရ ၃၀၈ သို့ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီကို အာရက္ခတပ်တော်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပူးပေါင်းပြီး ဧရာဝတီတိုင်းကို စတင်တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး