စစ်သုံ့ပန်းများ ကွပ်မျက်ခံရမှူ AA ဝန်ခံ

အာရက္ခတိုင်းမ်စ် (၂၄ ဇန်နဝါရီ ၂၀၂၅)

စစ်သုံ့ပန်းများကို ကွပ်မျက်ခဲ့တယ်လို့ Fortify Rights ရဲ့ စွပ်စွဲပြောဆိုချက်များကို အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ဝန်ခံလိုက်ပြီး ကျူးလွန်သူများကို အရေးယူထားပြီလို့ ဆိုပါတယ်။

“ စစ်စည်းကမ်းချိုးဖောက်ပြီးတော့မှ ပြစ်မှူကျူးလွန်ခဲ့တာတွေ ဖြစ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုလို့ရှိရင် သူတို့ရဲ့ မိသားစုတွေကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ထားတဲ့ မြန်မာ ဒီအကြမ်းဖက် စစ်သားတွေကို သူတို့ဖမ်းမိတဲ့အချိန်မှာပေါ့နော်။ ကျနော်တို့ရဲ့ ဒေသခံပြည်သူ့စစ်တွေက ဒေါသမထိန်းနိုင်ဘဲနဲ့ အခုလိုမျိုး လက်စားချေတဲ့ပုံစံမျိုးနဲ့ စစ်စည်းကမ်း ချိုးဖောက် ပြစ်မှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဖြစ်စဉ်မှာ ပါခဲ့တဲ့ အောက်ခြေတပ်မှူးငယ်တချို့အပါအဝင် ပါဝင်သူအားလုံးကို ကျနော်တို့ ဖော်ထုတ်ပြီးတော့မှ ကျနော်တို့ ဒါ အရေးယူ အပြစ်ပေးထားပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော် အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ် ကွပ်မျက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာစုံစမ်းရေးအဖွဲ့ Fortify Rights က ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရား လက်လွတ် ကွပ်မျက်တာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ဖမ်းဆီးရမိသော ရန်သူ့တပ်သားများကို စစ်သုံ့ပန်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှု တွေပေးကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ တာဝန်ရှိသူများကို တရားစွဲဆိုသင့်ပါတယ်” လို့ Fortify Rights လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant က ပြောပါတယ်။

နှိပ်စက်ခံရသူနှစ်ဦးဟာ ဗီဒီယိုအဆုံးတွင် သေဆုံးပုံ မပေါ်ခဲ့သော်လည်း အခြေအနေအရ နဲ့ သူတို့ရရှိခဲ့တဲ့ ဒဏ်ရာများအရ အသက်ရှင်နိုင်ဖွယ်မရှိဘူးလို့လည်း Fortify Rights က ဆိုပါတယ်။

နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC အနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးသင့်တယ်လို့ Fortify Rights က တောင်းဆိုထားပါတယ်။

Related posts

ULA/AA၊ အာရက္ခပြည်သူများနဲ့ ပဉ္စသိင်္ခနတ်စောင်းသံ

AA မိုင်းဆွဲလို့ ဒဏ်ရာရရှိသွားတဲ့ စကမ ဗိုလ်မှူး သေဆုံး၊ မနေ့က ရွှေမြင်တင်တွင် သင်္ဂြိုလ်

ကျောက်ဖြူ ကြတ္တိန်ရွာကို စကမ ထပ်မံ ဗုံးချ၊ ပြည်သူ ၃ဦး ဒဏ်ရာရ

11 Comment

canadian pharmacy online canada မတ် 5, 2026 - 3:15 မနက်
discount pharmacies မတ် 5, 2026 - 8:31 မနက်
best online pharmacies reviews မတ် 5, 2026 - 3:17 ညနေ
legitimate canadian pharmacies online မတ် 5, 2026 - 7:45 ညနေ
best canadian pharcharmy online မတ် 5, 2026 - 8:54 ညနေ
canadian drug companies မတ် 5, 2026 - 9:33 ညနေ
best internet pharmacies မတ် 9, 2026 - 6:16 ညနေ
canadian pharmacies top best မတ် 9, 2026 - 6:51 ညနေ
pharmacy without dr prescriptions မတ် 18, 2026 - 10:05 ညနေ
Гей порно Slottica မတ် 20, 2026 - 2:55 မနက်

Slottica Casino to propozycja dla graczy szukających nowoczesnej platformy do gry online i wygodnego dostępu do szerokiej oferty rozrywki. Serwis wyróżnia się intuicyjnym interfejsem, sprawną obsługą płatności oraz atrakcyjnym wyborem gier dopasowanych do różnych preferencji. Na szczególną uwagę zasługują wysokie standardy bezpieczeństwa, w tym szyfrowanie danych i rozwiązania chroniące prywatność użytkowników na każdym etapie korzystania z platformy. Dzięki temu gracze mogą skupić się na zabawie, mając pewność, że ich dane osobowe i finansowe są odpowiednio zabezpieczone. To jeden z ciekawszych wyborów dla osób zastanawiających się, gdzie grać online w bezpieczny i komfortowy sposób.

вавада မတ် 24, 2026 - 2:23 မနက်

Vavada to znane kasyno online, które działa również w Polsce. Strona przyciąga graczy szeroką ofertą gier, przejrzystymi warunkami i obsługą w PLN (zł). Bonus powitalny oraz intuicyjna obsługa sprawiają, że platforma zdobyła popularność wśród polskich użytkowników.

Add Comment