ပုသိမ်တွင် အန္တရာယ်ကင်း ပဌာန်းရွတ်ရန် စာထုတ်တိုက်တွန်း

(သတင်းတို)

အာရက္ခတိုင်းမ်စ် (၂၆ ဇန်နဝါရီ ၂၀၂၅)

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် အန္တရာယ်ကင်းစေရန်အတွက် ပဌာန်းရွတ်ဖတ်ပူဇော်ရန် အုပ်ချုပ်ရေးမှူးရုံးကနေ စာထုတ်ပြီး တိုက်တွန်းနေတယ်လို့ ပုသိမ်မြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“နိဂြောဓာရဟန္တာပင့်ဆောင်ပူဇော်ရေးအတွက် မဏ္ဍပ်တွေ ၂၂ ခု ထိုးထားတယ်။ အဲဒီ မဏ္ဍပ်တွေမှာ ပဌာန်းကို မဖြစ်မနေ ရွတ်ခိုင်းပြီးတော့ ဓာတ်ပုံတွေ ဗွီဒီယိုတွေကို အသေအချာရိုက်ပြီး အုပ်ကြီးဆီကို ပို့ခိုင်းတယ်” လို့ ပုသိမ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

ပုသိမ်မြို့ အုပ်ချုပ်ရေးမှူးရုံးကနေပြီး ဇန်နဝါရီလ ၂၅ ရက် သို့မဟုတ် ၂၆ ရက်တွင် မဖြစ်မနေ အနည်းဆုံး တစ်ည ရွတ်ဖတ်ကြရန် ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ပုသိမ်မြို့ကို စစ်ရေးမကျရောက်ရန်အတွက် ယခုကဲ့သို့ အန္တရာယ်ကင်း ပဌာန်းတွေကို ရွတ်ဖတ်ပူဇော်ခိုင်းနေပြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲချုပ် ဝင်းဇော်မိုးဟာ မနေ့က (၂၅ ဇန်နဝါရီ) ညနေတွင် ပုသိမ်မြို့ ရွှေမုဌောဘုရားတွင် အန္တရာယ်ကင်းစေရန် ယတြာချေခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Related posts

စစ်တွေမှာ ရွေးတုအစိုးရက ဝန်ထမ်းတွေကိုပဲ သက်သာတဲ့နှုန်းထားနဲ့ ရောင်းပေး

အဓမ္မပြုကျင့်သတ်ဖြတ်မှုအတွက် ရက္ခိုင်တွင် သေဒဏ်စတင်ပေး

ကမ္ဘာ့စစ်ပွဲ လူသတ်ကွင်းနဲ့ ရက္ခိုင်စစ်ပွဲအလွန် လူ့အခွင့်အရေး

3 Comment

http://ramrokaam.com.np/companies/live-games-at-candy96-real-dealer-casino ဩဂုတ် 5, 2026 - 7:34 မနက်
http://images.google.com.cu/url?q=https://kellyoakleyphotography.com/?URL=http://orienteering.sport/go-to/?url_to=https://instantcasinodeutschland.de/ ဩဂုတ် 6, 2026 - 6:50 မနက်
https://yandex.ru/safety/?lang=ru&url=https://embed.gosugamers.net/embed?url=https://instantcasinodeutschland.de/ ဩဂုတ် 6, 2026 - 7:38 မနက်
Add Comment