အာရက္ခတိုင်းမ်စ် (၆ ဖေဖော်ဝါရီ ၂၀၂၅)
ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော်ဘက်မှ တိုက်ပွဲမဖော်ပဲ ချန်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့ဟာ စစ်ရေးအရ အကျိုးအမြတ်မရှိတဲ့ မြို့တွေဖြစ်တယ်လို့ NCA ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော်အနေနဲ့ လက်ရှိသိမ်းပိုက်ရထားတဲ့ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်အပါအဝင် နယ်မြေတွေကို ထိန်းသိမ်းတာက ပိုပြီး အမြတ်အစွန်းကြီးကြောင်း၊ ကျန်တဲ့ ၃ မြို့ကို တိုက်မယ်ဆိုရင် သံခင်း တမန်ခင်းအရ ဆိုးကျိုးတွေ ထွက်လာနိုင်တဲ့အတွက် ရှောင်နေတဲ့အနေနဲ့ ချန်ထားတာ ဖြစ်နိုင်ကြောင်း သူက ပြောပါတယ်။
“တိုက်သင့်၊ မတိုက်သင့် ရှိတာကို။ တိုက်တော့ ဘာအကျိုးအမြတ် ရှိမလဲ ပိုပြီး ရန်သူများလာမလား ဆိုတာ ရှိတော့ ဒီ ၃ မြို့က စစ်ရေးအရတော့ ဘာမှ အကျိုးအမြတ် မရှိပါဘူး။ ဒါကြောင့် စစ်တွေဆိုလည်း အိန္ဒိယသံအမတ်ကိုယ်တိုင် သွားလည်တာတို့၊ နောက်ကွယ်က အိန္ဒိယရပ်ပေးနေတယ်ဆိုတာ ပေါ်အောင်လို့။ အိန္ဒိယနဲ့ ဆန့်ကျင်လို့လည်း မကောင်းဘူး။ တရုတ်နဲ့လည်း ဆန့်ကျင်လို့ မကောင်းလို့ ကျောက်ဖြူတို့ စစ်တွေတို့က စစ်မဖြစ်သင့်တဲ့နေရာတွေ ဖြစ်နေတယ်။ စစ်ရေးအရလည်း ဘာမှ သိပ်အကျိုးရှိတာ မဟုတ်ဘူး။ အောက်ခြေနယ်မြေနဲ့ တိုင်းစစ်ဌာနချုပ်တွေကို ထိန်းသိမ်းတာက AA တွက် ပိုအမြတ်အစွန်း ကြီးပါတယ်။ ဒီမြို့တွေကို ပြဿနာရှာပြီးတော့ အဲဒီမှာ ထွက်လာတဲ့ သံခင်း တမန်ခင်း ဆန့်ကျင်ဘက်ဆိုးကျိုးတွေက အများကြီး ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ဒါကို ရှောင်တဲ့အနေနဲ့ ချန်ထားတယ်လို့ ယူဆပါတယ်” လို့ သူက ပြောပါတယ်။
ဒ့ါအပြင် အာရက္ခတပ်တော်ကို တိုက်ခိုက်ပြီး ဘူးသီးတောင်၊ မောင်တောဒေသကို ပြန်လည်ရယူနိုင်ရေးအတွက် မွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့ ဖြစ်တဲ့ RSO, ARSA, ARA နဲ့ Rohingya Islami Mahaaz တို့အဖွဲ့က Four Brothers Alliance အဖြစ် ဖွဲ့စည်းထားပါသေးတယ်။
တိုက်ပွဲတစ်ပွဲတိုက်တာဟာ မလွယ်ကူသလို ကျန်တဲ့ ၃ မြို့ထဲက ကျောက်ဖြူနဲ့ စစ်တွေတို့ဟာ တရုတ်၊ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတာကြောင့် မသိမ်းပဲ ချန်ထားတာ ဖြစ်နိုင်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“တိုက်ပွဲတစ်ပွဲ တိုက်တယ်ဆိုတာက မလွယ်ပါဘူး။ လူ၊ ငွေ အကုန်လုံး အမြောက်အများ ရင်းကြရတယ်။ နောက် အဲဒီတိုက်ပွဲဖြစ်တဲ့ မြို့၊ ဒေသ၊ အသက်၊ အိုးအိမ် အကုန်လုံး ထည့်တွက်ရတယ်။ တိုက်ပွဲမဖြစ်ဘဲနဲ့ ဒီနေရာကနေ မအလ အာဏာရူးတွေရဲ့ တပ်သိပ်လည်း အများကြီး မရှိပါဘူး။ ဆုတ်သွားတယ်လို့ ပြည်သူလည်း သက်သာမယ်၊ ဒေသလည်း မကျေဘူးပေါ့။ အဲဒါမျိုးလည်း ဖြစ်နိုင်တယ်။ နောက် ကျန်နေတဲ့ ၃ မြို့ဆိုတဲ့အထဲမှာ အဓိကကတော့ ကျောက်ဖြူနဲ့ စစ်တွေပေါ့။ တစ်ဖက်မှာ အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှု ရှိတယ်။ တစ်ဖက်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ရှိတယ်။ ဒီဟာတွေဟာလည်း ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တိုက်ရိုက် ပတ်သက်နေတယ်။ ဒီဟာတွေက မသိမ်းပဲ ချန်ထားတယ်ဆိုတာက အဲဒီအကြောင်းအရာတွေနဲ့ နောက်ကွယ်မှာ ဆက်စပ်မှုလေးတွေကတော့ ရှိလိမ့်မယ်လို့ ထင်တယ်” လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော်ဟာ လက်ရှိမှာ ပလက်ဝအပါအဝင် ရက္ခိုင်ပြည်က မြို့နယ် ၁၅ မြို့နယ်ကို သိမ်းပိုက်ထားနိုင်ပြီး အဲဒီမြို့တွေမှာ ပြန်လည်ထူထောင်ရေးကိုလည်း တဖြေးဖြေး လုပ်ဆောင်နေပြီး တခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မတူညီဘဲ နေရာအနှံ့မှာ ပါဝင်အားဖြည့် ဖြန့်ကျက်ပြီး တိုက်ပွဲဝင်နေတာပါ။
လက်ရှိမှာတော့ ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတို့မှာလည်း ပူးပေါင်းတိုက်ပွဲ ဖော်နေတာတွေလည်း ရှိပါတယ်။
10 Comment
дизайн интерьера студии петербурга заказать дизайн проект квартиры
дизайн квартир спб дизайнер интерьера
Play at elon casino online: slots from popular providers, live dealers, promotions, and tournaments. Learn about the bonus policy, wagering requirements, payment methods, and withdrawal times. Information for adult players. 18+. Gambling requires supervision.
Play online at elonbet casino: slots, live casino, and special offers. We explain the rules, limits, verification, and payments to avoid any surprises. This material is for informational purposes only.
Play at casino elon online: slots from popular providers, live dealers, promotions, and tournaments. Learn about the bonus policy, wagering requirements, payment methods, and withdrawal times. Information for adult players. 18+. Gambling requires supervision.
Play online at https://elonbet-casino-game.com: slots, live casino, and special offers. We explain the rules, limits, verification, and payments to avoid any surprises. This material is for informational purposes only.
Нужен трафик и лиды? вывод сайта в топ SEO-оптимизация, продвижение сайтов и реклама в Яндекс Директ: приводим целевой трафик и заявки. Аудит, семантика, контент, техническое SEO, настройка и ведение рекламы. Работаем на результат — рост лидов, продаж и позиций.
Нужен трафик и лиды? вывод сайта в топ SEO-оптимизация, продвижение сайтов и реклама в Яндекс Директ: приводим целевой трафик и заявки. Аудит, семантика, контент, техническое SEO, настройка и ведение рекламы. Работаем на результат — рост лидов, продаж и позиций.
Hello folks!
I came across a 153 very cool platform that I think you should take a look at.
This tool is packed with a lot of useful information that you might find insightful.
It has everything you could possibly need, so be sure to give it a visit!
[url=https://tellingdad.com/learn-the-fibonacci-strategy-in-football-betting/]https://tellingdad.com/learn-the-fibonacci-strategy-in-football-betting/[/url]
And remember not to overlook, guys, — you always can inside this particular piece locate answers to address the most the absolute confusing queries. We tried to explain all of the data in the most very understandable method.
Hello everyone!
I came across a 153 helpful website that I think you should browse.
This resource is packed with a lot of useful information that you might find interesting.
It has everything you could possibly need, so be sure to give it a visit!
[url=https://www.sportsindiashow.com/big-country-common-hobby-fantasy-sports-india/]https://www.sportsindiashow.com/big-country-common-hobby-fantasy-sports-india/[/url]
Furthermore remember not to neglect, everyone, — one at all times are able to in this article discover answers for the most most confusing inquiries. The authors made an effort to lay out all data in the most extremely accessible method.