လွတ်မြောက်နယ်မြေကို ပို့တဲ့ ပွဲစားနဲ့ လှေပိုင်ရှင်ကိုဖမ်း၊ ကျန်သူတွေ ပြန်လွှတ်

အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၅)

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ ဒေသခံ ၃၀ ကျော်ဟာ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ လွတ်မြောက်နယ်မြေတွေကို ထွက်ပြေးဖို့ လုပ်ရာမှာ စစ်ကောင်စီက ဖမ်းမိသွားပြီး ပွဲစားနဲ့ စက်လှေပိုင်ရှင်ကို ဖမ်းထားတယ်လို့ သိရပါတယ်။

စစ်တွေမြို့ကနေ လွတ်မြောက်နယ်မြေကို သွားဖို့အတွက် ပွဲစားကို တစ်ယောက်လျင် ၁၂ သိန်း ကနေ ၁၈ သိန်း အထိ ပေးပြီး သွားကြတာလည်း ဖြစ်ပါတယ်။

သွားဖို့ လုပ်နေတဲ့ အယောက် ၃၀ ကျော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ရက်နေ့က ဖမ်းမိပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပွဲစားနဲ့ စက်လှေပိုင်ရှင်ကို ဒီနေ့အထိ ဆက်ဖမ်းထားတယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အယောက် ၃၀ ကျော် ၃၂ ယောက်လောက် ရှိမယ်နဲ့ တူတယ်။ ယောက်ျား မိန်းမ အကုန် အဖိုးကြီး အဖွားကြီး ကလေး လူငယ် အကုန်ပါတယ်။ အင်္ဂါနေ့က ပြန်လွတ်တယ်။ ဖမ်းတာက ပြီးခဲ့တဲ့ ကြာသပတေးက ဖမ်းတာ၊ အာရက္ခတပ်တော် သိမ်းထားတဲ့ လွတ်မြောက်နယ်မြေကို ထွက်ပြေးကြတာပေါ့နော်။ ပြောရမယ်ဆိုရင် မြောက်ဦးကို ပြေးတာလား။ မင်းပြားဘက်ကို ပြေးတာလား။ ပေါက်တောဘက်ကို ပြေးတာလား မသိဘူးပေါ့လေ။ ပုဏ္ဏားကျွန်းလားတော့ မသိဘူး။ ဒါပေမယ့် ဦးတည်မယ့် နေရာတစ်ခုတော့ ရှိမယ်။ သဘောကတော့ ပေါက်တောဘက်ကို ရောက်အောင် ပို့ပေးမယ်။ ၁၂ သိန်းဆိုလည်း ၁၂ သိန်းပေါ့။ တချို့ကျတော့လည်း အဲဒီ ပွဲစားတွေကိုလည်း ကြောက်တယ်။ လမ်းကြောင်းကိုလည်း ကြောက်တဲ့အတွက်ကြောင့်မို့လို့ အဲဒီပိုက်ဆံကို သူတို့ သတ်မှတ်ထားတဲ့ နေရာရောက်မှ ပေးမယ်ဆိုပြီး လက်ထဲမှာ ကိုင်ထားတယ်။ တချို့ကျတော့လည်း အစကတည်းကကို ပေးထားလိုက်တယ်။ လက်ထဲမှာ ကိုင်ထားသူကတော့ မပေးလိုက်ရဘူးပေါ့။ ဒါပေမယ့် လွတ်တဲ့နေ့ကတော့ သူတို့တွေ တပြားမှ မပေးခဲ့ရဘူးတဲ့။ အကုန်လွတ်တယ်။ ဖမ်းထားလိုက်တာက ပွဲစားရယ် ဘုတ်ပိုင်ရှင်ရယ် ဖမ်းထားလိုက်တယ်လို့ ပြောတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေဒေသခံတွေအနေနဲ့ မြို့ပြင်ကိုသွားရောက်ရာမှာ စစ်ကောင်စီရဲ့ ဂိတ်နဲ့ တပ်စခန်းတွေကို ဝန်ထမ်းကဒ်၊ မှတ်ပုံတင် စတဲ့ အထောက်အထားကဒ် တစ်ခုခုကို ပေးထားခဲ့ရတယ်လို့ သိရပါတယ်။

ပြီးတော့ စစ်တွေကနေ စက်လှေနဲ့ သွားလာခွင့်တွေကို ပိတ်ထားတာကြောင့် အဲဒီလို သွားလာတဲ့သူတွေကို သောင်းကျန်းသူဆိုပြီး သတ်မှတ်ထားတယ်လို့ စစ်တွေဒေသခံတစ်ယောက်က ပြောပါတယ်။

“မြို့ပြင်မထွက်ရ အမိန့်က ထုတ်ထားလား ဆိုတာက ဘာထူးလဲ။ မြို့ပြင် ထွက်မှ မထွက်ရတာလေ။ ဝန်ထမ်းဆိုရင် ဝန်ထမ်းကဒ် ပြရတယ်။ ကျောင်းဆရာ၊ ဆရာမဆိုရင်လည်း လက်မှတ်ထိုး သွားရတယ်။ မှတ်ပုံတင် ပေးခဲ့ရတယ်။ ဝန်ထမ်းကဒ် ယူသွားလား ဘယ်လိုလည်းတော့ မသိဘူး။ ပြီးလို့ရှိရင် ပြန်လာရင် အဲဒီကဒ်ကို အဲဒီက ပြန်ယူရတယ်။ စစ်တွေက ရေပတ်ပတ်လည် ဝန်းရံထားတာ။ အဲဒီရေဆိပ်ကနေ သွားလို့ရှိရင် ဟိုဘက်ကို ရောက်သွားပြီ။ အဲဒီမှာ ရေတပ်တွေက ပိတ်ထားတဲ့ သဘောပေါ့။ သူတို့ ကြေညာထားတယ်လေ။ စက်လှေတွေ အဝင်အထွက် ရှိတယ်ဆိုရင်လည်း သူတို့က သောင်းကြမ်းသူတွေဆိုပြီး ဖမ်းမယ်ဆိုပြီး ကြေညာထားတယ်လေ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါကြောင့် အခုဖမ်းထားတဲ့ ပွဲစားနဲ့ စက်လှေပိုင်ရှင်ကို မြို့ပြင်မထွက်ရ စည်းကမ်းချိုးဖောက်မှုနဲ့ တရားစွဲ အရေးယူခံရနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တွေကနေ နယ်ဘက်ကို တိမ်းရှောင်မယ့် ၁ နှစ် အရွယ် ကလေးနဲ့ မိခင်အပါအဝင် အရပ်သား ၁၀ ယောက်ကျော်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့လည်း ရက္ခိုင်သတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

4 Comment

studiya-dizayna-648 ဒီဇင်ဘာ 28, 2025 - 7:45 မနက်

дизайн проект квартиры спб бюро дизайна интерьера

elon-casino-205 ဒီဇင်ဘာ 28, 2025 - 12:32 ညနေ

Play at https://elon-casino-top.com online: slots from popular providers, live dealers, promotions, and tournaments. Learn about the bonus policy, wagering requirements, payment methods, and withdrawal times. Information for adult players. 18+. Gambling requires supervision.

elon-casino-59 ဒီဇင်ဘာ 28, 2025 - 12:33 ညနေ

Play online at https://elonbet-casino-game.com: slots, live casino, and special offers. We explain the rules, limits, verification, and payments to avoid any surprises. This material is for informational purposes only.

avigroup ဒီဇင်ဘာ 30, 2025 - 5:18 မနက်

Нужен трафик и лиды? ави групп SEO-оптимизация, продвижение сайтов и реклама в Яндекс Директ: приводим целевой трафик и заявки. Аудит, семантика, контент, техническое SEO, настройка и ведение рекламы. Работаем на результат — рост лидов, продаж и позиций.

Add Comment