ငြိမ်းချမ်းရေးဆွေးနွေးဖို့ TNLA နဲ့ စစ်ကောင်စီတို့ တရုတ်ရောက်နေ

အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၅)

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF)/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (TNLA) နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်နေပြီလို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ရေးပြဿနာတွေ ပြေလည်နိုင်ဖို့အတွက် ဖေဖော်ဝါရီ ၁၆ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှု စတင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေ ပြန်မရနိုင်တော့တဲ့ နယ်မြေတွေ အများကြီး ရှိလာတာကြောင့် အခု တွေ့ဆုံဆွေးနွေးတာနဲ့ ပတ်သက်ပြီး အကောင်းဘက်ကို မျှော်လင့်လို့ သိပ်မရဘူးလို့ ကျောက်မဲလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတင်မောင်သိန်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကျနော်တို့ကတော့ အကောင်းဘက်ကို သိပ်ပြီးတော့မှ မျှော်လင့်တာမျိုး မရှိဘူးပေါ့။ မရှိဘူးဆိုတာက အခြေအနေတွေအားလုံး သုံးသပ်ကြည့်ရင် စစ်ကောင်စီဘက်ကနေပြီးတော့ သူနဲ့ ဆွေးနွေးရမယ့် အနာဂတ်တိုင်းပြည်အတွက် ဆွေးနွေးရမယ့် အဖွဲ့ပေါင်းစုံပေါ့။ ပြောရမယ့်စကားတွေက အများကြီး ဖြစ်နေတဲ့အခါကျတော့ ဒီလောက်လေးနဲ့က အလားအလာ ကောင်းမယ်လို့တော့ မယူဆနိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုက နေရာအနှံ့မှာ စွန့်လွှတ်လိုက်ရတဲ့ နယ်မြေတွေ ပြန်မရနိုင်တော့တဲ့ နယ်မြေတွေ အများကြီးရှိတဲ့အခါကျတော့ ငြိမ်းချမ်းရေးစကား ပြောနေရတာ သူ့ရဲ့ ထွက်ပေါက်အတွက် စကားပြောနေရတာ ဖြစ်တဲ့အတွက် ဒီလိုမျိုး အဖွဲ့ တစ်ခုချင်း၊ တစ်ခုချင်း တွေ့ဆုံဆွေးနွေးတယ်ဆိုတာတော့ ကျနော်တို့ကတော့ မျှော်လင့်ချက် မထားပါဘူး။ သိပ်ပြီးတော့ပေါ့နော်။ ဘာလဲဆိုတော့ အကြောင်းအရာ တစ်ခုတည်းနဲ့ အဲဒီဆွေးနွေးပွဲအပေါ်မှာပဲ စောင့်ကြည့်ပြီးတော့မှ ရေရှည်မှာ ကောက်ချက်ချ စောင့်ကြည့်ရမှာပေါ့။ မမျှော်လင့်ပါဘူးဗျာ။ ကျနော်တို့က သိပ်ပြီးတော့မှလေ” လို့ ပြောပါတယ်။

အခု တွေ့ဆုံဆွေးနွေးမှုမှာ TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေး ဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ယောက်နဲ့ စစ်ကောင်စီဘက်က MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကစတ(၁)မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ဆွေးနွေးမယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဘက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လေကြောင်းထိုးစစ်တွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေကို ရပ်ဆိုင်းပေးမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး သဘောတူညီမှု တစ်စုံတစ်ရာ ရနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သုံးသပ်နေကြပါတယ်။

Related posts

အပင်စိုက်ပြီး အပင်ဖြစ်လာအောင် နောက်ဆက်တွဲ ဂရုစိုက်ဖို့ “ စိမ်းလန်းစီ” တိုက်တွန်း

မြောက်ပိုင်းအဖွဲ့ကို နေပြည်တော်ဖိတ်ခေါ်မယ့်ကိစ္စ ဘယ်လိုအခင်းအကျင်းဖြစ်နိုင်လဲ

မင်းတုန်းကို ထိုးလာတဲ့ ရွေးတုအစိုးရတပ်စစ်ကြောင်းကို AA ဒရုန်းနဲ့တိုက်ခိုက် ထိခိုက်ဒဏ်ရာရသူများပြား

3 Comment

Robertkeync ဧပြီ 3, 2026 - 9:59 ညနေ

пин ап рабочее зеркало https://жцрб.рф

rent yacht montenegro 52 မေ 5, 2026 - 5:52 ညနေ

yacht charter Montenegro https://rent-a-yacht-montenegro.com

stomatologiya 321 မေ 12, 2026 - 6:55 မနက်

график стоматологии стоматология прием

Add Comment