ရိုဟင်ဂျာ ၁၀၀၀ နီးပါးကို စစ်တွေ ပြန်ပို့ပြီး ရှေ့တန်းပို့ရန် စစ်ကောင်စီ စီစဉ်

အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၅)

ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းမှ လွတ်ရက်စေ့နေတဲ့ အမျိုးသမီး နဲ့ ကလေးသူငယ်အပါအဝင် ရိုဟင်ဂျာ ၁၀၀၀ နီးပါးကို စစ်တွေသို့ ပြန်ပို့ရန် စစ်ကောင်စီက စီစဉ်နေတယ်လို့ သိရပါတယ်။

“ဒီနေ့ နံနက် ၆နာရီလောက်မှာ လွတ်ရက်စေ့ ရိုဟင်ဂျာကလေးသူငယ်များ၊ အမျိုးသား၊ အမျိုးသမီး ၉၃၆ ဦးတို့ကို အင်းစိန်ထောင်အတွင်းကနေပြီးတော့ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက Express (ခရီးသည်တင်ယာဉ်) နဲ့ ခေါ်ဆောင်သွားတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆိုပါတယ်။

ရုံးပိတ်ရက်ဖြစ်တဲ့ မနေ့က စနေနေ့ဖြစ်သော်လည်း လဝက ဝန်ထမ်း ၅၀ ကျော်က အဆိုပါ ရိုဟင်ဂျာတွေကို အထောက်အထားကဒ်တွေ လာရောက်လုပ်ဆောင်ပေးခဲ့ပြီး မည်သည့်ကဒ်အမျိုးအစား ဆိုတာကိုတော့ မသိရှိရသေးလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆိုပါတယ်။

အခုလို ခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာ ၉၃၆ ဦးဟာ အင်းစိန်ထောင်တစ်ခုထဲက မဟုတ်ပဲ စစ်ကောင်စီလက်အောက်ရှိ အကျဉ်းထောင်အသီးသီးက ဖမ်းဆီးချုပ်နှောင်ထားတဲ့ ရိုဟင်ဂျာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက သူတို့ကို ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွေကနေ အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တာလိုလည်း သိရပါတယ်။

“ကနဦး ရရှိထားတဲ့ အချက်အလက်များအရ ရိုဟင်ဂျာတွေကို ရှေ့တန်းသို့ပို့ဆောင်ရန် စီစဉ်ထားသည့်အတွက် အခုလို စီစဉ်တာဖြစ်တယ်” လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆိုပါတယ်။

Related posts

ကပစ ၁၆ တပ်မိသားစုများ စစ်ဘေးရှောင်ဘဝရောက်နေရ

ဘူးသီးတောင်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အားး အဓမ္မပြုကျင့်ခဲ့သူကို ဒီလပ် ဖမ်းဆီး

ကျောက်ဖြူရေတပ်ကနေ စနဲဖက်ကို စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေပြင်းထန်နေ

1 Comment

rent yacht montenegro 17 မေ 5, 2026 - 11:37 ညနေ

yacht rental Montenegro rent a yacht Montenegro

Add Comment