ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အဖြေမထွက်တာ များ

အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၅)

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါတိုင်း နောက်ဆုံးမှာ အဖြေမထွက်တာက များနေတယ်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လုပ်ငန်းစဉ်တစ်ခုကို ပြုလုပ်တဲ့အခါမှာ အချိန်၊ လူ၊ ငွေ အင်အားတို့ကို စိုက်ထုတ်ရတာ ဖြစ်တဲ့အတွက် အဖြေမထွက်တဲ့အခါမှာ ဒါတွေက အလဟဿ ဖြစ်ကုန်တယ်လို့ သူက ပြောပါတယ်။

“ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံတွေပေါ့ ၂၁ ပင်လုံတို့ ဘာတို့ ပြီးသွားတဲ့အချိန်မှာ အားလုံးပေါင်းပြီးသွားရင် နောက်ဆုံးက အဖြေက မထွက်တာက များနေတယ်။ ဒါက ပြီးခဲ့တဲ့ ညီလာခံတွေကနေ လေ့လာတွေ့ရှိမှုပေါ့လေ။ အဲဒီလိုမျိုး ဖြစ်သွားရင်တော့ ဘယ်လောက်ပဲ ကြီးကြီးမားမားကြီးလုပ်လုပ် အဖြေမထွက်ဘူးလို့ နားလည်တယ်။ သုံးစွဲလိုက်ရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ နောက် စိုက်ထုတ်လိုက်ရတဲ့ အင်အားတွေ ဒါတွေက အလဟဿ ဖြစ်သွားနိုင်တယ်။ ဘယ်လိုပဲ လုပ်လုပ်ပါ တစ်ယောက်ချင်းစီပဲ ဆွေးနွေး၊ ဆွေးနွေး၊ စုပေါင်းပြီးပဲ ဆွေးနွေး ဆွေးနွေး နိုင်ငံအတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခု ထွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲဒီအချက်ကိုသာ ဆုပ်ကိုင်နိုင်မယ်ဆိုရင် ဘယ်လို နည်းလမ်းနဲ့ပဲ ဆွေးနွေးသည်ဖြစ်စေ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါလိမ့် မယ်။ ကျနော်တို့ကြောက်တာ တခြားမဟုတ်ဘူး။ အခုက တော်တော်များများသော လုပ်ငန်းစဉ်တွေမှာ အကြီးကြီးတွေ ဆွေးနွေးကြတယ်၊ လုပ်ကြတယ်။ နောက်ဆုံး ရလဒ်ကြတော့ မျှော်မှန်းထားသလောက် ဆိုတာထက် တကယ့် ကောင်းမွန်တဲ့ ရလဒ်တောင် ထွက်ရဲ့လား၊ မထွက်ရဲ့လားဆိုတာ အခုအချိန်အထိ ဝေဖန် သုံးသပ်နေရဆဲ အနေအထားမျိုး။ ဆိုတော့ ဘယ်လိုပဲ ဆွေးနွေးသည်ဖြစ်စေ ရလဒ်ကောင်းထွက်ဖို့ပဲ အရေးကြီး တယ်လို့ မြင်ပါတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီ လက်ထက်မှာလည်း ညီလာခံတစ်ရပ် ပြုလုပ်ဖို့ NSPNC ဘက်က အကြံပြုခဲ့ကြပေမယ့် အခုထိ ဘာမှ ဖြစ်မလာသေးဘူးလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က ပြောပါတယ်။

“ရှိသင့်တယ်ဆိုတာကိုတော့ ပြီးခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်မှာ NSPNC က ဆွေးနွေးတာကို ကြားဖူးပါတယ်။ သူ့အနေနဲ့က အမျိုးသားညီလာခံလိုမျိုး ညီလာခံတစ်ရပ်ကို ခေါ်ယူပြီးတော့မှ အားလုံးသဘောတူညီတဲ့ နိုင်ငံရေး သဘောတူညီချက် တစ်ရပ်ကို ချမှတ်ဖို့ အဆိုပြုခဲ့တာ ရှိတယ်။ အပစ်ရပ်တွေထဲမှာ အချို့ကလည်း သဘောတူတယ်၊ အချို့ကလည်း သဘောမတူဘူး။ အဲဒီအစည်းအဝေးကို တက်တောင် မတက်ဘူး။ အဲဒီပြီးတဲ့ နောက်ပိုင်းမှာ အမျိုးသားညီလာခံလိုမျိုး လုပ်မယ်ဆိုတာ ပြန်ပြီး ထုတ်ဖော်ပြောတာ တခါမှ မကြားမိသေးဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နဲ့ စစ်ကောင်စီတို့ ဖေဖော်ဝါရီ ၁၆ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

အလားတူ တရုတ်အစိုးရဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ကြားဝင်စေ့စပ်ပေးခဲ့သော်လည်း အဆိုပါ သဘောတူညီချက်သည် လအနည်းငယ်အတွင်း ပျက်ပြယ်သွားခဲ့ပါတယ်။

Related posts

ကပစ ၁၆ တပ်မိသားစုများ စစ်ဘေးရှောင်ဘဝရောက်နေရ

ဘူးသီးတောင်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အားး အဓမ္မပြုကျင့်ခဲ့သူကို ဒီလပ် ဖမ်းဆီး

ကျောက်ဖြူရေတပ်ကနေ စနဲဖက်ကို စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေပြင်းထန်နေ

2 Comment

Justinvax ဧပြီ 5, 2026 - 5:05 မနက်

Нужны заклепки? заклепка вытяжная нержавеющая 4х10 прочный крепеж для соединения деталей. Алюминиевые, стальные и нержавеющие варианты. Надежность, долговечность и удобство монтажа для различных задач и конструкций.

rent yacht montenegro 786 မေ 6, 2026 - 1:09 မနက်

rent a yacht in Montenegro https://rent-a-yacht-montenegro.com

Add Comment