စစ်တွေနဲ့ ပေါက်တောကို စစ်ကောင်စီက လေယာဉ်နဲ့ ဆက်တိုက် ဗုံးလာကြဲ

(Breaking News)

အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်ပြည်၊ စစ်တွေမြို့ပြင် နဲ့ ပေါက်တောမြို့နယ်ကို ဒီကနေ့ ည ၈ နာရီခွဲအချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးဆက်တိုက် လာကြဲသွားတယ်လို့ စစ်တွေမြို့ ဒေသခံက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့ကနေ လေယာဉ် နဲ့ ဗုံးကြဲတဲ့အသံတွေ ကြားရပြီးတဲ့အပြင် စစ်တွေ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတဲ့အသံတွေကိုလည်း ထပ်ကြားရတယ်လို့ ပြောပါတယ်။

အခု လေယာဉ်နဲ့ ဗုံးကြဲတာကလည်း ၁ ခါ ပစ်ရင် ဗုံး ၁၀ လုံးလောက် ထွက်တဲ့ လက်နက်နဲ့ လာပစ်တာ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ လေယာဉ် နဲ့ အသစ်ပေါ်လာတဲ့ တစ်ခါပစ်ရင် ၁၀ လုံးလောက် ပြန့်ကြဲပြီးတော့ကို ထွက်တာလို့ ပြောတယ်။ ပေါက်တောဘက်အခြမ်း၊ နောက်တစ်ခေါက် လေယာဉ်နဲ့ လာပစ်တာ အမြင့်ကျွန်းတို့၊ ပါဒလိတ်တို့ အဲဒီဘက်အခြမ်းနဲ့ တူတယ်။ နောက်တစ်ခေါက်ကျတော့ ကမ်းနားဘက်က အခြမ်း။ ဒီနေ့ ည ၈ နာရီခွဲလောက်မှာ ပေါက်တောဘက်လို့ ထင်ရတဲ့အခြမ်းမှာ လေယာဉ်နဲ့ လာပြီး ဗုံးလာကြဲသွားတယ်။ ပြီးလို့ရှိရင် နောက်လေယာဉ်လာပြီးတော့ စစ်တွေမြို့ရဲ့ ရွှေမင်းဂံတို့၊ ပါဒလိတ်တို့၊ ဝါဘို အဲဒီလိုမျိုး အခြမ်းတွေမှာ ဗုံးတွေ ဆက်တိုက် ချသွားတယ်။ အဲဒါကို စစ်တွေရဲ့ တပ်ရင်းဘက်က လက်နက်ကြီးတွေနဲ့ ထပ်ပြီးပစ်နေတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုတွေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

Related posts

ရန်ကုန်က ဘဏ်တွေမှာ ငွေအဝင်မရှိလို့ ငွေထုတ်တာ တင်းကြပ်လာ

စစ်တွေလေယာဉ်လက်မှတ် ၁၀ သိန်းအထိ ရောက်နိုင်

ဆမီးက စစ်ရှောင်တွေကို HDCO က ဆန်နဲ့ စောင် ထောက်ပံ့