အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၅)
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲသေချာပေါက် ကျင်းပမယ်ဆိုပါက အဲဒီမတိုင်ခင် တွေ့ဆုံဆွေးနွေးပွဲတစ်ခု လုပ်မယ်ဆိုပါက တိုင်းပြည်အတွက် ထိခိုက်ပျက်စီးမှု နည်းစေတယ်လို့ 7 EAO Alliance ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ကျနော်တို့ 7 EAO မှာ ချထားတဲ့ နည်းလမ်းအသစ်ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး ဖြေရှင်းဖို့သင့်တယ်။ ဖြေရှင်းတဲ့ နေရာမှာလည်း ပါဝင်သင့် ပါဝင်ထိုက်တဲ့ State Holder တွေ ပါဝင်ရမယ်။ တပ်မတော်ကိုလည်း ချန်ထားလို့ မရဘူး။ State Holder အားလုံးဆိုကတည်းက လက်ရှိ SAC လည်း ပါတာပေါ့။ ကနဦး တွေ့ဆုံဆွေးနွေး အဖြေရှာ၊ နည်းလမ်းရှာရင် ဖြစ်လာနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုရင် စကားပြောကြရင်တော့ မဖြစ်စရာ အကြောင်းမရှိပါဘူး။ အခုက တစ်ဖက်နဲ့တစ်ဖက် အနိုင်မခံ အရှုံးမပေး၊ အထက်စီး အပေါ်စီး ကိုယ့်မှာရှိတဲ့ အင်အားကိုအသုံးချပြီး အများကြီး လုပ်ထားတယ်ဆိုတော့ ဒါက တစ်နေ့ကြရင် သမိုင်းကြောင်းပေါ့ ဒီသံသရာက မလွတ်ဘူးပေါ့။ အရင် ဆွေးနွေးကြပါ။ ရွေးကောက်ပွဲ မတိုင်မီ ရွေးကောက်ပွဲ လုပ်ဖို့ထက်စာရင် ဒီကိစ္စ အရင်လုပ်တာက ပိုပြီးတော့ ထိခိုက်နစ်နာမှု၊ နိုင်ငံတော် ပျက်စီးမှု ပိုနည်းလာမယ်လို့ ထင်တယ်ပေါ့။ ဒါကို တစ်ဖက်က သဘောမတူဘဲ တစ်ဖက်က လုပ်ဆိုရင် ဒီကိစ္စလည်း အများကြီး စိုးရိမ်တယ်ပေါ့လေ” လို့ သူက ပြောပါတယ်။
စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြောဆိုနေပေမယ့်လည်း ချင်းအမျိုးသားနေ့ ပေးပို့တဲ့ သဝဏ်လွှာအရ နိုင်ငံတစ်ဝန်း တည်ငြိမ်မှု ရှိမှသာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ်လို့ ပြောဆိုသွားတာကြောင့် အခုနှစ်အတွင်း ရွေးကောက်ပွဲက ဖြစ်နိုင်ခြေ နည်းပါးလွန်းပါတယ်။
စစ်ကောင်စီအနေနဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းကိုလည်း ကတိကဝတ် ပြုထားတာကြောင့် တကယ်လို့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ရင် သူ့အပေါ် ယုံကြည်မှုတွေဟာ အခုထက် ပိုမိုလျော့ကျသွားမယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။
ပြီးတော့ ရွေးကောက်ပွဲ ကျင်းပရေးကို တိတိကျကျ ထုတ်ဖော်ပြောဆိုတာ မရှိတဲ့အတွက် ခန့်မှန်းသုံးသပ်ရ ခက်တယ်လို့ 7 EAO Alliance ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ရွေးကောက်ပွဲက နိုင်ငံတိုင်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုပေါ့။ ဒါပေမယ့် အခြေအနေ အချိန်အခါအရတော့ လိုသေးတယ်ပေါ့။ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေအနေနဲ့ ဘယ်လိုထွက်လာမလဲ မသိသေးဘူး။ နောက် ဘယ်လိုကျင်းပမလဲဆိုတာ လောလောဆယ် ဘာမှမရှိသေးဘူး။ တချို့က PR၊ တချို့က မြို့နယ် ၁၀၀ ပုံစံမျိုးမျိုးနဲ့ ထင်ကြေးပေးနေကြတာပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲလုပ်မယ်လို့တော့ နစက ဥက္ကဋ္ဌကတော့ အစည်းအဝေးတိုင်း အခမ်းအနားတိုင်းမှာတော့ ပြောတယ်ပေါ့။ ဘယ်အချိန်အခါ ဘယ်လိုပုံစံ ကျင်းပမယ်ဆိုတာ မရှိသေးတော့ ကျနော်တို့က ဒီအပေါ်မှာ ဝေခွဲရဖို့ သုံးသပ်ရဖို့ နည်းနည်းခက်တာပေါ့” လို့ ဆိုပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာခဲ့ပေမယ့် ကျင်းပနိုင်တာမရှိဘဲ အာဏာကို ၆ လ သက်တမ်းထပ်မံတိုးလာရင်းကနေ လက်ရှိအထိ အာဏာကို ရယူထားတာလည်းဖြစ်ပါတယ်။
7 Comment
Good post, the kind that respects the reader by getting to the point quickly without skipping the details that matter, and a short look at clarvesta confirmed that approach is consistent across the site which is rare to find online these days, definitely a place I will return to soon.
The overall feel of the post was professional without being stuffy, and a look at mimosamarket kept that approachable expertise going, finding the right register for technical content is hard but this site has clearly figured out how to sound knowledgeable without slipping into that distant lecturing tone that loses readers in droves every time.
Better signal to noise ratio than most places I check on this kind of topic, and a look at seamsecret kept that going, every paragraph here carries something worth reading rather than padding out the page to hit some arbitrary length target that search engines reward but readers ignore as soon as they notice it.
Felt the writer was speaking my language without trying to imitate it, and a look at gpugearhouse continued that natural fit, when a writers default voice happens to match what you find easy to read the experience feels frictionless and that is something I notice and remember about specific sites going forward.
Reading this gave me a small refresher on something I had partially forgotten, and a stop at lunivora extended the refresher, content that strengthens existing knowledge rather than just adding new is content with a particular kind of consolidating value and this site is providing that consolidating function across multiple visits.
Speaking as someone who reads a lot on this topic this site has earned a high position in my source rankings, and a stop at wifiwizard reinforced that ranking, the informal ranking of sources for a topic is something I maintain mentally and this site has moved into the upper portion of those rankings clearly.
Speaking from the perspective of a fairly demanding reader the writing here clears the bar consistently, and a look at vpnvault continued clearing that bar, the calibration of demanding reader is something I apply to all sources and this site has been one of the few that handles the demanding reading well across pieces sampled.