စစ်တွေက ဒုက္ခသည်စခန်းမီးလောင် အိမ်ထောင်စု ၃၀၀ ကျော် မီးဘေးသင့်

အာရက္ခတိုင်းမ်စ် (၃ မတ် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့ ခေါင်းဒုက္ကာကျေးရွာရှိ ဒုက္ခသည်စခန်းကို မတ်လ ၁ ရက် မနက် ၁ နာရီ ၁၅ မိနစ်က မီးလောင်ခဲ့လို့ အိမ်ထောင်စု ၃၀၀ ကျော် မီးဘေးသင့်ဒဏ်ခံနေရတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

“စခန်းမှာရှိတဲ့ အဆောင် ၃၄ ဆောင် နဲ့ အခန်း ၂၇၂ ခန်း မီးလောင်သွားတယ်။ အဲဒီမှာ နေထိုင်ကြတဲ့ မိသားစု ၃၁၄ စု၊ စုစုပေါင်း လူဦးရေ ၂၁၄၉ ဦး မီးဘေးသင့်ခံရတယ်” လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မီးလောင်သွားခဲ့သော အဆောင်မှာ အလျား ၄၅ပေ၊ အနံ ၁၈ ပေ ရှိပြီး အခန်းများမှာ အလျား ၁၁ ပေ၊ အနံ ၉ ပေ ရှိတဲ့ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းထားတဲ့ အဆောင် နဲ့ အခန်းတွေဖြစ်တယ်လို့ သိရပါတယ်။

“မနေ့ကတော့ ဝန်ကြီးချုပ် ဦးထိန်လင်း နဲ့ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးတို့သွားပြီး အလှူလုပ် ဓာတ်ပုံတွေရိုက်တာတော့ တွေ့လိုက်ရတယ်” လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ မီးဘေးသင့် ပြည်သူတွေကို လတ်တလော နေထိုင်နိုင်ရေး အဆင်ပြေစေရန် ရွက်ဖျင်တဲများ ဆောက်လုပ်ပေးထားတယ်လို့လည်း သိရပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး