လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ခွင့်က တော်လှန်ရေးကို ဟန့်တားဖို့ ဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၄ မတ် ၂၀၂၅)

စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပြည်တွင်း၊ ပြည်ပ လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေဟာ တော်လှန်ရေးနယ်မြေတွေကို ဟန့်တားဖို့ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

ပြည်တွင်း၊ ပြည်ပ လုံခြုံရေးကုမ္ပဏီတွေ လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်တာပါ။

အခုလိုမျိုး ပြဋ္ဌာန်းလိုက်တာဟာ တော်လှန်ရေးလှုပ်ရှားမှုတွေ ဟန့်တားနိုင်အောင် လုပ်ဆောင်တဲ့သဘော ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ပြည်ပနိုင်ငံကလူတွေကို ပုဂ္ဂလိက လုံခြုံရေးထဲမှာ ထည့်ပြီးတော့မှ အထူးသဖြင့် တရုတ်ပေါ့နော်။ သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့လို့အကြောင်းပြပြီး တော်လှန်ရေးနယ်မြေတွေမှာ တစ်နည်းတစ်ဖုံနဲ့ ထိန်းချုပ်လို့ရအောင်၊ နောက် တော်လှန်ရေးလှုပ်ရှားသူတွေရဲ့ သွားလာလှုပ်ရှား ဆောင်ရွက်မှုတွေကို တစ်စုံတစ်ရာ ဟန့်တားနိုင်အောင် သူကြိုးပမ်းပုံရတယ်” လို့ သူကပြောပါတယ်။

ဒီဥပဒေအရ ပြည်တွင်းပြည်ပက လုံခြုံရေးကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့ လိုအပ်တဲ့ လက်နက်၊ ခဲယမ်း ကိုင်ဆောင်ခွင့် ရှိလာတော့မှာ ဖြစ်ပါတယ်။

ဥပဒေအရ နိုင်ငံခြား လုံခြုံရေးကုမ္ပဏီတွေမှာ မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်း ပါဝင်ရမှာဖြစ်သလို စစ်ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားရင် ငြင်းပယ်ခြင်း မပြုဖို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂ (ခ) မှာ နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုလို့ ပြဋ္ဌာန်းထားပေမယ့် အခုလို ဥပဒေ ပြဋ္ဌာန်းလိုက်တာဟာ ၂၀၀၈ နဲ့ ကိုက်ညီမှုမရှိကြောင်း ထောက်ပြမှုတွေရှိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်း ဘယ်သူမဆို ပြည်တွင်းထဲမှာ အခြေချခွင့် မရှိဘူးလို့ ပြဋ္ဌာန်းပြီးသားပဲ။ ဒါပေမယ့် သူက အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းက စစ်တိုက်ဖို့ မဟုတ်ဘူး ဘာညာ အကြောင်းပြကောင်း ပြပါလိမ့်မယ်။ ဒါပေမယ့် သူ့ဘာသာ ပြန်ရေးထားတာ တစ်ခုရှိတယ်။ လုံခြုံရေးဆိုင်ရာ ကိစ္စ ပူးပေါင်းရန် ညွှန်ကြားလို့ ဆန့်ကျင်တယ်ဆိုရင် ကန့်ကွက်တယ်ဆိုရင် ဥပဒေအရ ပြစ်မှုမြောက်တယ်ဆိုပြီးတော့ ဒဏ်ပေးမယ်ဆိုတာ ရေးထားပြီးသား ဖြစ်တယ်။ ဆိုတော့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း အသုံးပြုမှာမို့လို့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ပြည်ပလက်နက်ကိုင် အဖွဲ့အစည်း ဒါမှမဟုတ် အစိတ်အပိုင်းတစ်ရပ် အနေနဲ့ ပြည်တွင်းမှာ လာပြီး အခြေချတာပဲ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တရုတ်နိုင်ငံက မြန်မာနဲ့ ပူပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ထူထောင်ဖို့ အဆိုပြုချက်ကို လက်မှတ်ထိုးဖို့အတွက် စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၂ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးပြီးနောက် ဒီဥပဒေ ထွက်ပေါ်လာတာပါ။

လက်ရှိမှာတော့ နည်းဥပဒေမထွက်လာသေးတဲ့အတွက် နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆက်လက်စောင့်ကြည့်နေကြဆဲပဲ ဖြစ်ပါတယ်။

Related posts

အစိုးရ အပြောင်းအလဲနှင့် ပညာရေး အပြောင်းအလဲဟု ဆိုကြသော်လည်း အမှန်ဆိုလျှင်

ဝီရဌာနီမြို့နယ်ရှိ‌ ဒေသခံတွေအတွက် ARAKAN လူငယ်ပရဟိတအသင်းက HDCO နဲ့ ပူးပေါင်းလှူဒါန်း

ငပလီကို ကမ်းတက်နိုင်ရန် ရွေးတုအစိုးရ ကြံစည်နေ

14 Comment

Casino_vbkt မတ် 24, 2026 - 1:03 မနက်

Вы можете выбрать игры различных жанров и форматов.
[url=https://7v4.casino/]Pinco Casino[/url]
Регистрация занимает всего несколько минут.

Casino_mykt မတ် 24, 2026 - 5:16 မနက်

В каталоге представлены проверенные провайдеры и актуальные игровые новинки.
[url=https://7v4.casino/]Пинко Казино[/url]
Pinco Casino сочетает качество, безопасность и удобство.

Casino_lpkt မတ် 26, 2026 - 2:23 ညနေ
stabgenEl ဧပြီ 3, 2026 - 7:04 မနက်

Продаётся отличный домен с возрастом по продаже садовых триммеров [url=https://stab-gen.ru/]https://stab-gen.ru[/url]. По вопросам покупки пишите на info@stab-gen.ru.

Camerontub မေ 8, 2026 - 8:09 မနက်

Perso jai remarque cette ambiance via machine. https://sidtm.edu.in/upcoming-events/test-event/ cest pas mal je recommande pour changer.

2026___qkst မေ 12, 2026 - 3:42 ညနေ

Во время изучения условий решил почитать разбор бонусов букмекерских контор https://firefly-russia.ru/o-chem-na-samom-dele-sporyat-na-yaplakale/, и разбор получился глубже ожиданий и после этого проще выбирать букмекера.

Camerontub မေ 14, 2026 - 6:24 မနက်

A mon avis jai trouve la plateforme. Dans roulette https://www.mjs.gov.mg/alo/#comment-241768 cest vraiment cool ca vaut.

2026___ksst မေ 20, 2026 - 8:00 ညနေ

Pendant les pauses casino crypto fiable via https://forum.amzgame.com/thread/detail?id=548087#reply pour comparer les retraits rapides, les performances restent vraiment stables apres plusieurs essais personnels. Les bonus temporaires attirent beaucoup de nouveaux utilisateurs. Les sessions courtes restent plus agreables pour moi.

Camerontub မေ 21, 2026 - 2:08 မနက်

Dans mon groupe beaucoup de nouveaux joueurs veulent des informations simples sur les sections machines a sous. Sur https://myanimelist.net/profile/lionemellio#lastcomment, les categories jeu responsable semblent plus organisees.

2026___hpst မေ 29, 2026 - 5:16 မနက်

Apres plusieurs tests tournoi de poker via https://gitlab.com/-/snippets/22853#note_3258941827 pour verifier les bonus disponibles, les promotions changent assez souvent apres plusieurs essais personnels. Je prefere les plateformes simples avec des conditions faciles a comprendre. Les applications mobiles deviennent plus rapides chaque mois.

GeorgeLix မေ 29, 2026 - 7:35 ညနေ

Молодечно, требуется монтаж сайдинга? Установим быстро, даже если стены «гуляют». Гибкая система крепежа. Работаем зимой с учетом расширения материала. Звоните, развеем мифы. обшивка дома сайдингом молодечно</a

Richardced ဇွန် 24, 2026 - 3:04 ညနေ

Кровельные работы в Минске требуют профессионального подхода к выбору материалов и монтажу. Мы предлагаем полный спектр услуг по устройству крыш любой сложности с гарантией качества. Используем только проверенные материалы от ведущих производителей. Наши бригады имеют многолетний опыт работы в столице. Доверьте кровлю профессионалам, которые знают все нюансы минского климата. Звоните для бесплатного замера и консультации.Замена крыши Минск

MiltonHem ဇွန် 26, 2026 - 8:12 မနက်

Монтаж сайдинга Минск – используем лазерный уровень, чтобы гарантировать абсолютную геометрию. Все стыки и соединения герметичны, но проветриваемые. Мы укладываем утеплитель в два слоя с разбежкой швов для устранения мостиков холода. Работаем аккуратно, без сколов и царапин. Фотографии работ в портфолио. Звоните! Монтаж сайдинга на фасад Минск

Add Comment