ရွေးကောက်ပွဲ စစ်ကောင်စီပြောတာ အာမခံချက် ရရှိထားတာကြောင့် ဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၁၁ မတ် ၂၀၂၅)

စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲကို ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက် ကာ/လုံထံကို အာဏာပြန်အပ်မှာလားဆိုတဲ့အပေါ် နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက မေးခွန်းထုတ် သုံးသပ်မှုတွေ ရှိနေကြပါတယ်။

ဘာလို့လဲဆိုတော့ စစ်ခေါင်းဆောင်ရဲ့ ၆ လသက်တမ်းတိုးထားမှုဟာ လာမယ့် ဩဂုတ်လမှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ကာ/လုံကို အာဏာပြန်အပ်နိုင်တယ်လို့ ယူဆနေကြတာပါ။

စစ်ခေါင်းဆောင်ရဲ့ အခုလိုမျိုး ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်ကာလကို ထုတ်ဖော်ပြောဆိုလာမှုဟာ တစ်စုံတစ်ရာ အာမခံရရှိထားတာကြောင့် ဖြစ်နိုင်တယ်လို့ NCA ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကာလုံကို ပြန်အပ်ပြီးတော့ ကာလုံက ရွေးကောက်ပွဲ ကြီးကြပ်မလား၊ သို့တည်းမဟုတ် ရွေးကောက်ပွဲ ကြီးကြပ်ဖို့ ကြားကာလ အာဏာပိုင်တွေပဲ ထားမလား။ ဘာလို့ဆို SAC က လုပ်မယ့် ရွေးကောက်ပွဲကို ကန့်ကွက်မယ် ဘာညာ အသံတွေက ရှိတော့ မလုပ်ဘူး တို့ကတော့ ရွေးကောက်ပွဲအတွက် လမ်းခင်းပေးတာ၊ တကယ်ကြီးကြပ်မှာကတော့ အုပ်ချုပ်ရေးအဖွဲ့က ဘယ်သူ ဘယ်သူဆိုပြီးတော့ လုပ်နိုင်တာပေါ့။ ရွေးကောက်ပွဲကော်မရှင်နဲ့တကွ တိုင်းပြည်အုပ်ချုပ်တဲ့သူက ရွေးကောက်ပွဲအချိန်မှာ ဘယ်အဖွဲ့ ဘယ်အဖွဲ့ဆိုပြီး သူလုပ်နိုင်တာပေါ့။ အဲဒီလိုလုပ်နိုင်ဖို့အတွက် အာမခံရှိလို့ ပြောတယ်လို့ ယူဆပါတယ်။ အဲဒီတော့ အာမခံရလာတဲ့အပေါ်မှာ ဩဂုတ်လကုန်တော့ ထပ်စောင့်ကြည့်ရမှာပေါ့” လို့ သူက ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲ ကျင်းပရေးနဲ့ ပတ်သက်လို့ မတ်လ ၇ ရက်က ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။

ပြီးတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ ၅၃ ခု စာရင်းပေးထားတယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဒ့ါအပြင် ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာလည်း စောင့်ကြည့်လေ့လာဖို့အတွက်ကို ရုရှားနဲ့ ဘယ်လာရုစ်က ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်သွားမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒါပေမယ့် ဩဂုတ်လအကုန်မှာ သက်တမ်းမတိုးဘဲနဲ့လည်း ရွေးကောက်ပွဲ ကာလအနေနဲ့ ထားလို့ရတာပဲ နောက်ထပ် ၆ လ။ အုပ်ချုပ်မှု သက်တမ်းတိုးတယ်ဆိုရင် ရွေးကောက်ပွဲကာလက ရှည်သွားမယ်လေ။ ဒါကြောင့် ဒီအုပ်ချုပ်ရေး သက်တမ်းကို ထားပြီးတော့ ရွေးကောက်ပွဲ လုပ်ဖို့အတွက် အရေးပေါ်ကာလ ဆန့်လိုက်ရင်လည်း ရတယ်လို့ ယူဆပါတယ်။ ဖွဲ့စည်းပုံမှာ အဲဒီလို ရေးထားတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ ကြေညာတယ်ဆိုရင် အုပ်ချုပ်မှုက ၆ လ ကြိုပြီး ပြောပြီးတော့ ရွေးကောက်ပွဲအတွက် ကြိုတင် ကြေညာရမယ်ဆိုတာ ပါပြီးသားဖြစ်တာကို” လို့ သူက ပြောပါတယ်။

အာဆီယံနဲ့ နိုင်ငံတကာတို့ကတော့ ရွေးကောက်ပွဲမကျင်းပခင် အရင်ဆုံး တွေ့ဆုံဆွေးနွေးမှု လုပ်သင့်တယ်ဆိုပြီးတော့ တိုက်တွန်းထားကြတာတွေလည်း ရှိပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ