AA နဲ့ မဟာမိတ်တပ်တို့ ဥသျှစ်ပင်မြို့နားအထိ ရောက်လာ

အာရက္ခတိုင်းမ်စ် (၂၁ မတ် ၂၀၂၅)

အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်ဖွဲ့တပ်တို့ဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့နားအထိ ရောက်ရှိနေပြီလို့ သိရပါတယ်။

ညောင်ကျိုး နဲ့ နတ်စင်ကုန်းက ကျသွားပြီ။ အဲ နှစ်နေရာမှာ စစ်ခွေးတွေ တစ်ရာကျော်သေတယ်။ ကျန်တဲ့ အင်အား ၇၀ လောက်က ညောင်ခြေထောက်ကို ပြေးလာကြတယ်။ ညောင်ခြေထောက် နဲ့ ဥသျှစ်ပင်က ဘယ်လောက်မှ မဝေးတော့ဘူး” လို့ ပန်းတောင်းမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ညောင်ခြေထောက်တွင် လက်နက်ကြီးများ အထိုင်ချထားခြင်း၊ အရေးပေါ် ကတုတ်ကျင်းများတူးခြင်း၊ အုတ်တံတိုင်းများ ကာရံခြင်း စတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ညောင်ခြေထောက်စခန်းကို ညောင်ကျိုး နဲ့ နတ်စင်ကုန်းက ထွက်ပြေးလာတဲ့ တပ်ရင်း ၅၈၂၊ ၅၉၇၊ ၅၉၆ နဲ့ ၃၆၅ လက်ကျန်တပ်သားတွေနဲ့ ပူးပေါင်းကာ ခုခံနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်သား တစ်ဝက်ကျော်က ပေါ်တာအဆွဲခံထားရတဲ့ လူငယ်တွေ၊ ဘာတိုက်ပွဲ အတွေ့အကြုံမှလည်းမရှိဘူး။ သေတဲ့ကလေးတွေလည်း သေသလို ထွက်ပြေးတာတွေလည်း ရှိတယ်။ တစ်ချို့လည်း လက်နက်ချသွားတယ်” လို့ သူက ထပ်မံပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်နယ်စပ်ကို အလုံးစုံသိမ်းပိုက်ထားပြီး ပဲခူးတိုင်း၊ ဧရာဝတီ နဲ့ မကွေးတိုင်းက စစ်ကောင်စီတပ်စခန်းတွေကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေပါတယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ