အာရက္ခတိုင်းမ်စ် (၂၉ မတ် ၂၀၂၅)
မန္တလေးတိုင်းဒေသကြီးတွင် ငလျင်ဒဏ်ကြောင့် လောလောဆယ် စာရင်းအရ လူဦးရေ ၆၉၄ ဦး သေဆုံးခဲ့ပြီး ၁၆၇၀ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“လက်ရှိအချိန်အထိ နောက်ဆုံး ကောက်ယူရရှိသော စာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၇၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးဖြစ်တယ်” လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသများမှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး နဲ့ ရှမ်းပြည် အရှေ့မြောက်ဒေသ၊ နေပြည်တော်၊ ပဲခူး တို့ပဲ ဖြစ်ပါတယ်။
အဆိုပါ ငလျင်ဒဏ်ကြောင့် လူနေအိမ်ပေါင်း မြောက်များစွာနဲ့ လမ်း၊ တံတား များစွာ ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူတွေကို ကူညီကယ်ဆယ်ရန် တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာပြီး သူတို့နဲ့အတူ အသက်ကယ်ကိရိယာ (Life detector)များ၊ ငလျင်ကြိုတင်သတိပေးစနစ်(Earthquake early warning system) များ၊ ခရီးဆောင်ဂြိုလ်တု(portable satellite)များ နဲ့ ဒရုန်းများ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၁၂ စုံသယ်ဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူ အိန္ဒိယလေတပ်ကလည်း အကူအညီပစ္စည်းများနဲ့အတူ ဒီနေ့မနက်မှာ ထပ်မံရောက်ရှိလာပါတယ်။
1 Comment
Специалисты регулярно помогают при интоксикации, запоях, абстиненции и сложных состояниях зависимости.
Изучить вопрос подробнее – наркологическая больница москвы