အာရက္ခတိုင်းမ်စ် (၁ ဧပြီ ၂၀၂၅)
ရက္ခိုင်ပြည်မှာ အသက် ၁၈ နှစ် ပြည့်သူတိုင်း အနည်းဆုံး ၂ နှစ်ကြာ စစ်မှုထမ်းရမယ့်စနစ်ကို အာရက္ခတပ်တော် (AA) က တရားဝင် ပြဌာန်းဖို့ ပြင်ဆင်နေပြီး စည်းရုံးရေးနဲ့ လူစာရင်း ကောက်ယူမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး အာရက္ခတပ်တော်ဘက်က တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် ရက္ခိုင်ပြည်နဲ့ လူမျိုး တည်တံ့ဖို့အတွက် စစ်သင်တန်း တတ်မြောက်ထားသင့်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“သို့သော်လည်း ရက္ခိုင်တစ်ယောက်အနေနဲ့သော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုအနေနဲ့လည်းကောင်း ကျနော်တို့ကတော့ စဉ်းစားချက်ကတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ပြည် ကျနော်တို့လူမျိုး တည်တံ့ဖို့အတွက်ဆိုရင် ကျနော်တို့ပြည်မှာရှိတဲ့ လူတိုင်း၊ လူတိုင်းဟာ စစ်သင်တန်း အတတ်ပညာကိုတော့ တတ်ထားရမယ်၊ ကျွမ်းကျင်မှု ရှိရမယ်၊ နားလည်နေရမယ်၊ လက်နက် လူတိုင်းကိုင်ပြီး ပစ်နိုင်ရမယ်ဆိုတဲ့ တွေးခေါ်မှုတော့ ရှိပါတယ်။ ဒါပေမယ့် အခု ပြောနေကြတာကတော့ တရားဝင် ပြောတာတော့ မကြားဘူး” လို့ သူက ပြောပါတယ်။
အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် ကနေ ၃၅ နှစ် အတွင်း၊ အမျိုးသားတွေက အသက် ၁၈ နှစ် ကနေ ၄၅ နှစ် အတွင်း ရှိသူတွေ စစ်မှုထမ်း သင်တန်း တက်ရောက်ရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
စစ်မှုထမ်း ကာလနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ အချိန်ကာလ ထွက်ပေါ်လာမှု မရှိသေးပေမယ့် ထွက်ပေါ်နေတဲ့ သတင်းအရ စစ်မှုထမ်းကာလ အနည်းဆုံး ၂ နှစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီကလည်း စစ်မှုထမ်း ဥပဒေ ပြဌာန်းလိုက်တာနဲ့ တိုက်ဆိုင်သွားတာကြောင့် လူထုဘက်မှ အမြင်တစ်မျိုး ဖြစ်သွားတာ ဖြစ်နိုင်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အဲ့ဒါက တစ်ခုတော့ရှိတယ်။ ကျနော်တို့ကိုယ်တိုင် နိုင်ငံရေးပါတီထောင်စဉ်ကရော ကျနော်တို့ပြည်၊ ကျနော်တို့လူမျိုး၊ ကျနော်တို့ရဲ့ ရပ်တည်မှုအရ ကျနော်တို့ စဉ်းစားချက်တွေမှာတော့ ရှိခဲ့တယ်။ ဘာလို့ဆို ရက္ခိုင်ပြည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရမယ်ဆိုရင် ကျနော်တို့ အချုပ်အခြာအာဏာကို ထိန်းဖို့အတွက် လူငယ်တိုင်း လူငယ်တိုင်း စစ်သင်တန်းတွေတော့ တက်ထားရလိမ့်မယ်ဆိုတဲ့ဟာမျိုးပေါ့။ စစ်သင်တန်းတက်လို့ စစ်မှုထမ်းဆိုတဲ့ဟာက ခုချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပေါ့။ စကစရဲ့ စစ်မှုထမ်းဥပဒေနဲ့ သွားပြီး ထပ်တူသွားကျတဲ့အခါ အမြင်တစ်မျိုး မြင်ကြတယ်” လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော် AA ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေက ရက္ခိုင်ပြည်ကို ကာကွယ်စောင့်ရှောက်ဖို့ ရက္ခိုင်သားတိုင်းမှာ တာဝန်ရှိကြောင်းနဲ့ လိုအပ်ရင် စစ်မှုထမ်းနိုင်တဲ့ လူတိုင်း စစ်မှုထမ်းဖို့ အသင့်ရှိရမယ်လို့ ပြောဆိုထားမှုတွေ ရှိခဲ့ဖူးပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်တဲ့ အာရက္ခတပ်တော် AA ရဲ့ ရက္ခိုင်ပြည်တိုက်ပွဲမှာ မြို့နယ် ၁၇ ခုရှိတဲ့အနက် ၁၄ မြို့နယ်ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့သာ ကျန်ရှိတော့တာပါ။
7 Comment
need a video? italian produdtion company offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.
Продажа тяговых https://faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу
Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
На этом ресурсе здесь работает kraken маркетплейс вход через все доступные официальные зеркала площадки
Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Продажа тяговых faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу
Тяговые аккумуляторные https://ab-resurs.ru батареи для складской техники: погрузчики, ричтраки, электротележки, штабелеры. Новые АКБ с гарантией, помощь в подборе, совместимость с популярными моделями, доставка и сервисное сопровождение.