အာရက္ခတိုင်းမ်စ် (၇ ဧပြီ ၂၀၂၅)
ရက္ခိုင်ပြည် ပေါက်တောမြို့နယ် မြေငူကျွန်း အနီးတွင် ငါဖမ်းနေတဲ့ ရေလုပ်သား ၂၃ ဦးကို စစ်ကောင်စီက ဧပြီလ ၅ ရက် မနက် ၈ နာရီ ခန့်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ဆင်တက်မော်ရွာက ရွာသားတွေ ငါးသွားဖမ်းကြတာ။ လှေ ၃ စီး နဲ့ သွားတာမှာ စစ်ကောင်စီရဲ့ Navy နဲ့ တိုးပြီး အဖမ်းခံလိုက်ရတယ်။ လှေရော လူပါ ဖမ်းသွားတယ်” လို့ ပေါက်တောမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီက ဖမ်းဆီးသွားသူတွေကတော့ ပေါက်တောမြို့နယ်၊ ဆင်တက်မော် (တောတန်း) ရွာ က ဦးဦးမောင်ညွန့်၊ ဦးမောင်ညွန့်၊ ဦးမင်းသန့်ဦး၊ ဦးရှဉ့်ချေ၊ ဦးကျော်သန်း နဲ့ ဆင်တက်မော် (မူဆလင်) ရွာ က မညင်း၊ နူမာ၊ ဆော်မီ၊ ဘမောင်၊ ဘိုချေရာမောက်၊ ရော်ဖီ၊ လှချေ၊ မာရ်မောက်၊ အာဒူခလိုင်၊ မာမောက်ရော်ချိန်း၊ အာဒီဒူ၊ ဆော်ရီ၊ ဒေါ်လာ၊ ဟိုက်ဒူလာမီ၊ အယ်ဘာဒူ၊ အာအိုဖိုက်၊ အီဒီတီ၊ အန်ကမ်လာ တို့ ဖြစ်တယ်လို့ သိရပါတယ်။
ပေါက်တောမြို့နယ် မြေငူကျွန်းအနီး ငါးဖမ်းနေတဲ့ ရေလုပ်သား ၂၃ ဦး ကို ကုလားသိမ်ရွာ တောင်ဖက်ခြမ်း ပင်လယ်ပြင်ကနေလာတဲ့ စစ်ကောင်စီ နေဗီက ဖမ်းဆီးသွားပြီး ကျောက်ဖြူမြို့ဖက်ကို မောင်းနှင်သွားတယ်လို့ သိရပါတယ်။
အပစ်ရပ်ထားတယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ ရက္ခိုင်ပြည်သူတွေကို ဖမ်းဆီးခြင်း၊ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေများကို လေကြောင်းကနေ တိုက်ခိုက်ခြင်း၊ ဒရုန်းများနဲ့ ဗုံးကြဲခြင်းများ ဆက်တိုက်ပြုလုပ်နေပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် ဧပြီလ (၂) ရက် နဲ့ ယင်းနေ့ရက် မတိုင်မီရက်များတွင်လည်း ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ နဲ့ စစ်တွေမြို့ပတ်ဝန်းကျင်ရှိ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်း နဲ့ စစ်သင်္ဘောများပေါ်ကနေ ပစ်ခတ် တိုက်ခိုက်ခြင်းများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေပါတယ်။
1 Comment
заказать кухню рассчитать стоимость zakazat-kuhnyu-4.ru .