ကျောက်တော်ကို ဗုံးကြဲလို့ သေဆုံး ထိခိုက်သူ စာရင်း

အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်တော်မြို့ကို စစ်ကောင်စီက ဒီနေ့ မိုးလင်းဝ ၂ နာရီ နဲ့ ၃ နာရီကြားတွင် ၄ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့လို့ ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်က အသက် ၄၀ အရွယ် ဦးကျော်စိုး (ခ) မောင်ငယ် ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသွားသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်က အရွယ်မရောက်သေးတဲ့ အသက် ၄ နှစ် အရွယ် မောင်အောင်မြတ်ဟိန်း၊ အသက် ၈ နှစ် အရွယ် မောင်ဇော်မျိုးနိုင်၊ အသက် ၉ နှစ် အရွယ် မောင်ဖြိုးမင်းသိန်း၊အသက် ၁၉ နှစ် အရွယ် မချစ်မြတ်ဝေ၊ အသက် ၄၈ နှစ် အရွယ် ဒေါ်အေးရီ၊ အသက် ၃၈ နှစ် အရွယ် ဒေါ်ရွှဇင်၊ အသက် ၄၄ နှစ် အရွယ် ဒေါ်အေးမြရီ၊ အသက် ၄၆ နှစ် အရွယ် ဦးမောင်လှဝင်း၊ အသက် ၃၂ အရွယ် ဒေါ်လှသန္တာ၊ အသက် ၃၉ နှစ် အရွယ် ဦးဇော်ချေ၊ အသက် ၃၂ နှစ် အရွယ် ဒေါ် စုစုမြတ်ဇော်၊ အသက် ၆၇ နှစ် အရွယ် ဒေါ် ဦးခင်နု၊ အသက် ၆၄ နှစ် အရွယ် ဒေါ်အေးကျော့ညွှန့် ၊ မြို့သစ် ရပ်ကွက်က အသက် ၉ နှစ် အရွယ် မောင်ဆန်းကျော်ဝင်း၊ အသက် ၁၂ နှစ် အရွယ် မောင်ခိုင်မြတ်လင်း၊ အသက် ၁၄ နှစ် အရွယ် မခိုင်မြတ်နွယ်၊ အသက် ၄၃ နှစ် အရွယ် ဦးကျော်မိုး၊ အသက် ၅၀ အရွယ် ဦးမောင်သန်းဝင်း၊ အသက် ၄၄ နှစ် အရွယ် ဦးအောင်ထွန်းမြတ် နဲ့ အသက် ၃၈ နှစ် အရွယ် ဦးကျော်မင်းထွန်းတို့ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကျောက်တော်မြို့ကို မိုးလင်းဝ ၂ နာရီ ၃၉ မိနစ်တွင် ရော့ကတ်ဗုံး ၁ လုံး၊ ၂ နာရီ ၄၄ မိနစ်တွင် ပေါင် ၅၀၀ ဗုံး ၁ လုံး၊ ၂ နာရီ ၄၇ မိနစ်တွင် ရော့ကတ်ဗုံး ၄ လုံး နဲ့ ၂ နာရီ ၅၁ မိနစ်တွင် ဗုံး ၇ လုံး စုစုပေါင်း ၁၃ လုံး ကြဲချခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံများကို t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

1 Comment

prodvijenie saitov v moskve_ulea မတ် 12, 2026 - 11:45 မနက်

продвижение веб сайтов москва prodvizhenie-sajtov-v-moskve16.ru .

Add Comment